iOS 16 တွင်ထပ်တိုးလာသည့်အသစ်အဆန်းများ
သော့ပိတ်ထားသည့်ဖန်သားပြင်။ သော့ပိတ်ထားသည့်ဖန်သားပြင်တွင် သင်အကြိုက်ဆုံးဓာတ်ပုံများဖြင့် ကိုယ်ပိုင်ဖန်တီးယူခြင်း၊ စစ်ထုတ်မှုများနှင့် အလွယ်သုံးပုံစံများထည့်ခြင်း အပြင် နေ့စွဲနှင့် အချိန်၏ စာလုံးပုံစံများကိုပင် ပြောင်းလဲနိုင်ပါသည်။ အလွယ်သုံးပုံစံများနှင့် တိုက်ရိုက်လုပ်ဆောင်ချက်များသည် သင်နှစ်သက်သောအက်ပ်များမှ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီဖြစ်နေစေရန်နှင့် အဆင့်မြှင့်တင်မှုများကို လွယ်ကူစွာလက်ခံရရှိစေရန်ပြုလုပ်ပေးသည်။ အကြောင်းကြားချက်များသည် ပိတ်ထားသည့်ဖန်သားပြင်၏အောက်တွင် ပေါ်နိုင်ပြီး မတူညီသောနည်းလမ်းများဖြင့် ကြည့်ရှုနိုင်သည်။ ပိတ်ထားသည့်ဖန်သားပြင်တစ်ခုထက်ပို၍ ဖန်တီးနိုင်ပြီး ၎င်းတို့ကြားတွင် ပြောင်းလဲနိုင်ပါသည်။ စိတ်ကြိုက်ပြုလုပ်ထားသည့် iPhone သော့ပိတ်ထားသည့် ဖန်သားပြင်တစ်ခုဖန်တီးခြင်း ကိုကြည့်ပါ။

အာရုံစိုက်ရာ။ လတ်တလောအချိန်တွင် သင်၏ iPhone ကို အသုံးပြုလိုသည့်ပုံစံနှင့် ကိုက်ညီသော Focus တစ်ခုကို သင်၏ပိတ်ထားသည့်ဖန်သားပြင်တွင် ချိတ်ဆက်ပါ။ Calendar နှင့် Messages ကဲ့သို့သော Apple အက်ပ်များအပြင် ကြားခံ‑အက်ပ်များမှ အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရာများကို ဖုံးကွယ်ရန် သင်၏ Focus စစ်ထုတ်မှုများကို တိုးမြှင့်ပါ။ သင်၏ သော့ပိတ်ထားသည့် ဖန်သားပြင်တွင် Focus တစ်ခုကို ချိတ်ဆက်ခြင်းနှင့်Focus စစ်ထုတ်မှုများထည့်ခြင်း ကိုကြည့်ပါ။

iCloud Shared Photo Library။ (iOS 16.1) iCloud Shared Photo Library ကို အသုံးပြု၍ ဓာတ်ပုံနှင့် ဗီဒီယိုစုဆောင်းမှုများကို အခြားမိသားစုဝင်ငါးယောက်နှင့် မျှဝေနိုင်သည်။ ပါဝင်သူများသည် Shared Library သို့ ဓါတ်ပုံများကို ၎င်းတို့၏ Personal Library မှ၊ Camera မှတိုက်ရိုက် သို့မဟုတ် Shared Library မှ အခြားအဖွဲ့ဝင်များ အနီးအနားတွင် ရှိနေစဉ်တို့တွင် ဓါတ်ပုံများကိုထည့်နိုင်သည်။ iCloud Shared Photo Library ကိုစီမံခြင်း သို့မဟုတ် ဝင်ခြင်းကိုကြည့်ပါ။

Freeform။ (iOS 16.2) Freeform သည် သင့်စိတ်ကူးများကို အသက်ဝင်စေမည့် ပြုပြင်ရလွယ်သည့်ပန်းချီဆွဲစက္ကူတစ်ခုပါရှိသော တီထွင်မှုအက်ပ်အသစ်တစ်ခုဖြစ်သည်။ အသွင်အပြင်များ သို့မဟုတ် စာမျက်နှာအရွယ်အစားများကို စိတ်ပူစရာမလိုဘဲ Freeform ဘုတ်ပြားများပေါ်တွင် မိမိဦးနှောက်ကိုအလုပ်ပေးဖန်တီးနိုင်ပြီး ပူးပေါင်းပါဝင်သူများသည်လည်း သူတို့၏ အကြောင်းအရာများနှင့် ပြုပြင်တည်းဖြတ်မှုများကို အမှန်တကယ်လုပ်ဆောင်နိုင်ခြင်းကြောင့် ၎င်းတို့၏ အမြင်သဘောထားလက်ရာများကိုလည်း ကြည့်ရှုနိုင်သည်။ iPhone တွင် Freeform ကို စတင်အသုံးပြုခြင်း ကိုကြည့်ပါ။

မက်ဆေ့ခ်ျများ။ သင်ပို့လိုက်သော မက်ဆေ့ချ်ကို ပြန်ပြင်ခြင်း သို့မဟုတ် ပြန်ဖျက်ခြင်း ပြုလုပ်ပါ၊ သို့မဟုတ် ၎င်းကို နောက်မှပြန်ပြုလုပ်လိုပါက မက်ဆေ့ချ်ကို မဖတ်ရသေးကြောင်း အမှတ်အသားပြုလုပ်ပါ။ Messages ထဲတွင် သင်မျှဝေထားသော မှတ်စုများ၊ သတိပေးချက်များနှင့် အခြားဖိုင်များကို ပူးတွဲထားနိုင်သည်။ သင်အကြိုက်ဆုံးရှိုး၏နောက်ဆုံးထွက်အပိုင်းကိုကြည့်ရှုနေစဉ် သို့မဟုတ် သီချင်းအသစ်တစ်ပုဒ်ကိုနားထောင်နေစဉ် သူငယ်ချင်းများနှင့်စကားပြောရန် Messages ရှိ SharePlay ကိုသုံးပါ။ မက်ဆေ့ချ်များကို ပြန်ပြင်ခြင်း သို့မဟုတ် ပေးပို့ခြင်းကို ရုပ်သိမ်ခြင်း၊ Messages ဖြင့် လုပ်ငန်းများကို ပူးပေါင်းပါ နှင့် SharePlay ကိုအသုံးပြု၍ အကြောင်းအရာများကို အတူတကွခံစားခြင်းကိုကြည့်ပါ။

Mail။ သင်ပို့လိုက်သော အီးမေးလ်အား ပေးပို့ခြင်းကို ရုပ်သိမ်းခြင်း၊ အီးမေးလ်များကို သတ်မှတ်ထားချိန်များတွင် ပေးပို့ရန် အချိန်ဇယားဆွဲခြင်းနှင့် အီးမေးလ်တစ်စောင်အား နောက်ဆက်တွဲဆက်လက်ပြုလုပ်ရန် သို့မဟုတ် နောက်မှပြန်လာနိုင်ရန် သတိပေးချက်များ ရယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Mail ရှာဖွေမှုရလဒ်များသည် ပိုမိုတိကျလာပြီး စာမရိုက်မီ အကြံပြုချက်များပေးမည်ဖြစ်သည်။ Mail တွင် Undo send ဖြင့် အီးမေးလ်ကို မပို့တော့ခြင်း၊ Send later ဖြင့် အီးမေးလ်တစ်ခုကို အချိန်ဇယားဆွဲပါ။ နှင့် နောက်မှ ပြန်လည်အီးမေးလ်ပို့ရန် Remind Me ကိုအသုံးပြုခြင်း။

မြေပုံများ။ သင်မောင်းနှင်ရာလမ်းကြောင်းတစ်လျှောက်တွင် ရပ်နားရန်နေရာများစွာထည့်နိုင်မည်ဖြစ်သည်။ သင်၏အကူးအပြောင်းကတ်များကို ထည့်သွင်းထပ်ဖြည့်ပြီး သင့်ခရီးစဉ်၏ စုစုပေါင်းကုန်ကျစရိတ်ကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ Maps တွင် သင်၏လမ်းကြောင်းတစ်လျှောက်ရှိ ရပ်နားရန်နေရာများကို ရှာဖွေရန် နှင့် သင့် iPhone ဖြင့် အကူးအပြောင်းခပေးချေခြင်း ကိုကြည့်ပါ။

Safari။ Tab Groups များ မျှဝေခြင်း၊ မက်ဆေ့ချ်များပို့ခြင်းနှင့် FaceTime ခေါ်ဆိုမှုများ ခေါ်ဆိုခြင်းများကို Safari မှလုပ်ဆောင်နိုင်မည်ဖြစ်သည်။ Safari တွင် Tab Groups များကို မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုကြည့်ပါ။
Visual Look Up။ နောက်ခံကို ဖယ်ရှားသည့်နည်းဖြင့် အရာတတ္ထုကို ဓာတ်ပုံ သို့မဟုတ် ရုပ်ပုံ၏ နောက်ခံမှ ရွှေ့လိုက်ပြီး၊ အရာဝတ္ထုကို မတူညီသော စာရွက်စာတမ်းတစ်ခုသို့ ကူးယူခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံနောက်ခံမှ အကြောင်းအရာတစ်ခုကို ရွှေ့ခြင်းကိုကြည့်ပါ။
Live Text။ ယခုအခါ ဗီဒီယိုများတွင် ရရှိနိုင်ပြီဖြစ်သည်—စာသားကိုကူးယူရန်၊ ဘာသာပြန်ရန်၊ ရှာဖွေရန်၊ မျှဝေရန်နှင့် အခြားအရာများပြုလုပ်ရန် ဗီဒီယိုတစ်ခု၏ စာသားပါရှိသော မည်သည့်ရိုက်ကွက်ကိုမဆို ခေတ္တရပ်၍ ပြုလုပ်နိုင်မည်ဖြစ်သည်။ အမြန်လုပ်ဆောင်ချက်များသည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် Camera တွင်တွေ့ရသော စာသားများနှင့် အပြန်အလှန်တုံ့ပြန်ရာတွင် ပိုမိုလွယ်ကူစေရန် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရှိ အကြောင်းအရာများနှင့် အပြန်အလှန်တုံ့ပြန်ရန် Live Text ကို အသုံးပြုခြင်းကိုကြည့်ပါ။

Wallet။ အက်ပ်များနှင့် ဝက်ဘ်စာမျက်နှာပေါ်ရှိ ကုန်သည်များထံမှ Apple Pay ဖြင့်ဝယ်ယူထားမှုများကို ခြေရာခံပြီး သင်၏သက်သေခံအချက်အလက်ကို မှန်ကန်ကြောင်းအတည်ပြုရန် အက်ပ်များတွင် သင့် ID ကို ပြသပါ။ အက်ပ်များ၊ App Clips နှင့် Safari တို့တွင် Apple Pay ကိုအသုံးပြုခြင်း နှင့် သင်၏ လိုင်စင် သို့မဟုတ် ID ကို အက်ပ်တစ်ခုတွင် မျှဝေခြင်း ကိုကြည့်ပါ။
Health။ Medications လုပ်ဆောင်ချက်ကို အသုံးပြုပြီး သောက်သုံးနေသောဆေးဝါးများ၊ ဗီတာမင်များနှင့် ဖြည့်စွက်စာများကို စီမံနိုင်မည်ဖြစ်သည်။ သင်၏ချစ်ရသူများကိုလည်း ၎င်းတို့၏ Health အက်ပ်အချက်အလက်များကို သင်နှင့် လုံခြုံစွာမျှဝေရန် ဖိတ်ကြားနိုင်မည်ဖြစ်သည်။ Health တွင် သင်သောက်သုံးနေသောဆေးဝါးများကို ခြေရာကောက်ခြင်း နှင့် ၎င်း၏ကျန်းမာရေးအချက်အလက်ကို သင်နှင့်မျှဝေရန် အခြားတစ်ယောက်ကိုမေးခြင်း ကိုကြည့်ပါ။
ကိုယ်ခန္ဓာကြံ့ခိုင်ရေး။ သင့်တွင် Apple Watch တစ်ခုမရှိပါက Fitness အက်ပ်ဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးရည်မှန်းချက်များ သတ်မှတ်ရန်နှင့် ကိုက်ညီစေရန် အကူအညီရယူနိုင်ပါသည်။ သင်၏နေ့စဉ်လှုပ်ရှားမှုရည်မှန်းချက်ကို အထောက်အကူပြုနိုင်ရန် ကယ်လိုရီခန့်မှန်းချက်ကို ပေးရန်အတွက် သင်၏ခြေလှမ်းများ၊ အကွာအဝေးနှင့် လေ့ကျင့်ခန်းများကို ခြေရာခံပါသည်။ ဗီဒီယိုနှင့် အသံလေ့ကျင့်ခန်းများနှင့် လမ်းညွှန်မှုပေးထားသော တရားထိုင်ခြင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ရန် Apple Fitness+ ကို စာရင်းသွင်းမှတ်ပုံတင်ပါ (iOS 16.1)။ Fitness တွင် နေ့စဉ်လှုပ်ရှားမှုကို ခြေရာခံခြင်း နှင့် Apple Fitness+ ကိုစာရင်းသွင်းမှတ်ပုံတင်ခြင်းကိုကြည့်ပါ။
Home။ ပြန်လည်ရေးဆွဲထားသော Home အက်ပ်သည် သင်၏ဆက်စပ်ပစ္စည်းများအားလုံးကို လမ်းညွှန်ရန်၊ စုစည်းရန်၊ ကြည့်ရှုရန်နှင့် ထိန်းချုပ်ရန်တို့တွင် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ မီးများ၊ ရာသီဥတု၊ လုံခြုံရေး၊ စပီကာများ၊ တီဗီများနှင့် ရေတို့အတွက် အမျိုးအစားများသည် သင့်အား ပိုမိုအသေးစိတ်သော အခြေအနေအချက်အလက်များအပြင် အခန်းအလိုက် စီစဉ်ပေးထားသော သက်ဆိုင်ရာဆက်စပ်ပစ္စည်းများကို လျင်မြန်စွာ ထိန်းချုပ်နိုင်စေပါသည်။ Home နှင့် ထိန်းချုပ်မှုဆက်စပ်ပစ္စည်းများကိုကြည့်ပါ။

Family Sharing။ သင်၏ iPhone ကို အသုံးပြု၍ သင့်ကလေးအတွက် ကိရိယာအသစ်တွင် မိဘထိန်းချုပ်မှုများနှင့် မီဒီယာကန့်သတ်ချက်များအတွက် အသက်အရွယ်နှင့်သင့်လျော်သော အကြံပြုချက်များကို စနစ်ထည့်သွင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Messages အက်ပ်တွင် သင့်ကလေး၏ ဖန်သားပြင်ကိုကြည့်သည့်ကြာချိန် တောင်းဆိုမှုများကို လက်ခံပြီး အတည်ပြုနိုင်မည်ဖြစ်သည်။ Family Sharing ဖြင့် ကလေးတစ်ဦးအတွက် စက်ပစ္စည်းတစ်ခုကို စီမံခြင်း နှင့် Family Sharing ဖြင့် မိဘထိန်းချုပ်မှုများကို စီမံခြင်းကိုကြည့်ပါ။

သီးသန့်တည်ရှိမှုနှင့်လုံခြုံရေး။ Safety Check ကိုအသုံးပြု၍ သင်အခြားသူများပေးထားသော ဝင်ရောက်ကြည့်ရှုခွင့်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည်သတ်မှတ်ခြင်း၊ အက်ပ်များအတွက် သီးသန့်တည်ရှိမှုဆိုင်ရာခွင့်ပြုချက်များကို ပြန်လည်သတ်မှတ်ခြင်းနှင့် လက်ရှိစက်ပစ္စည်းတွင် Messages နှင့် FaceTime အသုံးပြုမှုကို ကန့်သတ်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Photos အက်ပ်ရှိ Hidden နှင့် Recently Deleted အယ်လ်ဘမ်များကို ပုံသေအားဖြင့် သော့ခတ်ထားမည်ဖြစ်ပြီး သင့် iPhone အထောက်အထားအတည်ပြုနည်းလမ်းကိုအသုံးပြု၍ဖွင့်နိုင်မည်ဖြစ်သည်။ Safety Check ဖြင့် အချက်အလက်မျှဝေခြင်းကို စီမံခြင်း နှင့်ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဖျက်သိမ်းခြင်းနှင့် ဝှက်ခြင်းတို့ကိုကြည့်ပါ။

အသုံးပြုရလွယ်ကူခြင်း။ တံခါး၏တည်နေရာကို ရှာဖွေပြီး အကွာအဝေး ပေ မည်မျှရှိသည်ကို လမ်းညွှန်ဖော်ပြပေးခြင်း၊ ၎င်းသည် မည်မျှဝေးသည်ကို ခွဲခြားသတ်မှတ်ပေးခြင်းနှင့် ၎င်းကို မည်သို့ဖွင့်ရမည် စသည်တို့ကို Door Detection ကို အသုံးပြု၍ ပြုလုပ်နိုင်မည်ဖြစ်သည်။ စကားပြောဆိုမှုများနှင့် မီဒီယာများတွင် ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်စေရန် အသံများကို စာသားအဖြစ် အချိန်နှင့်တစ်ပြေးညီ ပြောင်းပေးခြင်း၊ iPhone ရှိ အထောက်အကူပြု လုပ်ဆောင်ချက်များကို အသုံးပြု၍ သင်၏ Apple Watch ကို ထိန်းချုပ်ရန်အစရှိသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ Magnifier ကို အသုံးပြု၍ သင့်ပတ်ဝန်းကျင်ရှိ တံခါးများကို ထောက်လှမ်းရှာဖွေခြင်း နှင့် စာတန်းထိုးများနှင့် ခေါင်းစီးများကို ပြသခြင်းကိုကြည့်ပါ။

ဓာတ်ပုံများ။ သင်ဓာတ်ပုံတစ်ပုံတွင် ပြုလုပ်ထားသည့် တည်းဖြတ်ပြင်ဆင်မှုများကို ကူးယူပြီး အခြားဓာတ်ပုံတစ်ပုံ သို့မဟုတ် ဓာတ်ပုံများစွာတွင် ကူးယူထည့်သွင်းခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ပုံတူထပ်နေသည်များကိုရှာဖွေခြင်းကို အသုံးပြု၍ ဖိုင်စုစည်းမှုကို အမြန်ရှင်းလင်းခြင်း၊ သင်၏ People အယ်လ်ဘမ်ရှိ လူများကို အက္ခရာစဉ်အလိုက်စီခြင်း၊ တည်းဖြတ်ပြင်ဆင်မှုများအား ပယ်ဖျက်ခြင်းနှင့် ပြန်လုပ်ခြင်းအစရှိသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ဓါတ်ပုံနှင့် ဗီဒီယိုများကို တည်းဖြတ်ပြင်ဆင်ခြင်း၊ ပွားထားသော ဓာတ်ပုံနှင့် ဗီဒီယိုများကို ပေါင်းခြင်း နှင့် Photos ရှိ လူများကို ရှာဖွေပြီး ခွဲခြားသတ်မှတ်ခြင်းကိုကြည့်ပါ။
မှတ်စုများ။ သင့် iPhone ရှိ မည်သည့်အက်ပ်တွင်မဆို Quick Note တစ်ခုမှတ်ယူနိုင်ခြင်းး၊ သင့်ကိရိယာ၏လျှို့ဝှက်နံပါတ်ဖြင့် မှတ်စုကို သော့ခတ်နိုင်ခြင်းနှင့် မှတ်စုများကို ဖန်တီးခဲ့သောရက်စွဲ၊ တွဲဆက်ပါရှိသည့်ဖိုင်များ၊ အမည်စာရင်းများနှင့် အခြားအရာများအပေါ် အခြေခံ၍ Smart Folder တစ်ခုတွင် စစ်ထုတ်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ မည်သည့်နေရာတွင်မဆို Quick Notes များ ဖန်တီးခြင်း၊ မှတ်စုများကို သော့ခတ်ခြင်း နှင့် Smart Folders အသုံးပြု၍ မှတ်စုများကိုစုစည်းခြင်းကိုကြည့်ပါ။

သတိပေးချက်များ။ ထုပ်ပိုးခြင်းနှင့် စားသောက်ကုန်ဝယ်ယူရန်စာရင်းများကဲ့သို့ နေ့စဉ်လုပ်ဆောင်မှုများအတွက် စာရင်းများကို သိမ်းဆည်းခြင်း၊ ဖန်တီးခြင်း သို့မဟုတ် ပုံစံကွက်များအဖြစ် မျှဝေခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ အလွယ်တကူဝင်ရောက်နိုင်ရန် စာရင်းထိပ်တွင် ပုံသေထားရှိနိုင်မည်ဖြစ်ပြီး အခြားစာရင်းများနှင့် ပေါင်းနိုင်မည်ဖြစ်သည်။ Reminders ရှိ ပုံစံကွက်များဖြင့် အလုပ်လုပ်ခြင်း၊ အလွယ်တကူဝင်ရောက်နိုင်ရန် စာရင်းတစ်ခုကို ထိပ်တွင်တွဲချိတ်ခြင်း နှင့် Reminders တွင် စာရင်းများကိုမျှဝေခြင်းနှင့် ပေါင်းခြင်း ကိုကြည့်ပါ။
စတော့များ။ သင်မလွတ်တမ်းကြည့်ထားသည့် စတော့များကို စောင့်ကြည့်စာရင်းများထဲသို့ စီစဥ်ခြင်းနှင့် အနာဂတ်ဝင်ငွေအစီရင်ခံစာများကို ခြေရာကောက်ထားခြင်း။ Stocks ရှိ စောင့်ကြည့်စာရင်းများစွာကို စီမံခြင်း နှင့် Stocks ရှိ သင်၏ ပြက္ခဒိန်တွင် ၀င်ငွေအစီရင်ခံစာများကို ထည့်သွင်းခြင်းကိုကြည့်ပါ။

သတင်း။ My Sports ဖြင့် Apple News ရှိ အသင်းများ၊ အားကစားအသင်းများနှင့် အားကစားသမားများနှင့်ပတ်သက်သော သတင်းများအားလုံးကို ရယူသိရှိနိုင်မည်ဖြစ်သည်။ My Sports ဖြင့် သင်နှစ်သက်သည့် အသင်းများကိုရွေးချယ်ခြင်းကိုကြည့်ပါ။
Memoji။ Memoji စတစ်ကာအသစ်များနှင့် နှာခေါင်းပုံသဏ္ဍာန်များ၊ ခေါင်းဆောင်းစရာနှင့် ပိုမိုသဘာဝကျသော ဆံသားပုံစံများနှင့် ဆံပင်ကောက်ကြောင်းပုံစံများကို ပုံဖော်ပြသသည့် ဆံပင်ပုံစံများကဲ့သို့သော စိတ်ကြိုက်ပြင်ဆင်နိုင်သော ရွေးချယ်မှုများဖြင့် သင့်ကိုယ်သင် ဖော်ပြနိုင်မည်ဖြစ်သည်။ Messages တွင် Memoji အသုံးပြုခြင်း ကိုကြည့်ပါ။
ဘာသာပြန်ခြင်း။ Translate အက်ပ်တွင် ကင်မရာကို အသုံးပြု၍ သင်၏အနီးအနားရှိ စာသားများကို ဘာသာပြန်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံတစ်ပုံရှိ စာသားပေါ်တွင် ထပ်ပြီးရှိနေသော ဘာသာပြန်ချက်များကို ဖတ်ခြင်း ပိုမိုနီးကပ်စွာကြည့်ရှုရန် သို့မဟုတ် သင်၏ Photos စုစည်းမှုရှိ ဓာတ်ပုံများမှ စာသားကို ဘာသာပြန်ခြင်းများ ပြုလုပ်နိုင်ပါသည်။ Translate တွင် ကင်မရာမြင်ကွင်းဖြင့် စာကို ဘာသာပြန်ခြင်းကိုကြည့်ပါ။
ရာသီဥတု။ လေထုအရည်အသွေး၊ စိုထိုင်းဆနှင့် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကဲ့သို့သော အသေးစိတ်ခန့်မှန်းရာသီဥတုအခြေအနေများကို ပိုမိုရယူနိုင်မည်ဖြစ်သည်။ ရှေ့လာမည့် 10 ရက်အတွက် နာရီအလိုက် ခန့်မှန်းချက်များကို ကြည့်ရှုခြင်း၊ အစိုးရမှထုတ်ပြန်ထားသည့် ပြင်းထန်သော ရာသီဥတုအခြေအနေ သတိပေးချက်များအစရှိသည်တို့ကို လက်ခံရရှိခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ရာသီဥတုကိုစစ်ဆေးခြင်းကိုကြည့်ပါ။

iOS 16 အတွက်လှည့်ကွက်များကိုလေ့လာခြင်း Tips အက်ပ်သည်အကြံပြုချက်အသစ်များကို မကြာခဏဖြည့်ပေးသောကြောင့်သင်၏ iPhone မှအများဆုံးရရှိနိုင်သည်။ အကြံပြုချက်များရယူခြင်း ကို ကြည်ပါ။
မှတ်စု အင်္ဂါရပ်အသစ်များနှင့်အက်ပ်စ်များသည် သင့် iPhone အမျိုးအစား၊ ဒေသ၊ ဘာသာစကားနှင့်သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။