iPhone တွင် Screen Time ကို စီမံလုပ်ဆောင်ခြင်း
သင်သည် ဖန်သားပြင်ကို မကြည့်မည့်အချိန် အက်ပ်အသုံးပြုခြင်းကို ကန့်သတ်သည့်အချိန်အစရှိသဖြင့် သတ်မှတ်ထားနိုင်သည်။
ဖန်သားပြင်နှင့် ကင်းကွာစေရန် အချိန်သတ်မှတ်ခြင်း
သင့်ဖုန်းနှင့် ခပ်ဝေးဝေးတွင်နေချင်သည့်အချိန်ကာလများအတွက် အက်ပ်များနှင့် အကြောင်းကြားချက်များကို ပိတ်ဆို့ထားပါ။ ဥပမာ ထမင်းစားချိန် သို့မဟုတ် အိပ်ရာဝင်ချိန်အတွင်း အနားယူချိန်ကို စီမံသတ်မှတ်ရန် လိုလာနိုင်သည်။
အနားယူချိန်အတွင်း သင်ခွင့်ပြုရန်ရွေးချယ်ထားသည့် ဖုန်းခေါ်ခြင်းများ၊ မက်ဆေ့များနှင့် အက်ပ်များကိုသာ လက်ခံရရှိနိုင်သည်။ အနားယူချိန်အတွင်း ဆက်သွယ်မှုများကို ခွင့်ပြုရန် သင်ရွေးချယ်ထားသည့် အဆက်အသွယ်များထံမှသာ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိနိုင်ပြီး အချိန်မရွေး ခွင့်ပြုထားသည့်အက်ပ်များကို အသုံးပြုနိုင်သည်။
Settings
> Screen Time ကိုသွားပါ။
App & Website Activity ကိုနှိပ်ပါ၊ ထို့နောက် App & Website Activity ကို မဖွင့်ရသေးပါက ဖွင့်ပါ။
Downtime ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက် တစ်ခုကို လုပ်ပါ၊
Turn On Downtime Until Tomorrow ကိုနှိပ်ပါ။
အနားယူချိန်ကို ကြိုတင်စီစဉ်ရန် Scheduled ကိုဖွင့်ပါ။
အနားယူချိန်ကို စီစဉ်သည့်အခါ အနားယူချိန် မစတင်မီ 5-မိနစ် သတိပေးချက်ကို ပေးပို့သည်။ သတိပေးချက်ကို လျစ်လျူရှုနိုင်သည် သို့မဟုတ် စီစဉ်ထားသည့် အနားယူချိန်မစတင်မချင်း အနားယူချိန်ကို ဖွင့်နိုင်သည်။
Every Day သို့မဟုတ် Customize Days ကိုရွေးပါ၊ ပြီးလျှင် စချိန်နှင့်ဆုံးချိန်များကို စီမံသတ်မှတ်ပါ။
Scheduled ကိုပိတ်ခြင်းဖြင့် Downtime စီစဉ်မှုကို အချိန်မရွေး ပိတ်နိုင်သည်။
အက်ပ်အသုံးပြုမှုအတွက် ကန့်သတ်ချက်များသတ်မှတ်ခြင်း
အက်ပ်အမျိုးအစားများစွာ (ဥပမာ Games သို့မဟုတ် Social Networking) နှင့် သီးခြားအက်ပ်များအတွက် အချိန်ကန့်သတ်ချက်သတ်မှတ်ပါ။
Settings
> Screen Time ကိုသွားပါ။
App Limits ကိုနှိပ်ပါ၊ ထို့နောက် Add Limit ကိုနှိပ်ပါ။
အက်ပ်တစ်ခု သို့မဟုတ် ပိုသည့်အမျိုးအစားကိုရွေးပါ။
သီးခြားအက်ပ်များအတွက် ကန့်သတ်ချက်ထားပေးရန် ၎င်းအမျိုးအစားအတွင်းရှိ အက်ပ်များအားလုံးကိုမြင်ရစေရန် အမျိုးအစားအမည်ကိုနှိပ်ပါ၊ ပြီးလျှင် သင်ကန့်သတ်လိုသည့်အက်ပ်များကိုရွေးချယ်ပါ။ အမျိုးအစား သို့မဟုတ် အက်ပ် အများအပြားကိုရွေးချယ်ထားလျှင် သင်ထားရှိသည့် အချိန်ကန့်သတ်ချက်က ၎င်းတို့အားလုံးကိုသက်ရောက်မည်ဖြစ်သည်။
ညာဘက်ထိပ်ဆုံးရှိ Next ကိုနှိပ်ကာ အက်ပ်အသုံးပြုမှုအတွက် ခွင့်ပြုထားသည့် အချိန်ပမာဏကိုသတ်မှတ်ပါ။
တစ်ရက်စီအတွက်အချိန်ပမာဏသတ်မှတ်လိုသည့်အခါ၊ Customize Days ကိုနှိပ်၍သတ်မှတ်ရက်များအတွက်ကန့်သတ်မှုပြုလုပ်ပါ။
ကန့်သတ်ချက်များသတ်မှတ်ခြင်း ပြီးစီးသည့်အခါ Add ကိုနှိပ်ပါ။
အမြဲတမ်း သင်ခွင့်ပြုမည့် အက်ပ်များနှင့်အဆက်အသွယ်များကိုရွေးချယ်ခြင်း
အနားယူချိန်အပါအဝင် (ဥပမာ- အရေးပေါ်ဖြစ်စဉ်ဖြစ်ပွားနေစဉ်)—အချိန်တိုင်းအသုံးပြုခွင့်ရနိုင်သော အက်ပ်များကို သတ်သတ်မှတ်မှတ်ရွေးချယ်ပြီး အချိန်တိုင်းအပြန်အလှန် ပြောဆိုခွင့်ရသော အဆက်အသွယ်များကို သတ်သတ်မှတ်မှတ်ရွေးချယ်ပါ။
Settings
> Screen Time > Always Allowed ကိုသွားပါ။
Allowed Apps အောက်တွင် Allowed Apps စာရင်းမှ အက်ပ်တစ်ခုကို ပေါင်းထည့်ရန် သို့မဟုတ် ဖယ်ရှားရန်အတွက် ၎င်းအက်ပ်ဘေးရှိ
သို့မဟုတ်
ကိုနှိပ်ပါ။
အဆက်အသွယ်များကိုရွေးချယ်ပြီး အပြန်အလှန်ပြောဆိုခွင့်ပြုရန် Contacts ကိုနှိပ်ပါ။
Communication Limits သင်ရွေးချယ်ထားသော ရွေးချယ်မှုသည် ယခုနေရာတွင်ပေါ်နေမည်။ ထိုချိန်ညှိမှုကို Specific Contacts သို့ပြောင်းနိုင်သည်၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပါ၊
From My Contacts ကိုရွေးချယ်ခြင်း၊ အပြန်အလှန်ပြောဆိုခွင့်ပြုမည့် လူများကို သတ်သတ်မှတ်မှတ်ရွေးချယ်ပါ။
New Contact ထည့်သွင်းခြင်း၊ အဆက်အသွယ်သစ်တစ်ခုကို ထည့်သွင်း၍ ထိုပုဂ္ဂိုလ်ကို အပြန်အလှန်စကားပြောဆိုခွင့်ပြုပါ။
ဘယ်ဘက်ထိပ်ရှိ
ကိုနှိပ်ပါ။