iPhone ရှိ Freeform ဘုတ်ပြားတစ်ခုတွင် အမျိုးအစားများကို နေရာချခြင်း
Freeform ဘုတ်ပြားပေါ်ရှိ အရာများကို ရွှေ့ခြင်း၊ လှည့်ခြင်း သို့မဟုတ် အရွယ်အစား ပြန်ချိန်ခြင်း ပြုလုပ်နိုင်သည်။ ၎င်းတို့ကို နေရာချိန်ခြင်း၊ ညီမျှစွာ ဖြန့်ဖြူးခြင်း သို့မဟုတ် အုပ်စုဖွဲ့ခြင်းများ ပြုလုပ်နိုင်ပြီး ၎င်းတို့ကို နောက်ခံ သို့မဟုတ် ရှေ့မျက်နှာစာသို့ ပို့ခြင်းများ ပြုလုပ်နိုင်သည်။ အမျိုးအစားများကို နေရာချရန် နှင့် အမျိုးအစားများတွင် နောက်ထပ်ပြောင်းလဲမှုများမဖြစ်စေရန် သော့ခတ်ခြင်းများတွင် အထောက်အကူဖြစ်စေရန် အကွက်တစ်ခု သို့မဟုတ် လမ်းညွှန်များကို ဖွင့်နိုင်သည်။
အမျိုးအစားတစ်ခုကို ရွှေ့ခြင်း၊ လှည့်ခြင်း သို့မဟုတ် အရွယ်အစား ပြန်ချိန်ခြင်း
သင့် iPhone ရှိ Freeform အက်ပ်
ကိုသွားပါ။
ဘုတ်ပြားတစ်ခုကို ဖွင့်ပါ၊ ၎င်းကို နှိပ်ခြင်းဖြင့် သင်နေရာချလိုသော အမျိုးအစားတစ်ခုကို ရွေးချယ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊
၎င်းကို နေရာပြန်ချခြင်း၊ အမျိုးအစား၏ အလယ်မှ ဖိဆွဲပါ။
၎င်းကို တဖြောင့်တည်းဖြစ်နေစေရန် ရွှေ့ခြင်း၊ အမျိုးအစားတစ်ခု၏ အလျားလိုက်၊ ဒေါင်လိုက် သို့မဟုတ် ထောင့်ဖြတ်ရွေ့လျားမှုကို ကန့်သတ်ရန် လက်တစ်ချောင်းဖြင့် ထိုအမျိုုးအစားကို ဖိဆွဲလာစဉ် အခြား လက်တစ်ချောင်းဖြင့် ဘုတ်ပေါ်ရှိ မည်သည့်နေရာကိုမဆို ထိ၍ထိန်းထားပါ။
၎င်းကို လှည့်ခြင်း၊ အမျိုးအစားပေါ်တွင် လက်ချောင်းနှစ်ချောင်းကို တင်ထားပါ၊ ထို့နောက် ၎င်းကို သင် လှည့်လိုသောလမ်းကြောင်းအတိုင်း သင်၏လက်ကို လှည့်ပါ။
၎င်းကို နောက်ခံ သို့မဟုတ် ရှေ့မျက်နှာစာတွင် ထားခြင်း၊
ကိုနှိပ်ပါ၊ ထို့နောက် Back သို့မဟုတ် Front ကိုနှိပ်ပါ။
၎င်းကို အရွယ်အစား ပြန်ချိန်ခြင်း၊ အပြာရောင်အစက်တစ်ခုကို ဖိဆွဲပါ။
စာသားအကွက်များတွင် အကွက် နှင့် ၎င်းအတွင်းရှိ စာသားနှစ်ခုလုံးကို အရွယ်အစား ပြန်ချိန်ရန် အစိမ်းရောင်အစက်တစ်ခုကို ဖိဆွဲပါ။
အခြားအမျိုးအစားတစ်ခု၏အရွယ်အစားနှင့်ညီစေရန် ပြုလုပ်ခြင်း၊ အရွယ်အစား စတင်ပြန်ချိန်ပါ၊ ထို့နောက် သင် ကိုက်ညီစေလိုသည့်အရာကို ဒုတိယလက်ချောင်းဖြင့် ထိ၍ ထိန်းထားပါ။ Match Size စာလုံးများ ပေါ်လာပါက သင်၏ လက်ချောင်းများအားလုံးကို တစ်ပြိုင်နက် ကြွလိုက်ပါ။
ဘုတ်ပြားပေါ်ရှိ အမျိုးအစားများစွာကို ရွေးချယ်ခြင်း၊ တည့်မတ်ခြင်းနှင့် အုပ်စုဖွဲ့ခြင်း
Freeform ဘုတ်ပြားတစ်ခုသို့ အမျိုးအစားများထည့်ပြီးလျှင် တစ်ခုနှင့်တစ်ခုသက်ဆိုင်သော အမျိုးအစားအများအပြားကို ရွေးချယ်ကာနေရာချိန်နိုင်သည်။ များစွာသော အမျိုးအစားများကို အုပ်စုဖွဲ့ပြီး ယူနစ်တစ်ခုအဖြစ် ပိုမိုလွယ်ကူစွာ နေရာရွှေ့ခြင်း၊ လှည့်ခြင်း သို့မဟုတ် အရွယ်အစား ပြန်ချိန်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။
![ဓါတ်ပုံအကွက်များဖြင့် ဖြည့်ထားသော Freeform ဘုတ်ပြားတစ်ခု။ ဓာတ်ပုံအများအပြားကိုရွေးချယ်ထားသည်၊ ထို့အပြင်နေရာချိန်ခြင်းနှင့် အုပ်စုဖွဲ့ကိရိယာများသည် ၎င်းတို့အပေါ်တွင်ပေါ်သည်။](https://help.apple.com/assets/67104C956810595555038D9A/67104C9D2EEB5C79B1030278/my_MM/5cc6a64a1e4a3b796249938e0cea6be1.png)
သင့် iPhone ရှိ Freeform အက်ပ်
ကိုသွားပါ။
ဘုတ်ပြားတစ်ခုကို ဖွင့်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုခုကို ပြုလုပ်ပြီး အမျိုးအစားတစ်မျိုးထက်မက ရွေးချယ်ပါ၊
သင်၏ ဘုတ်ပြားပေါ်ရှိ အမျိုးအစားတစ်ခုကို ထိပြီး ထိန်းထားပါ၊ ထို့နောက် အခြား လက်ချောင်းတစ်ခုဖြင့် အခြားအမျိုးအစားများကိုနှိပ်ပါ။
ပန်းချီဆွဲစက္ကူကို ထိပြီး ထိန်းထားပါ၊ ထို့နောက် သင်ရွေးချယ်လိုသော အမျိုးအစားများအနီးတွင် ပေါ်လာသောအကွက်ကို ဖိဆွဲပါ။
ပန်းချီဆွဲစက္ကူပေါ်ရှိ နေရာလပ်တစ်ခုကို နှိပ်ပါ၊ ထို့နောက် Select Objects ကိုနှိပ်ပါ။ သင် ရွေးချယ်လိုသော အမျိုးအစားတစ်ခုစီကို နှိပ်ပါ။ သင် အမျိုးအစားကို မရွေးချယ်လိုပါက ၎င်းကို ပြန်နှိပ်ပါ။
ရွေးချယ်ထားသော အမျိုးအစားများကို နေရာရွှေ့ခြင်း၊ လှည့်ခြင်း သို့မဟုတ် အရွယ်အစား ပြန်ချိန်ခြင်း ပြုလုပ်ပါ၊ သို့မဟုတ်
ကိုနှိပ်ပါ၊ ထို့နောက် နေရာချိန်ခြင်း ရွေးချယ်စရာတစ်ခု သို့မဟုတ် Group ကိုနှိပ်ပါ။
အချို့အမျိုးအစားများ—3D အရာဝတ္ထုများကဲ့သို့—ကို အုပ်စုဖွဲ့၍ မရနိုင်ပါ။
အမျိုးအစားတစ်ခုကို ဘုတ်ပြားတစ်ခုအပေါ်တွင် မရွေ့အောင်ထိန်းချုပ်ခြင်း
Freeform သို့ အမျိုးအစားတစ်ခုကို ထည့်ပြီးလျှင် ၎င်းအားအမှတ်တမဲ့နေရာရွှေ့ခြင်၊ ပြုပြင်ခြင်း၊ ဖျက်မိခြင်းများမဖြစ်စေရန် ၎င်းအမျိုးအစားကို သော့ခတ်ထားနိုင်သည်။ ဥပမာ၊ ခေါင်းစည်းများဖြစ်စေရန်အတွက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စာသားအကွက်များကို သော့ခတ်ထားနိုင်သည်။ (ဤအချက်သည် ပါဝင်သူများက အမျိုးအစားများမျှဝေနိုင်သော ဘုတ်ပြားပေါ်မှနေရာများကို စတင်ပေးနိုင်သည်။)
သင့် iPhone ရှိ Freeform အက်ပ်
ကိုသွားပါ။
ဘုတ်ပြားတစ်ခုကိုဖွင့်ပါ၊ ထို့နောက် ၎င်းကိုရွေးချယ်ရန် သင်၏ ဘုတ်ပြားရှိ ပုံ၊ ပုံသဏ္ဍာန်၊ စာသားအကွက် သို့မဟုတ် အခြား အမျိုးအစားကို နှိပ်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Lock ကိုနှိပ်ပါ။
အကြံပြုချက် သင်၏ ပါဝင်သူများအတွက် အလုပ်နေရာကို သတ်မှတ်ပေးလိုပါက (ပန်းချီဆွဲစက္ကူကျယ်တစ်ခုအစား)၊ ထောင့်မှန်စတုဂံအကြီးစားပုံသဏ္ဍာန်တစ်ခု ထည့်ခြင်းကို စမ်းကြည့်နိုင်ပါသည်။ ပုံသဏ္ဍာန်ကို ရွေးချယ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက် Back ကိုနှိပ်ပါ၊ ထို့နောက် သော့ခတ်ပါ။