ဖိုင်များ၏ အခြေခံအချက်များ
Files အက်ပ်ထဲတွင် သင့်ဖိုင်များကို တည်နေရာရှာကာ ကြည့်နိုင်သည်၊ ၎င်းတို့ကိုစီစဥ်ကာ ဖိုင်တွဲများထဲတွင် ပြန်လည်နေရာချနိုင်သည်၊ ချုံ့နိုင်သည်၊ အမည်ပြန်ပေးနိုင်သည်၊ ၎င်းတို့ကို သူငယ်ချင်းများနှင့် မျှဝေနိုင်သည်၊ ၎င်းတို့ကို iCloud Drive နှင့်အခြားစက်ပစ္စည်းများတွင် အပြန်အလှန်ပေးပို့နိုင်သည်၊ အစရှိသည်တို့ကို လုပ်ဆောင်နိုင်သည်။ ဤအခြေခံလုပ်ငန်းဆောင်တာများကို အောက်တွင် အကျဉ်းချုပ်ထားသည်။
သင့် iPhone ရှိ Files အက်ပ်
ကိုသွားပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
အီးမေးလ်မှ သို့မဟုတ် အင်တာနက်မှ ဒေါင်းလုတ်ရယူထားသော ဖိုင်များကိုကြည့်ခြင်း၊ ဖန်သားပြင်၏အောက်ခြေရှိ Browse ကိုနှိပ်ပါ၊ ထို့နောက် ဘေးဘက်တန်းထဲရှိ Downloads ကိုနှိပ်ပါ။ ဒေါင်းလုတ်ဆွဲထားခဲ့သော ဖိုင်များကို ရှာဖွေပါ ကိုကြည့်ပါ။
သင့်ဖိုင်များကို ရှာဖွေခြင်း၊ : ဖန်သားပြင်၏အောက်ခြေရှိ Browse ကိုနှိပ်၍ iCloud Drive ကိုနှိပ်ပါ။ ဖိုင်နှင့် ဖိုင်တွဲများကို ရှာဖွေရန် ကိုကြည့်ပါ။
သင်လတ်တလောဖွင့်ထားသော ဖိုင်များကိုကြည့်ရှုခြင်း၊ ဖန်သားပြင်အောက်ခြေရှိ Recents ကိုနှိပ်ပါ။
မျှဝေထားသော ဖိုင်များကိုကြည့်ရှုခြင်း၊ ဖန်သားပြင်အောက်ခြေရှိ Shared ကိုနှိပ်ပါ။
ဖိုင်တစ်ခု သို့မဟုတ် ဖိုင်တွဲတစ်ခုကို ကူးယူခြင်း၊ ရွှေ့ခြင်း သို့မဟုတ် ဖျက်ခြင်း၊ ထိုဖိုင် သို့မဟုတ် ဖိုင်တွဲ၏တည်နေရာကိုရှာပါ၊ ၎င်းကိုထိ၍ဖိထားပါ၊ ထို့နောက် Copy၊ Move၊ Share သို့မဟုတ် Delete ကိုနှိပ်ပါ။ Files အတွင်းမှ ဖိုင်များနှင့် ဖိုင်တွဲများကို ပြုပြင်ခြင်းကို ကြည့်ပါ။