iPhone တွင် Siri ၏ အသုံးပြုရလွယ်သော လုပ်ဆောင်မှုများ၏ ချိန်ညှိမှုများကို ပြောင်းလဲခြင်း
Siri ၏တုံ့ပြန်မှုအမြန်နှုန်းနှင့် ကြာချိန်ကို သင်ပြင်ဆင်နိုင်ပါသည်၊ စာသားကိုအသုံးပြုပြီး Siri ကိုတောင်းဆိုမှုများ လုပ်နိုင်သည်၊ မူမမှန်သော စကားပြောပုံများကို Siri အားနားထောင်စေနိုင်သည်၊ notifications များကို Siri အားအသံဖြင့်ဝေမျှစေနိုင်သည်၊ ဖုန်းခေါ်ဆိုမှုများကို ကြေညာနိုင်ပြီး ခေါ်ဆိုမှုများကို အဆုံးသတ်နိုင်သည်။
တောင်းဆိုမှုများကို မည်ကဲ့သို့နှင့် မည်သည့်အချိန်တွင်တုံ့ပြန်ရမည်ဆိုသည်ကို Siri ကိုပြောပါ
Settings
> Accessibility > Siri သို့သွားပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
စကားပြောဆိုမှုကို အဆုံးသတ်ရန် သင့်အား Siri မည်မျှ စောင့်ရမည်ကိုသတ်မှတ်ခြင်း၊ Siri Pause Time အောက်ရှိ Default၊ Longer သို့မဟုတ် Longest ကိုရွေးချယ်ပါ။
Siri ၏စကားပြောအမြန်နှုန်းကိုပြောင်းပါ၊ Speaking Rate အောက်ရှိ ဆလိုက်ဘားကို ချိန်ညှိပါ။
Siri ကအသံဖြင့် သို့မဟုတ် စာသားဖြင့် မည်သို့တုံ့ပြန်ရမည်ကို ဆုံးဖြတ်ပါ၊ Spoken Responses အောက်ရှိ ရွေးချယ်စရာတစ်ခုကို ရွေးပါ။ Siri တုံ့ပြန်သည့်အချိန်ကို ပြောင်းလဲနိုင်ပါသည်။
iPhone အား ဖုံးအုပ်ထားစ် သို့မဟုတ် မှောက်ထားသည့်အချိန်၌လည်း Siri ကိုအသုံးပြုခြင်း၊ Always Listen for “Hey Siri” ကို ဖွင့်ပါ။
iPhone သည် အပေါ်သို့ မျက်နှာမူထားချိန်တွင် Siri တုံ့ပြန်စေရန်အတွက် Settings > Siri ကိုသွားပါ (သို့မဟုတ် Apple Intelligence & Siri)၊ ထို့နောက် Listen for “Siri” သို့မဟုတ် “Hey Siri” ကို ဖွင့်ပါ။
Siri ကိုကြားဖြတ်ရန်အတွက် “Siri” သို့မဟုတ် “Hey Siri” အား လိုအပ်ခြင်း၊ ကြားဖြတ်ခြင်းအတွက် Require “Siri” အားဖွင့်ပါ။ သင် VoiceOver သို့မဟုတ် Voice Control အား သုံးသည့်အခါ VoiceOver စကားပြော သို့မဟုတ် Voice Control ညွှန်ကြားချက်များမှ Siri ကို ကြားမဖြတ်စေလိုလျှင် ဤအရာသည်အသုံးဝင်နိုင်သည်။
Siri ကိုဖွင့်သည့် နည်းအားပြောင်းလဲရန် Siri စတင်စီမံခြင်း နှင့် Siri တုံ့ပြန်သည့်အချိန်ကို ပြောင်းလဲခြင်းကိုကြည့်ပါ။
Siri သို့စကားပြောမည့်အစား စာရိုက်ခြင်း
Settings
> Accessibility > Siri သို့သွား၍ Type to Siri ကိုဖွင့်ပါ။
မှတ်စု သင့်တွင် iPhone 16 အမျိုးအစား၊ iPhone 15 Pro သို့မဟုတ် iPhone 15 Pro Max တစ်မျိုးမျိုးရှိပြီး Apple Intelligence ဖွင့်ထားလျှင် သင်သည် Siri သို့ အလိုအလျှောက် ရိုက်ထည့်နိုင်သည်၊ ထို့ကြောင့် ဤရွေးချယ်စရာကို ပြသမည် မဟုတ်ပေ။ Siri ဖြင့် Apple Intelligence ကိုအသုံးပြုခြင်း ကိုကြည့်ပါ။
တောင်းဆိုမှုပြုလုပ်ရန် Siri ကိုဆင့်ခေါ်ပါ၊ ထို့နောက် ခလုတ်ခုံနှင့်စာသားထည့်ကွက်လပ်ကို အသုံးပြု၍ Siri နှင့်အပြန်အလှန်ပြောဆိုပါ။
ပိုမိုများပြားသည့် စကားပြောပုံအစုအဖွဲ့များကို Siri အား မှတ်သားထားစေခြင်း
တစ်မူထူးသော စကားပြောများကိုလည်း Siri အားနားထောင်ခိုင်းနိုင်သည်။ သင့်တွင် ကိုယ်အင်္ဂါအချို့မလှုပ်ရှားနိုင်သောရောဂါ၊ ပြင်းထန်သော အာရုံကြောဆိုင်ရာ အာရုံကြောရောဂါ(ALS)၊ သို့မဟုတ် လေဖြတ်ခြင်းတို့ကဲ့သို့ စကားပြောဆိုမှုကိုသက်ရောက်သော အခြေအနေတစ်ရပ်ရှိနေလျှင် ဤအရာသည်အသုံးဝင်နိုင်သည်။
Settings > Accessibility > Siri ကိုသွားပါ၊ ထို့နောက် Listen for Atypical Speech ကို ဖွင့်ပါ။
သင်စကားလုံးတစ်လုံးပြောသည့်အခါ သို့မဟုတ် သင်ရွေးချယ်ထားသော အသံတစ်ခုကို ပြောသည့်အခါတွင် လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်စေရန်လည်း iPhone အားသင်ကြားပေးနိုင်သည်။ Vocal Shortcuts ကို အသုံးပြုခြင်းကိုကြည့်ပါ။
သတ်မှတ်အက်ပ်များအတွက် ဖုန်းခေါ်ဆိုမှုများနှင့် အကြောင်းကြားချက်များကိုကြေညာခြင်း
Siri ကို အကြောင်းကြားချက်များပြောစေခြင်း နှင့် မက်ဆေ့ကဲ့သို့ အက်ပ်များမှ ဖုန်းခေါ် ခြင်းများတို့ကို သင်၏ iPhone စပီကာနှင့် အထောက်အပံ့ပေးထားသည့် ခေါင်းတပ်နားကြပ်များနှင့် CarPlayအသုံးပြုနေသည့်အချိန်တွင် MFi နားကြားကရိယာများပေါ် တွင် ပြောခိုင်းနိုင်သည်။
Settings
> Accessibility > Siri ကိုသွားပါ၊ Announce Notifications on Speaker ကိုဖွင့်ပါ။
Announce Notifications ကိုနှိပ်ပါ၊ ထို့နောက်အက်ပ်အသီးသီးအတွက်အကြောင်းကြားချက်အားလုံးကြေညာမည်လား သို့မဟုတ် အချိန်အရေးကြီးသည့် အကြောင်းကြားချက်များကို ကြေညာမည်လားဆိုသည်ကို ရွေးချယ်ပါ။
Siri ကိုအသုံးပြုပြီး ဖုန်းခေါ်ဆိုမှုများ အဆုံးသတ်ခြင်း
သင်သည် Siri ဖုန်းခေါ်ဆိုမှုများနှင့် FaceTime ခေါ် ဆိုမှုများကိုရပ်တန့်စေနိုင်ပါသည်။
Settings
> Accessibility > Siri သို့သွားပါ၊ Call Hangup ကိုနှိပ်ပါ၊ ထို့နောက် Call Hangup ကိုဖွင့်ပါ။
မှတ်စု ရွေးချယ်ထားသည့် ဘာသာစကားများကို iPhone 11၊ iPhone SE (2nd generation) နှင့် နောက်ပိုင်းအမျိုးအစားများတွင် ရရှိနိုင်သည်။ စကားပြောအမျိုးအစားများကို ဒေါင်းလုတ်လုပ်ရန်လိုအပ်သည်။
ဖုန်းခေါ်ဆိုမှုကိုအဆုံးသတ်ရန် ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Siri, hang up.” (၎င်းကို သင်ဖုန်းခေါ်ထားသူများ ကြားမည်။)
ဖုန်းခေါ်ဆိုမှုများကို လမ်းကြောင်းအတိုင်းပို့ပေးကာ အလိုအလျောက်ဖြေဆိုနိုင်သည် သို့မဟုတ် Siri ကိုဖုန်းခေါ်ဆိုမှုများအား ကြေညာပြီးဖြေဆိုခိုင်းစေနိုင်သည်။