iPhone တွင် Apple Music ပရိုဖိုင်တစ်ခု ဖန်တီးခြင်း
Apple Music သို့သင်စာရင်းသွင်းပြီးပါက သင်အနှစ်သက်ဆုံး သီချင်းစာရင်းများနှင့် သက်လက်ရှိနားထောင်နေသည်တို့အား ဖော်ပြသေးသည့် Apple Music ပရိုဖိုင်တစ်ခုကို ဖန်တီးနိုင်သည်။ သင့်ပရိုဖိုင်ကို လူတိုင်းနှင့်မျှဝေနိုင်သည် သို့မဟုတ် သင်ဖိတ်ခေါ်ထားသော သူငယ်ချင်းများနှင့်သာ မျှဝေနိုင်သည်။
ပရိုဖိုင်တစ်ခု သင်ဖန်တီးပြီးပါက သင်မျှဝေလိုသော သီချင်းစာရင်းများအား ရွေးချယ်နိုင်သည်။ ထပ်မံ၍ သူငယ်ချင်းများ ဖန်တီးထားသော ပရိုဖိုင်များကို သင်ကြည့်ရှုနိုင်သည် သို့မဟုတ် ၎င်းတို့ကို စောင့်ကြည့်ရန်ခွင့်တောင်းကာ ၎င်းတို့မည်သည်ကို နားထောင်နေသည်အား ကြည့်နိုင်သည်။
ကိုယ်ရေးအကျဉ်းတစ်ခု တည်ဆောက်ခြင်း
သင့် iPhone ရှိ Music အက်ပ်
ကိုသွားပါ။
ကိုနှိပ်ပါ။
Set up Profile ကိုနှိပ်ပါ၊ ထို့နောက် ပရိုဖိုင်တစ်ခုဖန်တီးရန် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအား လိုက်နာပါ။
သင့်ပရိုဖိုင်အား စီမံသတ်မှတ်မှုပြီးစီးသည့်နောက် သင်မလွတ်တမ်းစောင့်ကြည့်ရန် လုပ်လိုသည့် သီချင်းပရိုဖိုင်ပိုင်ရှင် သူငယ်ချင်းအားများရှာ နိုင်သည် သို့မဟုတ် (သင်နားထောင်နေသည်ကို သူငယ်ချင်းများအားပြနိုင်ရန်) သင်သီချင်းများအား မည်သူနှင့်ဝေမျှမည်ကို ရွေးချယ် နိုင်သည်။
မှတ်စု သင်သည် Family Sharing အုပ်စုတစ်ခု၏ စီစဥ်သူဖြစ်ပါက အသက် 13 မှ 18 အထိကလေးများအား Apple Music ပရိုဖိုင်များ ဖန်တီးရန် ခွင့်ပြုပေးနိုင်သည် (သို့မဟုတ် ၎င်းတို့ထိုကဲ့သို့ မလုပ်နိုင်ရန်ကာကွယ်နိုင်သည်။) အသက် 13 အောက်ကလေးများသည် Apple Music ပရိုဖိုင်များ မဖန်တီးနိုင်ပါ။ (အသက်ကန့်သတ်ချက်များသည် ဒေသနှင့်အလိုက်ကွဲပြားသည်။) အကြောင်းအရာများကို ပိတ်ပင်ပြီး iTunes နှင့် App Store ဝယ်ယူမှုများကို ကာကွယ်ခြင်း ကိုကြည့်ပါ။
သင့်ပရိုဖိုင်ကို ပြင်ဆင်ခြင်း
သင့် iPhone ရှိ Music အက်ပ်
ကိုသွားပါ။
သို့မဟုတ် သင်၏ပရိုဖိုင်ပုံအားနှိပ်ပါ။
ဖန်သားပြင်၏ထိပ်ရှိ View Profile ကိုနှိပ်ပါ၊ ထို့နောက် အချိန်နှင့်တစ်ပြေးညီ ပြုလုပ်မှုများလုပ်ရန် Edit ကိုနှိပ်ပါ။
သင်သီချင်းမျှဝေသောသူများကို ရွေးချယ်ရန် သို့မဟုတ် သင် စောင့်ကြည့်သူများနှင့်မျှဝေရန်အတွက် သီချင်းရွေးရန်သင့်ပရိုဖိုင်ကို ပြင်ဆင်နိုင်သည်။
သင့်ပရိုဖိုင်အား ဖျက်ခြင်း
ရှာဖွေမှုများတွင် သင့်သီချင်းစာရင်းများနှင့် သီချင်းများဆက်လက်၍ မပေါ်စေရန်နှင့် သင့်သီချင်းများ သို့မဟုတ် ပရိုဖိုင်အား သင့်စောင့်ကြည့်သူများမမြင်ရစေရန် သင့်ပရိုဖိုင်ကို ဖျက်နိုင်သည်။
မှတ်စု သင့်ပရိုဖိုင်အား ဖျက်လိုက်လျှင် သင့်Apple Music စာရင်းသွင်းမှု၊ စုစည်းမှုနှင့် သီချင်းစာရင်းများအား သက်ရောက်မှုမရှိသော်ငြား၊ သင့်သူငယ်ချင်းများ နားထောင်နေသည်ကို သင်ဆက်လက်၍မြင်ရတော့မည် မဟုတ်ပါ။
သင့် iPhone ရှိ Music အက်ပ်
ကိုသွားပါ။
သို့မဟုတ် သင်၏ပရိုဖိုင်ပုံအားနှိပ်ပါ။
ဖန်သားပြင်ထိပ်ရှိ View Profile ကိုနှိပ်ပါ၊ ထို့နောက် Edit ကိုနှိပ်ပါ။
အောက်ခြေသို့ ဆွဲချပါ၊ ထို့နောက် Delete Profile ကိုနှိပ်ပါ။
ရက် 90 အတွင်း သင့်ပရိုဖိုင်ကို ပြန်လည်ဖန်တီးလျှင် သင့်ယခင်ချက်အလက်များနှင့် လိုက်ကြည့်သူများကို ပြန်လည်ရရှိမည်ဖြစ်သည်။
မှတ်စု သင့်ကိုယ်ရေအကျဥ်းကို ဖျက်လိုက်လျှင် ၎င်းသည်သင့်လိုက်ကြည့်သူများထံတွင် သို့မဟုတ် ရှာဖွေမှုများထဲတွင် ဆက်လက်၍မပေါ်တော့ခင် မိနစ်များစွာကြာမြင့်နိုင်သည်။