iPhone တွင် Siri ဖြင့် Apple Intelligence ကိုအသုံးပြုခြင်း
Siri သည် နေ့စဉ်လုပ်ငန်းဆောင်တာများကို ရိုးရှင်းပြီး အရှိန်မြှင့်ရန်အတွက် သင့် iPhone တွင် တည်ဆောက်ထားသည့် ဉာဏ်ရည်တုလက်ထောက်ဖြစ်သည်။ Apple Intelligence* ၏ လုပ်ဆောင်နိုင်မှုများဖြင့် Siri သည် ပိုမိုကြွယ်ဝသော ဘာသာစကားများကို နားလည်ကာ ပိုသဘာဝဆန်လာသည်၊ ပိုမိုဆီလျော်လာသည်၊ ပြီးလျှင် သင့်အတွက် ကိုယ်ပိုင်ပုံစံ ပိုဆန်လာသည်။ သင့်အသံကိုအသုံးပြုခြင်းအပြင် Siri သို့ တောင်းဆိုချက်များကို ရိုက်ထည့်နိုင်သည်။ သင့် iPhone နှင့် အခြား Apple ထုတ်ကုန်များနှင့်ပတ်သက်သော မေးခွန်းများအတွက် အဖြေများရရန် Siri ၏ ထုတ်ကုန်အသိပညာကိုလည်း အသုံးချနိုင်ပါသည်။ သင်၏ခွင့်ပြုချက်ဖြင့် တချို့သော တောင်းဆိုမှုများအတွက် အကူအညီဖြစ်စေရန်အလို့ငှာ Siri သည် ChatGPT** ၏ ကျွမ်းကျင်မှုကို ဝင်ရောက်ကြည့်နိုင်သည်။
တောင်းဆိုမှုတစ်ခုလုပ်နေစဥ် သင်စကားလုံးများကို လျှာခလုတ်တိုက်မိလျှင်လည်း Siri မှလိုက်နားထောင်ပေးသည်။ ဥပမာ၊ သင်ပြောနိုင်သည်မှာ “Siri, set an alarm—wait no, sorry, I meant a timer for 10 minutes—actually, let’s make that 15” ဟုပြောနိုင်သည်။ Siri သည် သင်ဘာကိုဆိုလိုသည်ကို နားလည်ပြီး 15 မိနစ်ကြာ အချိန်မှတ်စက်တစ်ခုကို စတင်သည်။
Siri ကိုအသက်သွင်းထားသည့်အခါ Siri နှင့် သင်စကားပြောနေစဥ် ဆက်လက်၍ပွတ်ဆွဲခြင်း သို့မဟုတ် စာရိုက်ခြင်းဆက်လက်လုပ်နိုင်စေရန် iPhone ဖန်သားပြင်၏ အစွန်းတစ်ဝိုက်တွင် တောက်ပနေသော အလင်းရောင်တစ်ခုပေါ်လာသည်။
မှတ်စု Apple Intelligence ကို iPhone 16 အမျိုးအစားများအားလုံး၊ iPhone 15 Pro နှင့် iPhone 15 Pro Max ရှိ iOS 18.1 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများတွင် ရနိုင်ပါသည်။ အကယ်၍ သင်သည် ဥရောပသမဂ္ဂတွင် ရှိနေပြီး သင်၏ Apple Account နိုင်ငံ သို့မဟုတ် ဒေသသည် ဥရောပသမဂ္ဂထဲတွင် ရှိနေလျှင် iPhone iPadနှင့် တွင် Apple Intelligence ကို မရနိုင်ပါ။ သင်၏စက်ပစ္စည်းနှင့် ဘာသာစကားတွင် Apple Intelligence ရနိုင်လားကို စစ်ဆေးရန် Apple အထောက်အကူပြုဆောင်းပါး Apple Intelligence လိုအပ်ချက်များကိုကြည့်ပါ။
Siri ကိုစာရိုက်ခြင်း
သင်အသံထွက်၍ စကားမပြောလိုသည့်အခါ Siri ထံသို့ သင်စာရိုက်နိုင်သည်—ဥပမာ၊ အစည်းအဝေး သို့မဟုတ် စာကြည့်တိုက်တစ်ခုကဲ့သို့ တိတ်ဆိတ်သည့်နေရာ ရောက်နေသည့်အခါ။
Siri ထံသို့စာရိုက်ရန် ဖန်သားပြင်၏အောက်ခြေကို နှစ်ချက်နှိပ်ပါ၊ ထို့နောက် သင့်တောင်းဆိုမှုကိုရိုက်ထည့်ပါ။
Type to Siri ကိုပိတ်ရန်အတွက် Settings > Apple Intelligence & Siri သို့သွားပါ၊ Talk & Type to Siri ကိုနှိပ်ပါ၊ ထို့နောက် Type to Siri ကိုပိတ်ပါ။
သင့် Apple ထုတ်ကုန်များနှင့်ပတ်သက်၍ Siri ကိုမေးခွန်းများမေးခြင်း
Siri သည် သင့် iPhone အကြောင်းသာမက iPad၊ Mac၊ Apple TV၊ Apple Watch၊ AirPods နှင့် HomePod ကဲ့သို့သော အခြား Apple ထုတ်ကုန်များ အကြောင်းလည်း ဖြေကြားပေးနိုင်သည်။ Siri အားခေါ်ပါ၊ ထို့နောက်ထိုကဲ့သို့တစ်ခုခုပြောပါ သို့မဟုတ် စာရိုက်ပါ၊
“How do I download an app on iPhone?”
“Where do I name a group text on iPhone?”
“How do I edit photos on iPhone?”
“I want to block someone from texting me on my iPhone How do I do that?”
“How do I make the text on my iPhone bigger?”
“Tell me how to connect my AirPods to iPhone?”
“How do I change what shows up in Control Center on my iPhone?”
“How do I play sound from my TV through HomePod?”
“Where do I go to log my medications?”
အကြောင်းအရာကို ထိန်းသိမ်းထားသည့် Siri သို့ တောင်းဆိုမှုများ ပြုလုပ်ခြင်း
Apple Intelligence ကိုသုံးကာ သင်ပြောခဲ့သည့် အကြောင်းအရာပါရှိသည့် တောင်းဆိုချက်များကို ထိန်းသိမ်း၍ သင့် ယခင်တောင်းဆိုချက်များအပေါ် အခြေခံ၍ Siri ထံသို့ တောင်းဆိုမှုများပြုလုပ်နိုင်သည်။
ဥပမာ၊ “How are the San Francisco Giants doing this season?” ကဲ့သို့အရာမျိုး သင်ပြောနိုင်သည် သို့မဟုတ် ရိုက်နိုင်သည်။ ထို့နောက် “When are they playing next?” ဟုမေးနိုင်သည်။ ထို့အပြင် နောက်ဆုံးအနေနှင့်၊ “Add that to my calendar”
Siri ကိုခေါ်ပါ၊ ထို့နောက် တောင်းဆိုမှုကိုပြုလုပ်ပါ။
သင်တောင်းဆိုမှုပြုလုပ်ပြီးနောက် ချက်ချင်းနောက်တစ်ခု တောင်းဆိုခြင်း။
ChatGPT မှ အဖြေများရရန် Siri ကိုအသုံးပြုခြင်း
iOS 18.2 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများတွင် ChatGPT ထပ်တိုးကို ဖွင့်ထားလျှင် Siri သည် သင်ရှာဖွေနေသည့် အချက်အလက်များအတွက် အကူအညီဖြစ်စေနိုင်မည့် ChatGPT ထဲသို့ ဝင်ရောက်ကြည့်နိုင်သည်။ ChatGPT ဖြင့်စတင်ရန် Apple Intelligence ဖြင့် ChatGPT ကို အသုံးပြုခြင်းကိုကြည့်ပါ။
မှတ်စု သင့်နိုင်ငံတွင် ChatGPT ကိုအသုံးပြုခွင့်ရရန်အတွက် သင်သည် အနည်းဆုံး အသက် 13 နှစ်ပြည့်ထားပြီးသူဖြစ်ရမည်။ အချက်အလက်များပိုမိုသိလိုပါက OpenAI အသုံးပြုခြင်းစည်းမျဥ်းများကိုကြည့်ပါ။
Siri အားခေါ်ပါ၊ ထို့နောက်ထိုကဲ့သို့တစ်ခုခုပြောပါ သို့မဟုတ် စာရိုက်ပါ၊
“Hey Siri, ask ChatGPT to compose a haiku about dragons.”
“What should I get my uncle for his 70th birthday? He loves to fish.”
“Hey Siri, ask ChatGPT for some ideas of how to spend a free afternoon in Malibu if I don’t feel like hitting the beach.”
“Hey Siri, compose a limerick about a tiger named Terry.”
“What kind of recipes can I make with this?” ကို Photos အက်ပ်ထဲရှိ ခွဲထားသည့် အသီးခွဲထားသည့်ပုံဖြင့် မေးပါ။
“Hey Siri, ask ChatGPT to summarize this document for me,” ကို Files အက်ပ်တွင် ဖွင့်ထားသည့်—အငှားစာချုပ် PDF ကဲ့သို့—စာဖိုင်တစ်ဖိုင်ဖြင့် မေးပါ။
အကယ်၍ သင်သည် ChatGPT ကို မဖော်ပြဘဲ Siri ကို မေးစရာတစ်ခုလုပ်လျှင် ChatGPT သည် အကူအညီဖြစ်လိမ့်မည်ဟု Siri ကဆုံးဖြတ်ပြီး သင်၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန် ChatGPT ကိုအသုံးပြုလိုလားဟု မေးလိမ့်မည်။ မည်သည့် ဓာတ်ပုံကိုမဆို သို့မဟုတ် ဖိုင်ကိုမဆို ChatGPT ထံမပေးမီ အတည်ပြုရန် သင့်ကိုအမြဲတမ်းမေးသည်။
အကယ်၍ သင်သည် သင်၏ခွင့်ပြုချက်ကိုတောင်းစရာမလိုဘဲ Siri က ChatGPT ကို အသုံးပြုနိုင်ရန်အတွက် Settings > Apple Intelligence & Siri သို့သွားပါ၊ ChatGPT ကိုနှိပ်ပါ၊ ထို့နောက် Confirm ChatGPT Requests ကိုပိတ်ပါ။
ChatGPT ကို တောင်းဆိုမှုများပြုလုပ်နိုင်သည့်အစွမ်းကို ပိတ်ရန် ChatGPT သို့ ဝင်ရောက်ခွင့်ကို ပိတ်ခြင်းကိုကြည့်ပါ။
မှတ်စု ChatGPT သည် နောက်ပိုင်းအမျိုးအစားများကို သုံးသည်၊ ပြီးလျှင် ရလဒ်များသည် ကွဲပြားဖြစ်နိုင်သည်။ တိကျမှန်ကန်မှုအတွက် အရေးကြီးသော အချက်အလက်များကို စစ်ဆေးပါ။
မှတ်စု Apple Intelligence နှင့် Privacy အကြောင်း ပိုမိုလေ့လာရန် Apple Intelligence နှင့် သီးသန့်တည်ရှိမှုကိုကြည့်ပါ။ Privacy နှင့် Siri အကြောင်း ပိုမို လေ့လာရန် Siri၊ Dictation & Privacyကိုကြည့်ပါ။