iPhone တွင် FaceTime ဖုန်းခေါ်ဆိုမှုများ လက်ခံဖြေကြားခြင်း
FaceTime ဖုန်းခေါ်ဆိုမှုကို ဖြေကြားခြင်း
FaceTime ဖုန်းခေါ်ဆိုမှုဝင်လာသည့်အခါ၊ အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
ဖုန်းခေါ်ဆိုမှုကို လက်ခံခြင်း၊ ဗီဒီယိုခေါ်ဆိုမှုတစ်ခုကို ဖြေကြားရန်
ကိုနှိပ်ပါ၊ ထို့နောက် Join ကိုနှိပ်ပါ။ အသံဖုန်းခေါ်ဆိုမှုတစ်ခုကို ဖြေကြားရန်
ကိုနှိပ်ပါ။
ဆလိုက်ဘားတစ်ခု ပေါ်လာလျှင် ဖြေဆိုရန် ၎င်းကို ဆွဲနိုင်သည်။
ဖုန်းခေါ်ဆိုမှုကို ငြင်းပယ်ခြင်း၊ Decline သို့မဟုတ်
ကိုနှိပ်ပါ။
ပြန်ခေါ်ရန် သတိပေးချက်တစ်ခု သတ်မှတ်ရန် Remind Me ကိုနှိပ်ပါ၊ သို့မဟုတ် စာသားမက်ဆေ့တစ်ခုပို့ရန် Message ကိုနှိပ်ပါ။ (ထိုရွေးချယ်စရာများကို မြင်ရန် အဝင်ဖုန်းခေါ်ဆိုမှုခေါင်းစီးတန်းကို နှိပ်ရန် လိုအပ်နိုင်သည်။)
ဖုန်းအဝင်ခေါ်ဆိုမှုကို ခေတ္တစောင့်ဆိုင်းစေခြင်း၊ Hold and Accept ကိုနှိပ်ပါ။
မှတ်စု သင်သည် FaceTime အသံဖုန်းခေါ်ဆိုမှုတစ်ခုတွင် ရှိနေပြီး အခြား FaceTime အသံဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလျှင်သာ ဤရွှေးချယ်စရာကို အသုံးပြုနိုင်သည်။ သို့မဟုတ်ပါက လက်ရှိဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီး အဝင်ဖုန်းခေါ်ဆိုမှုကို ဖြေကြားရန် End & Accept ကို နှိပ်နိုင်သည်။
အကြံပြုချက် အဝင်ခေါ်ဆိုမှုများကိုအသိပေးရန် Siri ကိုစေခိုင်းနိုင်ပြီး ၎င်းသည်သင်၏အသံကိုအသုံးပြု၍ လက်ခံဖြေကြားခြင်း သို့မဟုတ် ဖုန်းချခြင်းတို့ကိုလုပ်နိုင်သည်။
ဗီဒီယိုမက်ဆေ့ သို့မဟုတ် Live Voicemail ကို နားထောင်ပါ
ဝင်လာသော ဗီဒီယိုခေါ်ဆိုမှုကို မကိုင်လိုက်ရဘဲ ခေါ်ဆိုသူက ဗီဒီယိုမက်ဆေ့တစ်ခု ချန်ထားခဲ့ပါက သင်နှိပ်၍ ကြည့်ရှုနိုင်မည့် ထိုဗီဒီယိုနှင့်ပတ်သက်သည့် အကြောင်းကြားချက်ကို လက်ခံရရှိနိုင်သည်။ သိမ်းဆည်းထားသော အဆက်အသွယ်များ၊ သင်ခေါ်ဆိုထားသူများ နှင့် Siri မှ အကြံပြုထားသူများထံမှသာ ဗီဒီယိုမက်ဆေ့များကို သင်လက်ခံရရှိနိုင်သည်။
အဝင် အသံဖုန်းခေါ်ဆိုမှုတစ်ခုလွတ်သွားလျှင် သင်သည် Settings > Apps > Phone ထဲတွင် Live Voicemail ကိုဖွင့်ထားလျှင် ခေါ်ဆိုသူအား voicemail ချန်ခဲ့ရန် ပေါ်လာပါလိမ့်မည်။ သင်သည် voicemail ၏အချိန်နှင့်တပြေးညီ ကူးယူဖော်ပြချက်တစ်ခုကို မြင်တွေ့ရပြီး ၎င်းတို့ချန်ခဲ့သည့် မက်ဆေ့အတိုင်း ခေါ်ဆိုမှုကို ကိုင်လိုက်နိုင်သည်။ Live Voicemail ကိုဖွင့်ခြင်း ကိုကြည့်ပါ။
ခေါ်ဆိုသူကဗီဒီယိုမက်ဆေ့ သို့မဟုတ် voicemail ချန်ထားခဲ့ပြီးနောက် ၎င်းတို့၏ခေါ်ဆိုမှုအောက်ရှိ သင့် FaceTime ခေါ်ဆိုမှုမှတ်တမ်းအတွင်း ၎င်းသို့လင့်တစ်ခု ပေါ်လာသည်။
![မှတ်တမ်းတင်ထားသော ဗီဒီယိုမက်ဆေ့နှင့် voicemail သို့ လင့်များပါရှိသည့် FaceTime ခေါ်ဆိုမှုမှတ်တမ်း။](https://help.apple.com/assets/67104C956810595555038D9A/67104C9D2EEB5C79B1030278/my_MM/c27bf8f93ce6be2af2a7bd8e31659670.png)
မှတ်စု Live Voicemail ကို အမေရိကန်ပြည်ထောင်စု ( ပျူရီတိုရီကိုလွဲ၍) နှင့် ကနေဒါတွင်သာ အင်္ဂလိပ်ဘာသာဖြင့် ရရှိနိုင်ပါသည်။
ဖုန်းခေါ်ဆိုမှုမှတ်တမ်းမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ဖျက်သိမ်းခြင်း
FaceTime အက်ပ် ကို ဖွင့်ပါ၊ သင်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းရှိ ဖုန်းခေါ်ဆိုမှုပေါ်မှ ဘယ်ဘက်သို့ ပွတ်ဆွဲပါ၊ ထို့နောက်
ကိုနှိပ်ပါ။