iPhone တွင် မက်ဆေ့ချ်များကို ထပ်ဆင့်ပေးပို့ခြင်းနှင့် မျှဝေခြင်း
စကားပြောဆိုမှုတစ်ခုထဲရှိ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စာသားမက်ဆေ့ချ်များကို အခြားလက်ခံသူထံသို့ ထပ်ဆင့်ပေးပို့နိုင်သည်။
သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။
သင်ထပ်ဆင့်ပေးပို့ချင်သည့် မက်ဆေ့ချ်ပူဖောင်းပုံကိုထိ၍ထိန်းထားပါ၊ ထို့နောက် More ကိုနှိပ်ပါ။
ထပ်ဆင့်ပေးပို့ရန် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော မက်ဆေ့များကို ရွေးချယ်ရန် ကို နှိပ်ပါ။
လက်ခံသူများကို ရိုက်ထည့်ပါ၊ ထို့နောက် ကိုနှိပ်ပါ။
အကြံပြုချက် စကားပြောဆိုမှုတစ်ခုထဲတွင် ပေါ်လာသည့်အတိုင်း မက်ဆေ့ပူပေါင်းများနှင့် ဖြစ်စဥ်အလိုက်အချိန်စာရင်းကို ပြရန် မက်ဆေ့ချ်များကို ထပ်ဆင့်ပို့မည့်အစား ပူးတွဲပုံအဖြစ် ဖန်သားပြင်ဓာတ်ပုံတစ်ခု ပေးပို့ပါ။
တခြားစက်ပစ္စည်းများပေါ် ရှိ သင်၏မက်ဆေ့ချ်များကို မျှဝေရန် iCloud သုံးစွဲသူလမ်းညွှန်ရှိ Messages အတွက် သင်၏စက်ပစ္စည်းများအားလုံးတွင် iCloud ကို စီမံခြင်း ကိုကြည့်ပါ။