iPhone တွင် သင်၏ ဂျာနယ်ရေးသွင်းချက်များကြည့်ပြီး ရှာဖွေခြင်း
Journal အက်ပ်သည် သင်၏ယခင်က ရေးသွင်းချက်များကို အထက်အောက်ရွှေ့နိုင်သည့် မြင်ကွင်းကို ပံ့ပိုးထားသည်။ သင်၏ ရေးသွင်းချက်များတွင် စာသားကို ရှာနိုင်ပြီး ဓာတ်ပုံများ၊ တည်နေရာများ၊ စကားပြောဆိုမှုများကဲ့သို့ အသေးစိတ်အချက်အလက်များကို စစ်ထုတ်နိုင်သည်။ ရေးသွင်းချက်များကို နောက်မှပြန်ကြည့်ရန် bookmarkလည်း ပြုလုပ်နိုင်ပြီး သင်၏ အချိန်မှတ်တမ်းမှ ရေးသွင်းချက်များကို ပြုပြင်နိုင်သည် သို့မဟုတ် ဖျက်နိုင်သည်။

သင်၏ ဂျာနယ်ရေးသွင်းချက်များကို ကြည့်ခြင်းနှင့် ရှာဖွေခြင်း
သင့် iPhone ရှိ Journal အက်ပ်
ကိုသွားပါ။
သင်၏ ရေးသွင်းချက်များကို ကြည့်ရန် အထက်အောက်ရွှေ့ပါ။
ရေးသွင်းချက်တစ်ခုထဲရှိ စာသားကို ချဲ့ရန် ၎င်းကိုနှိပ်ပါ။ ရေးသွင်းချက်ကို ဖျက်ရန် ၎င်းကို နှိပ်ပါ။ တွဲဆက်ဖိုင်တစ်ခုကို ဖန်သားပြင်အပြည့်ကြည့်ရန် ၎င်းကိုနှိပ်ပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
တိကျသော ရေးသွင်းချက်များကို ရှာခြင်း၊
ကိုနှိပ်ပါ၊ Photos သို့မဟုတ် Conversations ကဲ့သို့သော အမျိုးအစားတစ်ခုကိုရွေးချယ်ပါ၊ ထို့နောက် သင့်ရေးသွင်းချက်များတွင် ရှာဖွေရန်အတွက် စာသားကို ရိုက်ထည့်ပါ။
တိကျသော နေ့တစ်နေ့အတွက် ရေးသွင်းချက်များကို ကြည့်ရန် ရှာခြင်း၊
ကိုနှိပ်ပါ၊ ထို့နောက် ပြက္ခဒိန်ပေါ်ရှိ ရက်စွဲတစ်ခုကိုနှိပ်ပါ။
ရေးသွင်းချက်များကို အမျိုးအစားခွဲခြင်း၊
ကိုနှိပ်ပါ၊ Sort By ကိုနှိပ်ပါ၊ ထို့နောက် Entry Date သို့မဟုတ် Moment Date ကို ရွေးချယ်ပါ။
အရေးကြီးသည့် ဂျာနယ်ရေးသွင်းချက်များကို အမှတ်အသား ပြုလုပ်ထားခြင်း
သင့် iPhone ရှိ Journal အက်ပ်
ကိုသွားပါ။
ရေးသွင်းချက်တစ်တွင် ညာဘက်သို့ ဆွဲရွှေ့ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
Bookmarked လုပ်ထားသည့် ရေးသွင်းချက်များကိုသာ မြင်ရန်
ကိုနှိပ်ပါ၊ Bookmarked ကိုနှိပ်ပါ။
ဂျာနယ် ရေးသွင်းချက်တစ်ခုကို ပြုပြင်ခြင်းနှင့် ရက်စွဲကို ပြောင်းခြင်း
သင့် iPhone ရှိ Journal အက်ပ်
ကိုသွားပါ။
ရေးသွင်းချက်တစ်ခုကို ဘယ်ဘက်သို့ဖိဆွဲကာ
ကိုနှိပ်ပါ။
ရက်စွဲကို ပြောင်းရန်
ကိုနှိပ်ပါ၊ ထို့နောက် Edit Date ကိုနှိပ်ပါ။
ဂျာနယ် ရေးသွင်းချက်တစ်ခုဖျက်ခြင်း
သင့် iPhone ရှိ Journal အက်ပ်
ကိုသွားပါ။
ရေးသွင်းချက်တစ်ခုကို ဘယ်ဘက်သို့ ရွှေ့ကာ
ကိုနှိပ်ပါ။