iPhone ရှိ FaceTime ထဲတွင် အသံဖုန်းခေါ်ဆိုမှုတစ်ခုကို ဖမ်းခြင်းနှင့် ကူးယူရေးမှတ်ခြင်း
အချို့သော နိုင်ငံများနှင့် ဒေသများတွင် သင် အခြားသူတစ်ယောက်ကို စကားပြောနေသည့်အခါ FaceTime အသံဖုန်းခေါ်ဆိုမှုတစ်ခုကို မှတ်တမ်းတင်နိုင်သည်။ ရွေးချယ်ထားသော ဒေသများနှင့် ဘာသာစကားများတွင် Notes အက်တွင် ခေါ်ဆိုမှု ကူးယူရေးသားချက်ကို ကြည့်နိုင်သည်။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက်ကို စစ်နိုင်သည်။
မှတ်စု ဖုန်းခေါ်ဆိုမှုအသံဖမ်းခြင်းကို ဥရောပသမဂ္ဂ၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ အီဂျစ်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ အိုမန်၊ ပါကစ္စတန်၊ ကာတာ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စု နှင့် ယီမင်တို့တွင် လောလောဆယ် မရရှိနိုင်ပါ။
ခေါ်ဆိုမှုတစ်ခုကို အသံသွင်းခြင်း
သင်မစတင်မီ သင့်ဘာသာစကားနှင့် ဒေသတွင် ခေါ်ဆိုမှုအသံဖမ်းယူခြင်းကို ရနိုင်သည်ဆိုသည်ကို သိရှိရန် iOS နှင့် iPadOS Feature ရနိုင်သည့် ဝက်ဘ်ဆိုက်ကို စစ်ဆေးပြီး အခြားခေါ်ဆိုသူအား အသံဖမ်းယူလိုကြောင်း သေချာအောင်လုပ်ပါ။
FaceTime အက်ပ်
ရှိတစ်ဦးမှတစ်ဦး အသံခေါ်ဆိုမှုအတွင်း သင်အသံဖုန်းခေါ်ဆိုမှုတစ်ခု ပြောနေစဥ်
ကိုနှိပ်ပါ။
ပါဝင်သူနှစ်ယောက်လုံးသည် ဖုန်းခေါ်ဆိုမှု ဖမ်းယူနေသည်ကို အသံသတိပေးမှုတစ်ခု ကြားရသည်။
ဖမ်းယူခြင်းကို ရပ်ရန်
ကိုနှိပ်ပါ သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပါ။
ခေါ်ဆိုမှုမှတ်တမ်းများကို Notes အက်ပ်ရှိ Call Recordings ဖိုင်တွဲတွင် အလိုအလျောက် သိမ်းဆည်းပါသည်။
ဖုန်းခေါ်ဆိုမှုဖမ်းယူမှုတစ်ခုကိုဖွင့်ခြင်း
သင့် iPhone ရှိ Notes အက်ပ်
ကိုသွားပါ။
Call Recordings ဖိုင်တွဲရှိ မှတ်စုတစ်ခုကို ရွေးချယ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
သင့်တွင် iPhone 16 အမျိုးအစားများ၊ iPhone 15 Pro၊ သို့မဟုတ် iPhone 15 Pro Max ရှိလျှင် Notes ထဲတွင် အသံသွင်းမှုတစ်ခု၏ အကျဥ်းချုပ်ကိုကြည့်ရှုနိုင်သည်။
ဖုန်းခေါ်ဆိုမှု ကူးယူရေးသားချက်တစ်ခုကို ကြည့်ခြင်း
ရွေးချယ်ထားသော ဒေသများနှင့် ဘာသာစကားများတွင်Notes အက်ပ်တွင် ခေါ်ဆိုမှု ကူးယူရေးသားချက်ကို ကြည့်နိုင်သည်။ ကူးယူရေးသားချက်သည် ချက်ချင်း မရရှိနိုင်ပါ—စာသားကူးယူရေးသားချက်ကို လုပ်ဆောင်နေသည်ဟူသော မက်ဆေ့ချ်ကို တွေ့နိုင်သည်။
မှတ်စု ကူးယူရေးသားချက်တစ်ခုကို အမှီမပြုခင် ၎င်း၏ တိကျမှုကို စစ်ဆေးပါ။ ၎င်းသည် စကားပြောဆိုမှု၏ ပြီးပြည့်စုံသော ကိုယ်စားပြုမှု မဖြစ်နိုင်ပါ။
သင့် iPhone ရှိ Notes အက်ပ်
ကိုသွားပါ။
Call Recordings ဖိုင်တွဲရှိ မှတ်စုတစ်ခကို ရွေးချယ်ပါ၊ ထို့နောက် Transcript ကိုနှိပ်ပါ။
မှတ်စု စကားပြောစကားလုံးများကို ထောက်ပံ့ထားသော ဘာသားစကားဖြင့် အလိုအလျောက် ကူးယူရေးသားသည်။ Transcript ကိုမမြင်လျှင် သင့် iPhone သည် အနိမ့်ဆုံးလိုအပ်ချက်များကို မမီပါ သို့မဟုတ် ထောက်ပံ့ထားသော ဘာသာစကားကို ရှာမတွေ့ပါ။
ကူးယူရေးသားချက်တွင် ထုတ်ပြန်ချက်တစ်ခုစီ၏ ပြောဆိုသူကို ဖော်ထုတ်ထားသည်။
ကူးယူရေးသားချက်ကို ကြည့်နေစဉ် အောက်ပါတို့မှ နှစ်သက်ရာကို လုပ်ဆောင်နိုင်သည်၊
တိကျသောအမှတ်တစ်ခုမှ အသံကို ဖွင့်ခြင်း၊ သင်ကြားချင်သည့် စာသားကို ရွေးချယ်ပါ။
ကူးယူရေးသားချက်ကို ရှာခြင်း၊
ကိုနှိပ်ပါ၊ ထို့နောက် Find in Transcript ကိုနှိပ်ပါ။
ကူးယူဖော်ပြချက်ကို ကူးယူခြင်း၊
ကိုနှိပ်ပါ၊ ထို့နောက် Add Transcript to Note သိုမဟုတ် Copy Transcript ကိုရွေးချယ်ပါ။
အသံသွင်းခြင်းကို သိမ်းဆည်းခြင်းနှင့် ဖျက်ခြင်း၊
ကိုနှိပ်ပါ၊ ထို့နောက် ရွေးစရာတစ်ခုကို ရွေးချယ်ပါ။
မှတ်စု သွင်းထားသော အသံကို ဖျက်ခြင်းသည် ကူးယူရေးသားချက်ကိုလည်း ဖျက်သည်။
အသံသွင်းမှု၏ လှိုင်းပုံစံကိုကြည့်ခြင်း၊
ကိုနှိပ်ပါ။
သင့်တွင် iPhone 16 အမျိုးအစားများ၊ iPhone 15 Pro၊ သို့မဟုတ် iPhone 15 Pro Max ရှိလျှင် Notes ထဲတွင် အသံသွင်းမှုတစ်ခု၏ အကျဥ်းချုပ်ကိုကြည့်ရှုနိုင်သည်။
Call Recording ကို ပိတ်ခြင်း
Call Recording ကို ပုံသေ ဖွင့်ထားသော်လည်း ၎င်းကို ပိတ်နိုင်သည်။
Settings
> Apps > Phone ကိုသွားပါ။
Call Recording ကိုနှိပ်ပါ၊ ထို့နောက် Call Recording ကို ပိတ်ပါ။