iPhone ရှိ သင်၏ App Store တွင် ဝယ်ယူမှုများ၊ ချိန်ညှိမှုများနှင့် တားမြစ်ချက်များကို စီမံခြင်း
App Store အက်ပ်တွင် သင်ကိုယ်တိုင် သို့မဟုတ် သင့်အခြားမိသားစုဝင်များ ဝယ်ယူထားသည်များကို ပြန်လည်ကြည့်ရှုနိုင်ပြီး ဒေါင်းလုတ်လုပ်နိုင်သည်။ Settings ထဲတွင် App Store အတွက် တားမြစ်ချက်များသတ်မှတ်၍ သင်ဦးစားပေးလိုရာများကို စိတ်ကြိုက်စီမံနိုင်သည်။
သင့်အက်ပ်များကို ကြည့်ရှုခြင်းနှင့် ပြန်လည်ဒေါင်းလုတ်လုပ်ခြင်း
သင့် iPhone ရှိ App Store အက်ပ်
ကိုသွားပါ။
ကို နှိပ်ပါ သို့မဟုတ် ညာဘက်ထိပ်ရှိ သင်၏ဓာတ်ပုံကို နှိပ်ပါ၊ ထို့နောက် Apps ကိုနှိပ်ပါ။
(သင်သည် မိသားစုမျှဝေခြင်းအဖွဲ့တစ်ခုထဲတွင်ရှိနေပါက) My Apps ကိုနှိပ်ပါ သို့မဟုတ် မိသားစုဝင်တစ်ယောက်ကိုရွေးချယ်ပါ။
သင် ဒေါင်းလုတ်လုပ်ချင်သည့် အက်ပ်ကိုရှာကာ (ထိုအက်ပ်သည် App Store တွင် ရှိနေသေးပါက)၊ ထို့နောက်
ကိုနှိပ်ပါ။
App Store နှင့်အခြားApple media ဝန်ဆောင်မှုများမှ သင့်ဝယ်ယူမှုမှတ်တမ်းကိုကြည့်ခြင်း
သင့်ဝယ်ယူမှု မှတ်တမ်းထဲတွင် App Storeမှ အခမဲ့နှင့်ငွေပေးချေရသောအက်ပ်များ၊ အက်ပ်အတွင်း ဝယ်ယူမှုများ၊ စာရင်းပေးသွင်းမှုများ၊ သီချင်း၊ ဗီဒီယိုများ၊ စာအုပ်များနှင့်၊ AppleCare+ စသည်တို့ပါဝင်သည်။
သင့် iPhone ရှိ App Store အက်ပ်
ကိုသွားပါ။
ကိုနှိပ်ပါ သို့မဟုတ် ညာဘက်ထိပ်ရှိ သင်၏ဓာတ်ပုံကို နှိပ်ပါ၊ ထို့နောက်Purchase Historyကိုနှိပ်ပါ။
Face ID၊ Touch ID၊ သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်နှင့် အထောက်အထားပြရန် တောင်းဆို ခံရနိုင်ပါသည်။
ရလဒ်များကိုကျဥ်းလာစေရန်၊ ရှာဖွေမှုကွက်လပ်ထဲတွင် နာမည်၊ ဈေးနှုန်း၊ သို့မဟုတ် မှာယူမှုID ကိုရိုက်ထည့်ပါ။
ရှာဖွေမှုစံနှုန်းကိုပြောင်းလဲရန်၊ “Last 90 Days၊ Paid” ကိုနှိပ်ပါ၊ ထို့နောက်အောက်ပါတို့အနက်မှ တစ်ခုကိုပြုလုပ်ပါ၊
ရက်ကာလအပိုင်းအခြား
ကျသင့်ငွေ (အခမဲ့ မဟုတ် အဖိုးအခပေးရသည်)
စာရိုက်ရန်
မိသားစုဝင် (သင်သည် Family Sharing အုပ်စုတစ်ခု၏ စီစဥ်သူဖြစ်ပါက ရရှိနိုင်သည်)
Family Sharing ဖြင့် ဝယ်ယူမှုများကို မျှဝေခြင်းနှင့်အတည်ပြုခြင်း
သင်သည် Family Sharing အဖွဲ့တစ်ခုထဲတွင်ရှိနေပါက၊ တခြားမိသားစုဝင်များဝယ်ယူထားသည့် သုံးစွဲခွင့်ရှိသည့်အက်ပ်များကိုလည်း သင်ကြည့်ရှုနိုင်ပြီး ဒေါင်းလုတ်ရယူနိုင်သည်။
မှတ်စု မိသားစုဝင်များဝယ်ယူထားမှုများအား သူတို့မျှဝေထားမှသာလျှင် သင့်အနေဖြင့် ယင်းဝယ်ယူမှုများအား ကြည့်ရှုနိုင်သည်။ မိသားစုဝင်တစ်ဦးတစ်ယောက်သည် ၄င်းအဖွဲ့မှ ထွက်သွားပြီးပါက Family Sharing ဖြင့် ဝယ်ယူထားမှုများကို ဝင်ရောက်ကြည့်ရှုခွင့် ရတော့မည်မဟုတ်ချေ။
မိသားစုစီစဉ်သူသည် သတ်မှတ်အသက်အရွယ်တစ်ခုထက်ငယ်သော အခြားမိသားစုဝင်များမှ သုံးစွဲခွင့်ရှိသည့် ဝယ်ယူထားသည်များအား ပြန်လည်ကြည့်ရှုနိုင်ပြီး အတည်ပြုပေးနိုင်သည်။ Ask to Buy ကိုဖွင့်ပါ ကိုကြည့်ပါ။
သင်၏ App Store ချိန်ညှိမှုများကိုပြောင်းခြင်း
Settings > App Store ကိုသွားကာ အောက်ပါတို့မှ တစ်ခုခုကိုလုပ်ပါ၊
သင့်၏အခြား Apple စက်ပစ္စည်းများဖြင့် ဝယ်ယူထားသည့် အက်ပ်စ်များကို အလိုအလျောက် ဒေါင်းလုတ်လုပ်စေရန်၊ Automatic Downloads အောက်ရှိ App Downloads ကိုဖွင့်ပါ။
အလိုအလျောက်အပ်ဒိတ်လုပ်ဆောင်သောအက်ပ်များ၊ App Updates ကိုဖွင့်ပါ။
နောက်ခံထဲရှိ အက်ပ်အတွင်းအကြောင်းအရာကို ဒေါင်းလုတ်ရယူခြင်း၊ အက်ပ်တစ်ခုကို ပထမဆုံးအကြိမ်မဖွင့်မီ အကြောင်းအရာကိုဒေါင်းလုတ်ရယူရန် In-App Content ကိုဖွင့်ပါ။
Cellular ဒေတာအသုံးပြုရန် အက်ပ်ကိုဒေါင်းလုတ်လုပ်ခွင့်ပြုခြင်း၊ Cellular Data အောက်ရှိ Automatic Downloads ကိုဖွင့်ပါ။ 200 MB အထက် ဒေါင်းလုတ်များ သို့မဟုတ် အက်ပ်များအားလုံးအတွက် ခွင့်ပြုချက်တောင်းခံလိုခြင်းရှိမရှိကို ရွေးချယ်ရန် App Downloads ကိုနှိပ်ပါ။
အက်ပ်နမူနာဗီဒီယိုများ အလိုအလျောက်ပြသခြင်း၊ Video Autoplay ကိုဖွင့်ပါ။
အသုံးမပြုသော အက်ပ်များကို အလိုအလျောက်ဖယ်ရှားစေရန်၊ Offload Unused Apps ကိုဖွင့်ပါ။ အက်ပ်တစ်ခုသည် App Store ထဲတွင် ရရှိနေဆဲဖြစ်ပါက ၎င်းအက်ပ်ကိုအချိန်မရွေး ပြန်လည်ထည့်သွင်းနိုင်သည်။
အကြောင်းအရာအရ ကန့်သတ်ခြင်းများကိုသတ်မှတ်ခြင်းနှင် အက်ပ်အတွင်းဝယ်ယူမှုများကိုကာကွယ်ခြင်း
သင်သည် အကြောင်းအရာအရနှင့် သီးသန့်လုံခြုံရေးအရ ကန့်သတ်ချက်များဖွင့်ထားပြီးလျှင် အောက်ပါတို့ကို လုပ်ဆောင်ပါ။
Settings
> Screen Time > Content & Privacy Restrictions သို့ သွားပါ၊ ထို့နောက် Content & Privacy Restrictions ကိုဖွင့်ပါ။
App Store၊ Media၊ Web & Games ကိုနှိပ်ပါ။
အောက်ပါကဲ့သို့သော အသက်အရွယ်နှင့်သင့်တော်သည့် ကန့်သတ်ချက်များကို ရွေးချယ်ပါ၊
အက်ပ်များ၊ အသက်ကန့်သတ်ချက်ဖြင့် အက်ပ်များကိုကန့်သတ်ပါ။
App Clips၊ App Clips အလိုအလျောက်ပွင့်ခြင်းကို ပိတ်ထားခြင်း။