iPhone ရှိ Settings တွင် Hide My Email လိပ်စာများကို ဖန်တီး၍ စီမံလုပ်ဆောင်ခြင်း
iCloud+ သို့မှတ်ပုံတင်စာရင်းသွင်း သည့်အခါ၊ သင့်ကိုယ်ပိုင်အီးမေးလ်လိပ်စာကိုသီးသန့်သိမ်းရန် Hide My Email ကိုသုံးနိုင်သည်။ Hide My Email ဖြင့် သင့်ကိုယ်ရေးကိုယ်တာသုံးအီးမေးလ်အကောင့်သို့ ထပ်ဆင့်ပေးပို့နိုင်သည့် ထူးခြားပြီးကျပန်းဖြစ်သည့် အီးမေးလ်လိပ်စာများကို ဖန်တီးနိုင်သောကြောင့် ဝက်ဘ်ပေါ်တွင် ဖောင်များဖြည့်သည့်အခါ သို့မဟုတ် သတင်းစာလွှာများအတွက် စာရင်းဖွင့်သည့်အခါ သို့မဟုတ် အီးမေးလ်ပို့သည့်အခါမျိုးတွင် သင့်အီးမေးလ်လိပ်စာအစစ်ကို မျှဝေရန်မလိုအပ်ပါ။
Settings တွင် Hide My Email လိပ်စာများကို ဖန်တီး၍စီမံလုပ်ဆောင်နိုင်သည်။ Settings > [your name] > iCloud > Hide My Email သို့သွားပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုကို လုပ်ဆောင်ပါ၊
Hide My Email လိပ်စာတစ်ခုဖန်တီးခြင်း၊ Create New Address ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိညွှန်ကြားချက်များကိုလိုက်နာပါ။
Hide My Email လိပ်စာတစ်ခုကို ပယ်ဖျက်ခြင်း၊ လိပ်စာတစ်ခုကိုနှိပ်ပါ (Create New Address အောက်တွင်)၊ ထို့နောက် Deactivate Email Address ကိုနှိပ်ပါ။ ထိုလိပ်စာကိုဖျက်ပြီးသည့်နောက်တွင် ၎င်းသည်သင့်ထံသို့ အီးမေးလ်များပို့တော့မည်မဟုတ်ပါ။
သင့်အား ပေးပို့သည့်ကိုယ်ပိုင်အီးမေးလ်လိပ်စာကိုပြောင်းခြင်း၊ Forward To ကိုနှိပ်ပါ၊ ထို့နောက် အီးမေးလ်လိပ်စာတစ်ခုကိုရွေးချယ်ပါ။ ရွေးစရာများတွင် သင့် Apple Account နှင့်ရနိုင်သည့်လိပ်စာများပါဝင်သည်။
တခြားတစ်နေရာမှာသုံးရန် ပေးပို့မည့်လိပ်စာတစ်ခုကို ကူးယူခြင်း၊ လိပ်စာတစ်ခုကိုနှိပ်ပါ (Create New Address အောက်တွင်) ထို Hide My Email နေရာကိုဖိ၍နှိပ်ပါ၊ ထို့နောက် Copy ကိုနှိပ်ပါ။ ထိုလိပ်စာကို တခြားတစ်နေရာမှာချက်ချင်းသုံးရန် စာသားနေရာတစ်ခုကိုဖိ၍နှိပ်ထားပါ၊ ထို့နောက် Paste ကိုနှိပ်ပါ။
အီးမေးလ်လိပ်စာများလိုအပ်သည့်အခါတိုင်းတွင် Safari နှင့် Mail တွင် Hide My Email လိပ်စာများကိုလည်းဖန်တီးနိုင်သည်။ Safari တွင် Hide My Email အသုံးပြုခြင်း နှင့် Mail တွင် Hide My Email အသုံးပြုခြင်းကို ကြည့်ပါ။ ပံ့ပိုးပေးထားသောအက်ပ်များတွင် အီးမေးလ်လိပ်စာတစ်ခုလိုအပ်သည့်အခါ အီးမေးလ်လိပ်စာတစ်ခုကို နှိပ်၍ စာရိုက်ခလုတ်ခုံအပေါ်ရှိ Hide My Email ကိုနှိပ်ခြင်းဖြင့် Hide My Email ကို ဖန်တီးနိုင်သည်။