iPhone ရှိအကြောင်းကြားချက် ချိန်ညှိမှုများကိုပြောင်းလဲခြင်း
အကြောင်းကြားချက်များ ပေါ်သည့်အချိန်နှင့် ပေါ်သည့်နည်း၊ ၎င်းတို့ကို ပို့နိုင်သောအက်ပ်များနှင့် ၎င်းတို့မြည်သည့်အသံတို့ကို ရွေးချယ်ပါ။ တည်နေရာအပေါ်မူတည်သော သတိပေးချက်များကို စီမံသတ်မှတ်နိုင်သည်၊ အစိုးရသတိပေးချက်များကို ခွင့်ပြုနိုင်ပြီး အစရှိသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။ အကြောင်းကြားချက် ချိန်ညှိမှုအများအပြားသည် အက်ပ်အားလုံး၏ အကြောင်းကြားချက်များကို သက်ရောက်မှုရှိသော်လည်း၊ အခြားချိန်ညှိမှုများကို အက်ပ်တစ်ခုချင်းစီအတွက် စိတ်ကြိုက်ပြုပြင်နိုင်သည်။
အကြောင်းကြားချက်များ၏ အသွင်အပြင်ကိုပြောင်းလဲခြင်း
Settings
> Notifications ကိုသွားပါ။
သော့ပိတ်ထားသည့် ဖန်သားပြင်တွင်ပြထားသည့်အကြောင်းကြားချက်များကို သင်မည်သို့အလိုရှိသည်ကိုရွေးချယ်ပါ၊
အကြောင်းကြားချက်များ၏အရေအတွက်ကိုသာကြည့်ခြင်း၊ Count ကိုနှိပ်ပါ။
အက်ပ်ဖြင့် အဆင့်များအဖြစ် အုပ်စုဖွဲ့ထားသည့် အကြောင်းကြားချက်များကို ကြည့်ခြင်း၊ Stack ကိုနှိပ်ပါ။
စာရင်းတစ်ခုတွင်အကြောင်းကြားချက်များကို ကြည့်ခြင်း၊ List ကိုနှိပ်ပါ။
အကြောင်းကြားချက် ရောက်လာသောအခါ သော့ပိတ်ထားသည့် ဖန်သားပြင်ပေါ်ရှိ အကြောင်းကြားချက်များကို လက်နှစ်ချောင်းဖြင့်ဖိပွတ်၍ အသွင်အပြင်ကိုပြောင်းလဲနိုင်ပါသည်။
အက်ပ်များအတွက်ရွေးနုတ်မှု အကြောင်းပြချက်များကိုပိတ်ရန် Settings > Notifications > Siri Suggestions သို့သွားပါ၊ Allow Notifications ကိုဖွင့်ပါ၊ ထို့နောက်မည်သည့်အက်ပ်ကိုမဆိုပိတ်ပါ။
အကြောင်းကြားချက်များ၏ ကြိမ်နှုန်းကိုပြောင်းလဲခြင်း
တစ်နေ့တာတစ်လျှောက် အကြောင်းကြားချက်များမှ ကြားဖြတ်ခြင်းကို အနည်းဆုံးပြုလုပ်ရန်၊ တစ်ကြိမ်တည်းတွင် အက်ပ်အများအပြားအတွက် အကြောင်းကြားချက်များပါဝင်သည့် အကြောင်းကြားချက် အကျဥ်းချုပ်တစ်ခုအား အချိန်ဇယားဆွဲနိုင်သည်။
Settings
> Notifications > Scheduled Summary ကိုသွားပါ။
Scheduled Summary ကိုဖွင့်ပါ၊ ထို့နောက် Continue ကိုနှိပ်ပါ။
အကြောင်းကြားချက်အကျဉ်းချုပ်တစ်ခုအတွက် အချိန်များသတ်မှတ်ခြင်း။
သင့်အကြောင်းကြားချက် အကျဥ်းချုပ်ထဲတွင် ထည့်သွင်းရန်အက်ပ်များကိုရွေးချယ်ပါ၊ ထို့နောက် Add Apps ကိုနှိပ်ပါ။
အကြောင်းကြားချက်များကို ပေါ်စေလိုသည့်အချိန်အားရွေးချယ်ရန် Show Previews ကိုနှိပ်ပါ၊ ရွေးချယ်စရာတစ်ခုကို ရွေးပါ၊ ထို့နောက် ဖန်သားပြင်၏ထိပ်ရှိ
ကိုနှိပ်ပါ။
အစမ်းနမူနာကြည့်ခြင်းတွင် စာသားကဲ့သို့ အရာများ (Messages နှင့် Mail မှ) နှင့် ဖိတ်ခေါ်မှုအသေးစိတ်အချက်အလက်များ (Calendar မှ) တို့ပါဝင်နိုင်သည်။ သီးခြားအက်ပ်များအတွက် ၎င်းချိန်ညှိမှုကို ပြောင်းလဲသုံးနိုင်သည်။
Focus ကိုသုံးသည့်အခါ၊ အနှောင့်အယှက်များကိုကာကွယ်ရန် iPhone တွင် အကြောင်းကြားချက်ပို့ဆောင်မှုကို နှောင့်နှေးစေသည်။ သင်လွတ်သွားသည့်အကြောင်းကြားချက်များအကျဉ်းချုပ်ကိုရရှိရန် အချိန်တစ်ခုကိုသတ်မှတ်နိုင်သည်။ အကြောင်းကြားချက်အကျဉ်းချုပ်တစ်ခုကို အချိန်ဇယားဆွဲခြင်း ကိုကြည့်ပါ။
အက်ပ်တစ်ခုချင်းစီအတွက် အကြောင်းကြားချက်အသံများကို ရွေးချယ်ခြင်း
အက်ပ်တစ်ခုအတွက် အကြောင်းကြားချက်တစ်ခု ရောက်လာသည့်အခါ ပွင့်လာသည့်အသံကို ရွေးချယ်နိုင်သည်။
Settings
> Notifications ကိုသွားပါ။
Notification Style အောက်ရှိအက်ပ်တစ်ခုကိုနှိပ်ပါ၊ ထို့နောက် Allow Notifications ကိုဖွင့်ပါ။
Sounds ကိုနှိပ်ပါ၊ အသံတစ်ခုကိုရွေးချယ်ပါ၊ ထို့နောက် ဖန်သားပြင်၏ထိပ်ရှိ
ကိုနှိပ်ပါ။
ထိုအက်ပ်၏ အကြောင်းကြားချက်များအတွက် ချက်ချင်းသို့မဟုတ် အချိန်သတ်မှတ်ထားသော ပို့ဆောင်မှုနှင့် ၎င်းတို့ကို မည်သည့်နေရာတွင်ပေါ်စေလိုသည် (သော့ပိတ်ထားသည့်ဖန်သားပြင်ပေါ်တွင်၊ Notification Center ထဲတွင် သို့မဟုတ် ဖန်သားပြင်၏ထိပ်တွင် ခေါင်းစီးစာတန်းအဖြစ်) စသည်တို့ကို ရွေးချယ်နိုင်သည်။
အက်ပ်တစ်ခုချင်းစီအတွက် အကြောင်းကြားချက်များကို ရွေးချယ်၍ပိတ်ခြင်း
Settings > Notifications > Siri Suggestions ကိုသွားပါ။
Allow Notifications ကိုဖွင့်ပါ။
မည်သည့်အက်ပ်ကိုမဆိုပိတ်ပါ။
တည်နေရာအခြေပြု သတိပေးချက်များကိုပိတ်ခြင်း
အချို့အက်ပ်စ်များသည် သင်ရောက်ရှိသည့်နေရာပေါ် အခြေတည်ထားသည့် သက်ဆိုင်ရာသတိပေးချက်များကိုပို့ရန် သင်၏တည်နေရာကိုအသုံးပြုသည်။ ဥပမာ၊ သင့်တည်နေရာအပေါ်မူတည်၍ Weather အက်ပ်သည် သင့်အားသတိပေးချက်များ ပို့နိုင်သည်။
အဆိုပါသတိပေးချက်ပုံစံများကို မတွေ့မြင်လိုပါက ယင်းတို့ကိုပိတ်ထားနိုင်သည်။
Settings
> Privacy & Security > Location Services သို့သွားပါ။
တည်နေရာဝန်ဆောင်မှုများကိုဖွင့်ခြင်း။
အက်ပ်တစ်ခုကိုနှိပ်ပါ (ထိုစာရင်းတွင် တစ်ခုခုပေါ်လာပါက)၊ ထို့နောက် ထိုအက်ပ်ကိုသုံးစဉ်တွင် သင်၏တည်နေရာကို မျှဝေလိုလားဆိုသည်ကို ရွေးချယ်ပါ။
သီးသန့်တည်ရှိမှုနှင့်တည်နေရာဝန်ဆောင်မှုများအကြောင်း ဆိုသည့် Apple အထောက်အကူပြုဆောင်းပါးကိုကြည့်ပါ။
Government Alerts ကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
အချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင် အစိုးရသတိပေးချက်စာရင်းရှိ သတိပေးချက်များအား သင် ဖွင့်ထားနိုင်သည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုရှိ iPhone တွင် National Alerts များရရှိနိုင်သည်၊ AMBER၊ Public Safety၊ Extreme Imminent Threat Alerts (ယင်းတွင်ပြင်းထန်၍အစွန်းရောက်သည့်အန္တရာယ်ဖြစ်လုဆဲဆဲသတိပေးချက်များအားလုံးပါဝင်သည်) ကို ဖွင့်နိုင်သည် သို့မဟုတ် ပိတ်နိုင်သည်။ (၎င်းတို့အား ပုံသေထားရှိထားသည်)။ ဂျပန်ရှိ iPhone တွင်၊ ဂျပန်မိုးလေဝသဌာနမှ အရေးပေါ် ငလျင်သတိပေးချက်များ လက်ခံရရှိသည်။
Settings
> Notifications ကိုသွားပါ။
အစိုးရသတိပေးချက်များကဏ္ဍသို့ရောက်သည်အထိ အောက်သို့ရွှေ့ပါ၊ ထို့နောက် သင်လက်ခံရလိုသည့် alerts များကိုဖွင့်ပါ။
Emergency Alerts နှင့် Local Awareness ကို ဖွင့်လိုလျှင် Emergency Alerts ကို နှိပ်ပါ။
မှတ်စု အချို့သောဒေသများတွင် Local Awareness သည် အချို့သော အရေးပေါ်သတိပေးချက်များ၏ အချိန်မီ၊ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုကို တိုးတက်စေနိုင်သည်။ ဥပမာ ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နှင့် ဝါရှင်တန် (နယ်နိမိတ်ချင်းထိစပ်နေသောဒေသများအပါအဝင်) တွင် iPhone တွင်ရရှိသော ငလျင်သတိပေးချက်များသည် အချိန်နှင့်တပြေးညီ သို့မဟုတ် Local Awareness ကိုဖွင့်ထားသောအခါ ပိုမိုတိကျမှုနှင့်အတူ ပေးပို့နိုင်ပါသည်။
iPhone သည် Silent မုဒ်တွင် ရှိနေလျှင်ပင် အရေးပေါ် သတိပေးချက်များအသံကို ဖွင့်ပေးရန် Always Play Soundကို ဖွင့်ပါ။
အစိုးရသတိပေးချက်များသည်ဝန်ဆောင်မှုကုမ္ပဏီနှင့် iPhone အမျိုးအစား အလိုက်အမျိုးမျိုးဖြစ်၍အခြေအနေအားလုံးတွင် အလုပ်လုပ်ချင်မှ လုပ်မည်။ အရေးပေါ်နှင့်အစိုးရသတိပေးချက်များအကြောင်း ဆိုသည့် Apple အထောက်အကူပြုဆောင်းပါးကိုကြည့်ပါ။