iPhone ရှိ Focus တစ်ခုအတွက် အကြောင်းကြားချက်များကို ခွင့်ပြုခြင်း သို့မဟုတ် အသံပိတ်ခြင်း
Focus တစ်ခုကို စီမံနေချိန်တွင် အကြောင်းကြားချက် လက်ခံရရှိလိုသော လူများနှင့် အက်ပ်များကို ရွေးချယ်ရန် ၎င်းတို့အား အသံပိတ်ခြင်း သို့မဟုတ် ခွင့်ပြုခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ဥပမာအားဖြင့်၊ Work Focus တစ်ခုအား စီမံပြီး သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်အတွက် သင် အသုံးပြုသော အက်ပ်များထံမှသာ အကြောင်းကြားချက်များကို ခွင့်ပြုရန် ပြုလုပ်နိုင်သည်။
Focus တွင် သတ်မှတ်ထားသောသူများထံမှ အကြောင်းကြားချက်များကို ခွင့်ပြုခြင်း သို့မဟုတ် အသံပိတ်ခြင်း
Settings
> Focus ကိုသွားပါ၊ ထို့နောက် Focus တစ်ခုကို ရွေးချယ်ပါ—ဥပမာ Do Not Disturb၊ Personal၊ Sleep သို့မဟုတ် Work။
People ကိုနှိပ်ပါ (သို့မဟုတ် Choose People ကိုနှိပ်ပါ)၊ ထို့နောက် ဖော်ပြပါတို့မှ တစ်ခုခုကို လုပ်ဆောင်ပါ၊
သတ်မှတ်ထားသောသူများကို ခွင့်ပြုခြင်း၊ Allow Notifications From ကိုနှိပ်ပါ၊
ကိုနှိပ်ပါ၊ ထို့နောက် သင်၏ အဆက်အသွယ်များမှ ရွေးချယ်ပါ။
အချို့သောလူအုပ်စု အချို့မှ ခေါ်ဆိုမှုများကိုခွင့်ပြုရန်နှင့် ထပ်တလဲလဲခေါ်ဆိုမှုများကို ခွင့်ပြုရန် ရွေးချယ်စရာများကို ဖွင့်နိုင်သည် (3 မိနစ်အတွင်း ထိုလူတစ်ဦးတည်းမှ နှစ်ခါ သို့မဟုတ် ထိုထက်ပိုသော ဖုန်းခေါ်မှုများ)။
သတ်မှတ်ထားသောသူများကို အသံပိတ်ခြင်း၊ Silence Notifications From ကိုနှိပ်ပါ၊
ကိုနှိပ်ပါ၊ ထို့နောက် သင်၏ အဆက်အသွယ်များမှ ရွေးချယ်ပါ။
Allow Calls From Silenced People ကိုလည်း ဖွင့်နိုင်ပါသည်။
မှတ်စု Focus ချိန်ညှိမှုများကို ထည့်သွင်းမစဉ်းစားဘဲ သင်၏အရေးပေါ်ဆက်သွယ်မှုများမှ ဖုန်းခေါ်ဆိုမှုများကို အမြဲဝင်လာစေရန် ခွင့်ပြုနိုင်သည်။ အောက်ရှိ အကြောင်းကြားချက်များ အသံပိတ်နေချိန်တွင် အရေးပေါ်ဆက်သွယ်မှုများမှ ဖုန်းခေါ်ဆိုမှုများခွင့်ပြုခြင်းကိုကြည့်ပါ။
Focus တွင် သတ်မှတ်ထားသောအက်ပ်များထံမှ အကြောင်းကြားချက်များကို ခွင့်ပြုခြင်း သို့မဟုတ် အသံပိတ်ခြင်း
Settings
> Focus ကိုသွားပါ၊ ထို့နောက် Focus တစ်ခုကို ရွေးချယ်ပါ—ဥပမာ Do Not Disturb၊ Personal၊ Sleep သို့မဟုတ် Work။
Apps ကိုနှိပ်ပါ (သို့မဟုတ် Choose Apps ကိုနှိပ်ပါ)၊ ထို့နောက် ဖော်ပြပါတို့မှ တစ်ခုခုကို လုပ်ဆောင်ပါ၊
အထူးသီးသန့် အက်ပ်များကို ခွင့်ပြုပါ၊ Allow Notifications From ကိုနှိပ်ပါ၊
၊ ကိုနှိပ်ပါ၊ ထို့နောက် အက်ပ်များကို ရွေးချယ်ပါ။
သတ်မှတ်ထားသောအက်ပ်များကို အသံပိတ်ခြင်း၊ Silence Notifications From ကိုနှိပ်ပါ၊
၊ ကိုနှိပ်ပါ၊ ထို့နောက် အက်ပ်များကို ရွေးချယ်ပါ။
မှတ်စု သင် Home ဖန်သားပြင်ကို သတ်မှတ်ထားသော ဝက်ဘ်အက်ပ်များမှ အကြောင်းကြားချက်များကို ခွင့်ပြုနိုင်သည် သို့မဟုတ် ပိတ်နိုင်သည်။ (သင်၏ Home ဖန်သားပြင်သို့ ဝက်ဘ်ဆိုက်သင်္ကေတတစ်ခုတည့်သွင်းခြင်းကိုကြည့်ပါ။)
အက်ပ်အားလုံးမှ အချိန်အရေးကြီးသည့် အကြောင်းကြားချက်များကို ချက်ချင်းပို့ပေးနိုင်သော Time Sensitive Notifications များကိုလည်း ဖွင့်နိုင်ပါသည်။
သင်၏ Focus အခြေအနေကို မျှဝေခြင်း
Focus တစ်ခုကို အသုံးပြုနေချိန်တွင် ၎င်းသည် လူများနှင့် အက်ပ်များထံမှ လက်ခံရရှိမည့် အကြောင်းကြားချက်များကို ကန့်သတ်နိုင်သည်။ သင်ခွင့်ပြုထားသော အသိပေးချက်များအပြင် တစ်ဦးတစ်ယောက်မှ သင့်ကိုဆက်သွယ်ရန်ကြိုးစားသည့်အခါ သင်၏ Focus အခြေအနေသတ်မှတ်ချက်က Messages နှင့်သင် ခွင့်ပြုချက်ပေးထားသော အခြားအက်ပ်များတွင်ပေါ်လာမည်ဖြစ်သောကြောင့် သင်မအားလပ်သည်ကို ၎င်းတို့သိရှိမည်ဖြစ်သည်။
သင်၏ Focus အခြေအနေကို မျှဝေရန် အက်ပ်အား ခွင့်ပြုချက်ပေးလိုက်သောအခါ သင့်တွင် အကြောင်းကြားချက်များ အသံပိတ်တ်ထားကြောင်းကို အခြားသူများမှမြင်နိုင်သော်လည်း သင်ဖွင့်ထားသည့် Focus ၏ အမည်ကို မမြင်နိုင်ပါ။ ဤသတင်းအချက်အလက်များကို ဖွင့်ထားသော Focus တစ်ခုရှိပြီး အက်ပ်ကို ခွင့်ပြုချက်ပေးပြီးမှသာ မျှဝေသွားမည်ဖြစ်သည်။
Settings
> Focus > Focus Status ကိုသွားပါ။
Share Focus Status ကို ဖွင့်ပါ၊ ထို့နောက် သင် မျှဝေလိုသော Focus ရွေးချယ်စရာများကို ရွေးချယ်ပါ။
အကြောင်းကြားချက်များ အသံပိတ်နေချိန်တွင် အရေးပေါ်ဆက်သွယ်မှုများမှ ဖုန်းခေါ်ဆိုမှုများခွင့်ပြုခြင်း
iPhone သို့မဟုတ် အကြောင်းကြားချက်များကိုအသံပိတ်ထားသည့်အခါတွင်ပင် အရေးပေါ်ဆက်သွယ်မှုများမှ အသံများနှင့်တုန်ခါမှုများ ဝင်လာစေရန် ခွင့်ပြုနိုင်သည်။
Contacts
ကို ဖွင့်ပါ။
အဆက်အသွယ်တစ်ခုကိုနှိပ်ပါ၊ ထို့နောက် Edit ကိုနှိပ်ပါ။
Ringtone သို့မဟုတ် Text Tone ကိုနှိပ်ကာ Emergency Bypass ကိုဖွင့်ပါ။
သို့မဟုတ် သင်၏ Medical ID ကိုထည့်သွင်း၍ အရေးပေါ်အဆက်အသွယ်တစ်ခုကို သတ်မှတ်ထားပါ။