iPhone ရှိ Notes တွင် ပုံသေနည်းများနှင့် ညီမျှခြင်းများကို ရိုက်ထည့်ခြင်း
Notes အက်ပ်တွင် သင်္ချာဖြင့် ပုံကြမ်းများဆွဲပါ၊ ညီမျှခြင်းများကို ဖြေရှင်းပါ၊ ကိန်းရှင်များသတ်မှတ်ပေးပြီး ဂရပ်များဆွဲပါ။ သင်္ချာဆိုင်ရာပုစ္ဆာများကို သင်ရေးသည့်အခါ သို့မဟုတ် ညီမျှခြင်းသင်္ကေတတစ်ခု ရိုက်ထည့်သည့်အခါ အစီအစဉ်တကျ ဖြေရှင်းသည်။
မှတ်စု Notes အက်ပ်သည် အနောက်အာရပ်ဂဏန်းများနှင့် ဘုံသင်္ချာသင်္ကေတများကို အသုံးပြု၍ ရေးသားထားသော သင်္ချာကို ပံ့ပိုးပေးသည်၊ သို့မဟုတ် အာရပ် (အရှေ့နှင့် အနောက်) နှင့် ဒေဝနဂရီ ဂဏန်းများနှင့် ဘုံသင်္ချာသင်္ကေတများကို အသုံးပြုထားသည်။

မှတ်စုတစ်ခုတွင် သင်္ချာဆိုင်ရာပုစ္ဆာထည့်ခြင်း
သင့် iPhone ရှိ Notes အက်ပ်
ကိုသွားပါ။
မှတ်စုတစ်ခုကိုဖွင့်ပါ သို့မဟုတ် မှတ်စုအသစ်တစ်ခု စတင်ရန်
ကိုနှိပ်ပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
သင်္ချာပုစ္ဆာတစ်ခုကို ရိုက်ထည့်ပါ၊ ထို့နောက် ညီမျှခြင်းသင်္ကေတတစ်ခု ထည့်ပါ။
ကိုနှိပ်ပါ၊ သင်္ချာပုစ္ဆာကို အလျားလိုက်ရေးပါ၊ ထို့နောက် ညီမျှခြင်းသင်္ကေတတစ်ခု ထည့်သွင်းပါ။
ကိုနှိပ်ပါ၊ ဂဏန်းများကို အတန်းလိုက်ရေးလိုက်ပါ၊ ထို့နောက် အတန်းလိုက် ကိန်းများပေါင်းထည့်ရန် ထိုဂဏန်းများအောက်တွင် အလျားလိုက်မျဉ်းတစ်ကြောင်းဆွဲပါ။ သင်သည် မတူသည့် လုပ်ဆောင်ချက်လိုချင်ပါက ဂဏန်းအသီးသီး၏ ဘယ်ဘက်တွင် မတူသည့် သင်္ကေတတစ်ခုရေးပါ။
သင်ရေးခဲ့သည့် အရာတွင် Notes မှ နားလည်သည့် အရာကိုကြည့်ရန် ညီမျှခြင်းသင်္ကေကိုနှိပ်ပါ။ အမှားများကို ပြင်ရန် အောက်ပါတို့မှ တစ်ခုခုကို ပြင်နိုင်သည်၊
အသိအမှတ်ပြုမထားသော သင်္ချာနှင့် မဖြေရှင်းနိုင်သော ပုစ္ဆာများ၊ အမှားနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များကိုကြည့်ရှုရန် အနီရောင် အစက်မျဉ်းတစ်ခုခုကိုနှိပ်ပါ။
မသေချာသည့် စာလုံးများ၊ သင်ရေးခဲ့သည့်အရာကို ရှင်းရှင်းလင်းလင်းသိရန် အပြာရောင်အစက်မျဉ်းတစ်ခုခုကိုနှိပ်ပါ။
ဂရပ်တစ်ခု ဖန်တီးခြင်း
သင့် iPhone ရှိ Notes အက်ပ်
ကိုသွားပါ။
မှတ်စုတစ်ခုကိုဖွင့်ပါ သို့မဟုတ် မှတ်စုအသစ်တစ်ခု စတင်ရန်
ကိုနှိပ်ပါ။
y ကိန်းရှင်သည် ညီမျှခြင်း၏ ဘယ်ဘက်တွင်ရှိပြီး x နှင့် y ကိန်းရှင်များနှင့် ညီမျှခြင်းတစ်ခုကို စာရိုက်ရန် သို့မဟုတ် ရေးရန်။ ဥပမာ y = 5x + 3။
သင် ဂရပ်အသစ်ဖန်တီးရန် ရေးထားပြီးဖြစ်သော ညီမျှခြင်းတစ်ခု၏ ညီမျှခြင်းသင်္ကေတတစ်ခုကိုလည်း နှိပ်နိုင်သည်။
ညီမျှခြင်းပြီးသည့်အခါ ဇယားတစ်ခု ပေါ်လာမည်။ Insert Graph ကိုနှိပ်ပါ။
y ကိန်းရှင်သည် ဒေါင်လိုက်ဝင်ရိုးကို ကိုယ်စားပြုပြီး x ကိန်းရှင်သည် အလျားလိုက်ဝင်ရိုးကို ကိုယ်စားပြုပါသည်။
အလားတူဂရပ်ထဲတွင်ပဲ နောက်ထပ်ညီမျှခြင်းတစ်ခုပေါင်းထည့်ရန် ညီမျှခြင်းအသစ်ကို စာရိုက်ပါ သို့မဟုတ် ရေးပါ၊ ထို့နောက် Add to Existing Graph ကိုနှိပ်ပါ။
iPhone ရှိ Calculatorတွင် Math Notes နှင့် ဂရပ်များနှင့်ပြုလုပ်ခြင်းကိုလည်း ကြည့်နိုင်သည်။
Calculator အက်ပ်တွင် ဖန်တီးထားသော Math Notes ကိုဝင်ရောက်ခြင်း
သင့် iPhone ရှိ Notes အက်ပ်
ကိုသွားပါ။
Folders စာရင်းတွင် Math Notes ကိုနှိပ်ပါ။
Calculatorတွင် Math Notes နှင့် သင်္ချာဖြေရှင်းခြင်းကိုကြည့်ပါ။