iPhone Home ဖန်သားပြင်ရှိအက်ပ်များနှင့် အလွယ်သုံးပုံစံများကို ရွှေ့ခြင်း
အသင့်တော်ဆုံးအသွင်အပြင်ကို ဖန်တီးရန်အတွက် Home ဖန်သားပြင်ပေါ်တွင် အက်ပ်များနှင့် အလွယ်သုံးပုံစံများကို နေရာတိုင်းသို့ရွှေ့နိုင်သည်—သင့် wallpaper ဓာတ်ပုံကိုဘောင်ခတ်ခြင်း၊ အက်ပ်များနှင့် အလွယ်သုံးပုံစုံများကို ဘေးဘက် သို့မဟုတ် အောက်ခြေတစ်လျှောက်တွင်စီခြင်း၊ သို့မဟုတ် ၎င်းတို့ကို အခြား Home ဖန်သားပြင် စာမျက်နှာများသို့ ဆွဲယူခြင်း။ သင့်တွင် Home ဖန်သားပြင် စာမျက်နှာများ အများအပြားရှိပါက တစ်ခုချင်းစီသည် တစ်မူထူးသည့် အသွင်အပြင်ရှိနိုင်သည်။ Home ဖန်သားပြင် စာမျက်နှာများကို ယာယီလည်းဖျောက်နိုင်သည်၊ အက်ပ်အသစ်များကို မည်သည့်နေရာသို့ ဒေါင်းလုတ်ရယူသည်ကို ပြောင်းလဲနိုင်သည် အစရှိသည်တို့ကို ပြုလုပ်နိုင်သည်။
အကြံပြုချက် သီးသန့် Focus (ဥပမာ၊ သင့်Work Focus) နှင့်ဆက်စပ်သည့် အက်ပ်များနှင့် အလွယ်သုံးပုံစံများအားလုံးကို Home ဖန်သားပြင် စာမျက်နှာတစ်ခုထဲသို့ ထားနိုင်ပြီး ထို Focus သုံးနေစဉ်အတွင်း အဆိုပါစာမျက်နှာကိုသုံး၍ရနိုင်သည်။
သင့် Home ဖန်သားပြင်ရှိအက်ပ်များနှင့် အလွယ်သုံးပုံစံများကို ရွှေ့ခြင်း
အမျိုးအစားများစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာသည်အထိ Home ဖန်သားပြင်နောက်ခံကို ထိပြီးထိန်းထားပါ။
အောက်ပါနေရာများမှ တစ်နေရာသို့ အက်ပ် သို့မဟုတ် အလွယ်သုံးပုံစံတစ်ခုကို ဖိဆွဲသွားပါ၊
တူညီသောစာမျက်နှာရှိ အခြားနေရာတစ်ခု—ဖန်သားပြင်၏ ထိပ်ဘက်၊ အောက်ခြေဘက်နှင့် ဘေးဘက်တို့အပါအဝင်
Home ဖန်သားပြင် စာမျက်နှာနောက်တစ်ခုသို့
ထိုအက်ပ် သို့မဟုတ် အလွယ်သုံးပုံစံကို ဖန်သားပြင်၏ ညာဘက်စွန်းသို့ ဖိဆွဲသွားပါ။ စာမျက်နှာအသစ်ပေါ်လာရန် ခေတ္တမျှစောင့်ဆိုင်းရန်လိုအပ်ပါသည်။ Dock အထက်ရှိ အစက်လေးများသည် pages အရေအတွက်နှင့် လက်ရှိရောက်နေသည့် စာမျက်နှာကို ညွှန်ပြသည်။
သင်ပြီးသွားသည့်အခါ Home ခလုတ်ကိုနှိပ်ပါ (Home ခလုတ်ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် Home ဖန်သားပြင်နောက်ခံကိုနှိပ်ပါ (အခြား iPhone အမျိုးအစားများတွင်)။
အလွယ်သုံးပုံစံတစ်ခုကို ဖယ်ရှားရန် Home ဖန်သားပြင်မှ အလွယ်သုံးပုံစံတစ်ခုကို ဖယ်ရှားခြင်းကိုကြည့်ပါ။
Home ဖန်သားပြင်နှင့် အက်ပ်များကို မူလအနေအထားသို့ ပြန်ပြောင်းခြင်း
Settings
> General > Transfer သို့မဟုတ် Reset iPhone ကိုသွားပါ။
Reset ကိုနှိပ်ပါ၊ Reset Home Screen Layout ကိုနှိပ်ပါ၊ ထို့နောက် Reset Home Screen ကိုနှိပ်ပါ။
သင်ဖန်တီးထားသည့် ဖိုင်တွဲဟူသမျှကိုဖယ်ရှားပြီးနောက် သင်၏ iPhone တွင် မူလပါရှိသည့် အက်ပ်များနောက်တွင် သင်ဒေါင်းလုတ်လုပ်ထားသော အက်ပ်များကို အက္ခရာလိုက်စဉ်ပေးသည်။