iPhone အသုံးပြုကာ အသံများကိုမှတ်သားခြင်း
သင်၏ iPhone သည်—တံခါးမြည်သံ၊ အချက်ပေးဥသြသံ သို့မဟုတ် ကလေးငိုသံကဲ့သို့—ကွဲပြားသောအသံများကို အချိန်မလပ်နားထောင်ကာ ၎င်းအသံများကိုဖမ်းယူမိသည့်အခါ သင့်ကိုအသိပေးပါသည်။
မှတ်စု သင့်အနေနှင့် ထိခိုက်နစ်နာနိုင်သော သို့မဟုတ် ဒဏ်ရာအနာတရရနိုင်သော အခြေအနေမျိုးတွင်လည်းကောင်း၊ အန္တရာယ်ကြီးသော သို့မဟုတ် အရေးပေါ်အခြေအနေမျိုးတွင်လည်းကောင်း သို့မဟုတ်ပါက လမ်းကြောင်းသွားလာခြင်းတို့တွင် အသံများကိုမှတ်မိစေရန် သင်၏ iPhone ကိုအားမကိုးပါနှင့်။
အသံအသိအမှတ်ပြုခြင်းကိုစီမံခြင်း
Settings
> Accessibility > Sound Recognition သို့သွားကာ Sound Recognition ကိုဖွင့်ပါ။
Sounds ကိုနှိပ်ကာ iPhone က မှတ်သားထားစေချင်သည့် အသံများကိုဖွင့်ပါ။
အကြံပြုချက် Sound Recognition အမြန်အဖွင့်အပိတ်လုပ်ရန် ၎င်းအား Control Centerသို့ပေါင်းထည့်ပါ။
စိတ်ကြိုက်နှိုးစက်၊ အသုံးအဆောင်ပစ္စည်း သို့မဟုတ် တံခါးဘဲလ်တစ်ခုထည့်သွင်းခြင်း
စိတ်ကြိုက်နှိုးစက်၊ အသုံးအဆောင်ပစ္စည်း သို့မဟုတ် တံခါးဘဲလ်တို့ကို အလိုအလျောက်မှတ်သားခြင်းမရှိပါက ၎င်းတို့ကို မှတ်သားရန်လည်း iPhone ကိုစီမံလုပ်ဆောင်နိုင်သည်။
Settings
> Accessibility > Sound Recognition > Sounds သို့သွားပါ။
Custom Alarm သို့မဟုတ် Custom Appliance သို့မဟုတ် Doorbell ကိုနှိပ်ပါ၊ ထို့နောက် အမည်တစ်ခုကိုဖြည့်ပါ။
သင်၏ နှိုးစက်၊ အသုံးအဆောင်ပစ္စည်း သို့မဟုတ် တံခါးဘဲလ်တို့အသင့်ဖြစ်သည့်အခါ အသံအနီးတွင် iPhone ကိုထား၍ နောက်ခံဆူညံသံကို အနည်းဆုံးဖြစ်ရန်လုပ်ဆောင်ပါ။
Start Listening ကိုနှိပ်ပါ၊ ဖန်သားပြင်ပေါ်ရှိ လမ်းညွှန်ချက်များအတိုင်းလိုက်နာပါ။