iPhone ရှိ Maps တွင် နေရာများကို အဆင့်သတ်မှတ်ခြင်းနှင့် ဓာတ်ပုံများထည့်ခြင်း
အခြား Maps အသုံးပြုသူများကို ကူညီရန် သင်သွားရောက်ခဲ့သည်နေရာများကို အဆင့်သတ်မှတ်ခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများပြုလုပ်နိုင်သည်။
တူညီသည့် Apple Account သို့ဝင်ရောက်ထားသည့်နေရာတိုင်းတွင် သင့်အဆင့်သတ်မှတ်ချက်များနှင့် ဓာတ်ပုံများပေါ်လာမည်။
![တည်နေရာ၊ ဓာတ်ပုံများနှင့် တည်နေရာကို အဆင့်သတ်မှတ်ရန် ခလုတ်များအတွက် ခြုံငုံအဆင့်သတ်မှတ်ထားသော နေရာကတ်တစ်ခု။](https://help.apple.com/assets/67104C956810595555038D9A/67104C9D2EEB5C79B1030278/my_MM/2e125a21fc7b69577377d51e535f4dfb.png)
မှတ်စု Apple Ratings နှင့် Photos feature ကို ရွေးချယ်ထားသော ဧရိယာများတွင် ရရှိနိုင်သည်။ လုပ်ဆောင်ချက်များသည် နိုင်ငံနှင့်ဒေသအလိုက် ကွဲပြားနိုင်သည်။
နေရာတစ်ခုကို သတ်မှတ်ခြင်း
သင့် iPhone ရှိ Maps အက်ပ်
ကိုသွားပါ။
မြေပုံပေါ်တွင် နေရာတစ်ခု သို့မဟုတ် ရှာဖွေမှုရလဒ်တစ်ခုကိုနှိပ်ပါ။
တည်နေရာပေါ်မူတည်၍ နေရာကတ်ကို အောက်သို့ဆွဲချခြင်း သို့မဟုတ် Rate ကိုနှိပ်ခြင်း (နေရာကတ်၏ ထိပ်အနီး) ပြုလုပ်ပါ။
မှတ်စု အဆင့်သတ်မှတ်ခြင်း အမျိုးအစားများ သို့မဟုတ် Rate ခလုတ်များ မတွေ့ပါက တည်နေရာကို အဆင့်သတ်မှတ်ခြင်း ပြုလုပ်၍မရပါ။
ရရှိနိုင်သောအမျိုးအစားများအတွက်
သို့မဟုတ်
ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
သင့်စိတ်ပြောင်းလျှင် နောက်ပိုင်းတွင် သင့်အဆင့်သတ်မှတ်ချက်များကို ပြုပြင်နိုင်သည်။
နေရာတစ်ခုအတွက် ဓာတ်ပုံများထည့်ခြင်း
သင့် iPhone ရှိ Maps အက်ပ်
ကိုသွားပါ။
မြေပုံပေါ်တွင် နေရာတစ်ခု သို့မဟုတ် ရှာဖွေမှုရလဒ်တစ်ခုကိုနှိပ်ပါ။
သင်ပါဝင်ထားသော ဓာတ်ပုံများအတွက် သင့်ကိုယ်သင် အသိအမှတ်ပြုရန် Photo Credit ကိုနှိပ်ပါ၊ထို့နောက် Show Credit ကို ဖွင့်ပါ။
သင်ရွေးချယ်သော ဓာတ်ပုံမှတ်တမ်းရွေးချယ်မှုသည် သင်ယခင်ကထည့်သွင်းခဲ့သော ဓာတ်ပုံအားလုံးနှင့် နောက်ပိုင်းဆက်လက်ထည့်သွင်းသွားမည့် ဓါတ်ပုံများတွင်ပါ သုံးသွားမည်ဖြစ်သည်။
Add Your Photos ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ် ရှိလမ်းညွှန်ချက်များကိုလိုက်နာပါ။
Apple တွင် သင်၏ဓာတ်ပုံများကိုတင်ရန် သင်သည် Apple Accountတစ်ခုရှိရမည်။
မှတ်စု နေရာကတ်ပေါ်တွင် အဆင့်သတ်မှတ်ခြင်း အမျိုးအစားများ သို့မဟုတ် Rate ခလုတ်ကို မတွေ့ပါက တည်နေရာကို ဓာတ်ပုံထည့်ခြင်း ပြုလုပ်၍မရပါ။
သင့်ဓာတ်ပုံများကို လူသိရှင်ကြားမျှဝေခြင်း
သင်သည် ကုမ္ပဏီများကို ၎င်းတို့၏ ကိုယ်ပိုင်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတွင် Maps သို့ သင်ထည့်ခဲ့သော ဓာတ်ပုံများကို အသုံးပြုရန်ခွင့်ပြုနိုင်သည်။
Settings
> Apps > Maps ကိုသွားပါ။
Use Your Photos ကို အသုံးပြုရန် Allow Photo Providers ကိုဖွင့်ပါ။
သင်မျှဝေသော ဓာတ်ပုံများတွင် တည်နေရာအချက်အလက်ပါသော်လည်း သင်မည်သူမည်ဝါဖြစ်ကြောင်းမပါပါ။ သင် ဤချိန်ညှိခြင်းကို ပိတ်ပါက၊ ဓာတ်ပုံပံ့ပိုးသူများသည် သင့်ဓာတ်ပုံများကို အသုံးပြုတော့မည်မဟုတ်ပါ။ (သက်ရောက်မှုရှိရန် ရက်အနည်းငယ် ကြာနိုင်သည်။)
နေရာတစ်ခုအတွက် သင့်ဓာတ်ပုံများကို ပြုပြင်ခြင်း
သင်သည် ဓာတ်ပုံများကို ပေါင်းထည့်ခြင်းနှင့် ဖယ်ရှားခြင်း၊ သင်၏ဓါတ်ပုံမှတ်တမ်း ထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းနှင့် သင့်ဓာတ်ပုံမှတ်တမ်းအတွက် နာမည်ပြောင်တစ်ခု ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။
သင့် iPhone ရှိ Maps အက်ပ်
ကိုသွားပါ။
Library အောက်တွင်
ကိုနှိပ်ပါ၊ ထို့နောက် Places ကိုနှိပ်ပါ။
ပြုပြင်ချင်သည့်နေရာများ၏ ဓာတ်ပုံများကို နှိပ်ပါ။
အဆင့်သတ်မှတ်ထားသော နေရာများထဲမှ တစ်ခုကို ရွေးချယ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာတစ်ခုကို လုပ်ဆောင်ပါ၊
အခြားဓာတ်ပုံ ထည့်သွင်းခြင်း၊ Your Photos ကိုနှိပ်ပါ၊ ထို့နောက် Add ကိုနှိပ်ပါ။
ဓာတ်ပုံတစ်ပုံကို ဖယ်ရှားရန်၊ Your Photos ကိုနှိပ်ပါ၊ ဓါတ်ပုံကို ရွေးချယ်ပါ၊
ကိုနှိပ်ပါ၊ ထို့နောက် Delete Your Photo ကိုနှိပ်ပါ။
သင်၏ဓါတ်ပုံမှတ်တမ်းကို ပြောင်းခြင်း၊ Your Photos ကိုနှိပ်ပါ၊ ဓါတ်ပုံကို ရွေးချယ်ပါ၊
ကိုနှိပ်ပါ၊ ထို့နောက် Change Photo Credit ကိုနှိပ်ပါ။ သင်ရွေးချယ်သော ဓာတ်ပုံမှတ်တမ်းရွေးချယ်မှုသည် သင်ယခင်ကထည့်သွင်းခဲ့သော ဓာတ်ပုံအားလုံးနှင့် နောက်ပိုင်းဆက်လက်ထည့်သွင်းသွားမည့် ဓါတ်ပုံများတွင်ပါ သုံးသွားမည်ဖြစ်သည်။
အဆင့်သတ်မှတ်ချက်များနှင့် ဓာတ်ပုံအကြံပြုချက်များရယူခြင်းကို ရပ်ခြင်း
အကယ်၍ စိတ်ဝင်စားဖွယ်နေရာတစ်ခုသို့ သင်မကြာခင်က သွားရောက်လည်ပတ်ခဲ့လျှင် သို့မဟုတ် ဓာတ်ပုံရိုက်ခဲ့လျှင် အဆင့်သတ်မှတ်မှု သို့မဟုတ် ဓာတ်ပုံကို ထည့်သွင်းရန် Maps တွင် အကြံပြုချက်များကို သင်ရရှိကောင်း ရရှိနိုင်မည်။ အဆိုပါအကြံပြုချက်များသည် on-device processing ကိုအသုံးပြုထားပြီး Apple ဖြင့် မဖတ်နိုင်ပါ။ ဤအကြံပြုချက်များကိုလက်မခံလိုပါက ၎င်းတို့ကို ပိတ်ထားနိုင်သည်။
Settings
> Apps > Maps ကိုသွားပါ။
Show Ratings နှင့် Photos Suggestions ကိုပိတ်ပါ။