iPhone ရှိ SharePlay နှင့် CarPlay ကိုအသုံးပြုကာ ကားထဲတွင် သီချင်းအတူတကွဖွင့်ခြင်း
SharePlay နှင့် CarPlay ကိုအသုံးပြု၍ သင်နှင့် သင့်ခရီးသည်များအားလုံး ကားထဲတွင် ဖွင့်နေသည့် သီချင်းကို ထိန်းချုပ်နိုင်သည်။
ခရီးသည်များသည် SharePlay ကို နည်းလမ်းနှစ်မျိုးဖြင့် ပါဝင်နိုင်သည်၊ ၎င်းတို့၏ iPhone တွင် အကြောင်းကြားချက်ကို နှိပ်ခြင်း သို့မဟုတ် QR ကုဒ်ကို စကင်န်ဖတ်ခြင်းဖြင့်၊ CarPlay Now Playing ဖန်သားပြင်ပေါ်ရှိ သို့မဟုတ် အခြားခရီးသည်၏ iPhone ၏ Now Playing ဖန်သားပြင်တွင် ပါဝင်နိုင်သည်။
သင် မစတင်မီ
ယာဉ်မောင်းသည် iOS 17 သို့မဟုတ် နောက်ပိုင်းအမျိုးအစားရှိသည့် iPhoneတစ်လုံး ရှိရမည်ဖြစ်ပြီး Apple Music စာရင်းသွင်းထားသူဖြစ်ရမည်။
ခရီးသည်များသည် iOS 17 သို့မဟုတ် နောက်ပိုင်းအမျိုးအစားရှိသည့် iPhone တစ်လုံးရှိရမည်ဖြစ်သော်လည်း၊ Apple Music စာရင်းသွင်းထားသူဖြစ်ရန် မလိုအပ်ပေ။
လူတိုင်းသည် ကားထဲတွင် သီချင်းဖွင့်သည်အခါ ၎င်းတို့အဆက်အသွယ်များမှ ၎င်းတို့ကိုရှာဖွေတွေ့ရှိစေရန် ခွင့်ပြုပေးထားရမည်ဖြစ်သည်—Settings
> Apps > Music သို့သွားပါ၊ ထို့နောက် Discoverable by Nearby Contacts အားဖွင့်ပြီးသားမဖြစ်လျှင် ဖွင့်ပါ။
သင့် iPhone ရှိ CarPlay ဖြင့် SharePlay အားစတင်ခြင်း
သင်နှင့် သင့်ခရီးသည်များသည် ကားထဲတွင် SharePlay ကိုအသုံးပြုရန် အသီးသီးဖွင့်ကြသည်။
CarPlay ကို အသုံးပြု၍ သင်၏ iPhone မှ သီချင်းများ ဖွင့်ရန်စတင်ခြင်း။
ခရီးသည်များ၏ iPhone စက်ပစ္စည်းများ၏ သော့ပိတ်ထားသည့်ဖန်သားပြင်ပေါ်တွင် အကြောင်းကြားချက်တစ်ခုပေါ်လာမည်။ Connect ကိုနှိပ်ပြီးနောက် CarPlay တွင် အကြောင်းကြားချက်တစ်ခု လက်ခံရရှိသည်။
ခရီးသည်၏ အမည်ကို နှိပ်ပါ၊ ထို့နောက် ခရီးသည်အား သင်၏ iPhone မှ သီချင်းအားရွေးချယ်၍ တိုက်ရိုက်ဖွင့်ခြင်းကို ခွင့်ပြုရန်
ကိုနှိပ်ပါ။
ခရီးသည်တစ်ယောက်အား သင်ခွင့်ပြုပေးပြီးနောက် ၎င်းတို့၏ အသုံးပြုခွင့်အား သင်မရပ်ဆိုင်းပါက ၎င်းတို့သည် တူညီသောလုပ်ငန်းစဥ်ကို မလုပ်ဆောင်ဘဲ နောက်ပိုင်းတွင် SharePlay ကိုပါဝင်နိုင်သည်။
SharePlay တွင်ပါဝင်ရန် QR ကုဒ်တစ်ခုကို အသုံးပြုခြင်း
QR ကုဒ်ကို ဖတ်၍ Bluetooth® ဖြင့်လည်း SharePlay တွင်ခရီးသည်များ ပါဝင်နိုင်စေရန်လည်း ခွင့်ပြုနိုင်သည်။
CarPlay ထဲရှိ Now Playing ဖန်သားပြင်တွင်
ကိုနှိပ်ပါ။
CarPlay ဖန်သားပြင်ပေါ်တွင် QR ကုဒ်တစ်ခု ပေါ်လာသည်။
ခရီးသည်တစ်ဦးအား ၎င်းတို့၏ iPhone ရှိ Camera အက်ပ်ကိုဖွင့်ပြီး ကင်မရာကို QR ကုဒ်ကို ချိန်ထားပါ။
SharePlay ထံ ဆက်သွယ်မှုတစ်ခုတောင်းဆိုရန် ၎င်းတို့၏ iPhone ရှိ QR ကုဒ်၏ ပုံအောက်တွင် ခလုတ်တစ်ခု ပေါ်လာသည်။ ခရီးသည်သည် ခလုတ်ကို နှိပ်ပြီး Connect ကိုနှိပ်ပါ။
ခရီးသည်အား ပါဝင်ခွင့်ပြုရန် CarPlay ဖန်သားပြင်ပေါ်ရှိ
ကိုနှိပ်ပါ။
အခြားခရီးသည်များကို ထည့်ရန် QR ကုဒ်တစ်ခုကို အသုံးပြုခြင်း
အကယ်၍ သင်သည် ကားတစ်စီးရှိ သီချင်းများကို ထိန်းချုပ်ရန် SharePlay ကို အသုံးပြုနေသည့် ခရီးသည်ဖြစ်ပါက ယာဉ်မောင်းသည် လမ်းပေါ်တွင် အာရုံစိုက်နေချိန်တွင် အခြားခရီးသည်များကို ဖိတ်ကြားနိုင်ပါသည်။
သင့် iPhone ရှိ Music အက်ပ်
ကိုသွားပါ။
Now Playing ဖန်သားပြင်ကိုဖွင့်ပါ၊ ထို့နောက် ဖန်သားပြင်အောက်ခြေရှိ
ကိုနှိပ်ပါ။
SharePlay အကွက်တစ်ခုပေါ်လာကာ ပါဝင်သူများအားလုံးနှင့် ပါဝင်ရန်အတွက် QR ကုဒ်တစ်ခုကို စာရင်းသွင်းပေးသည်။
ခရီးသည်တစ်ဦးအား ၎င်းတို့၏ iPhone ရှိ Camera အက်ပ်ကိုဖွင့်ပြီး ကင်မရာကို QR ကုဒ်ကို ချိန်ထားပါ၊ ကုဒ်အောက်တွင်ပေါ်လာသည့် ခလုတ်ကို နှိပ်ပါ၊ ထို့နောက် Connect ကိုနှိပ်ပါ။
ခရီးသည်အား ပါဝင်ခွင့်ပြုရန် CarPlay ဖန်သားပြင်ပေါ်ရှိ
ကို ယာဉ်မောင်းမှ နှိပ်ပါ။
ကားထဲရှိ SharePlay ကိုထွက်ခြင်း သို့မဟုတ် အဆုံးသတ်ခြင်း
သင်သည် ခရီးသည်တစ်ဦးဖြစ်နေလျှင်၊ Now Playing ၏ အောက်ခြေရှိ
ကိုနှိပ်ပြီးနောက် Leave ကိုနှိပ်ပါ။
သင်သည် ယာဉ်မောင်းဖြစ်နေလျှင်၊ CarPlay ဖန်သားပြင်ပေါ်ရှိ End ကိုနှိပ်ပါ။