iPhone ရှိ App Store တွင် အက်ပ်များကို ရယူခြင်း
App Store အက်ပ်တွင် အက်ပ်အသစ်များ၊ အသားပေးဖော်ပြထားသော သတင်းများ၊ အကြံပြုချက်များနှင့် သုံးစွဲပုံများနှင့် အက်ပ်တွင်းရှိ ပွဲစဥ်များနှင့် ကမ်းလှမ်းချက်များကို ရှာဖွေနိုင်သည်။
မှတ်စု App Store ကိုအသုံးပြုရန်အတွက် အင်တာနက်ချိတ်ဆက်မှုတစ်ခုနှင့် Apple Account တစ်ခုကို လိုအပ်ပါသည်။ App Store နှင့် Apple Arcade တို့ကို ရရှိနိုင်ခြင်းရှိမရှိသည် နိုင်ငံ သို့မဟုတ် ဒေသ အလိုက် ကွာခြားပါသည်။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှုကိုကြည့်ပါ။
အက်ပ်များကိုရှာဖွေခြင်း
သင့် iPhone ရှိ App Store အက်ပ်
ကိုသွားပါ။
အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊
ယနေ့၊ အသားပေးဖော်ပြထားသည့် သတင်းများ၊ အက်ပ်များနှင့် အက်ပ်အတွင်းပွဲများကိုရှာဖွေခြင်း။
ဂိမ်းများ၊ အတိုက်အခိုက်၊စွန့်စားခြင်း၊ အပြေးပြိုင်ပွဲ၊ ပဟေဠိနှင့် အစရှိသည်တို့ ပါဝင်သည့်အမျိုးအစား တစ်ဒါဇင်ကျော်ပါရှိသည့် နောက်ထပ်ဂိမ်းများကိုရှာပါ။
အက်ပ်များ၊ ထုတ်ပြန်ချက်အသစ်များကို လေ့လာပါ၊ ထိပ်ဆုံးရှိ ဇယားများကိုကြည့်ပါ သို့မဟုတ် အမျိုးအစားလိုက် ရှာဖွေပါ။
ဂိမ်းများစာရင်းပေးသွင်းနိုင်သည့်ဝန်ဆောင်မှု၊ ကြော်ငြာမပါဘဲ သို့မဟုတ် အက်ပ်အတွင်းဝယ်ယူမှုမရှိဘဲ( အသင်းဝင်ကြေးလိုအပ်သည်) Apple Arcade မှ ရွေးချယ်ထားသည့် ပရီမီယံဂိမ်းစုစည်းမှုကို ခံစားကြည့်ပါ။
Search၊ သင်ရှာဖွေနေသည့်အရာကို ရိုက်ထည့်ပါ၊ ထို့နောက် စာရိုက်ခလုတ်ခုံပေါ်ရှိ Search ကိုနှိပ်ပါ။ မတူညီသည့် အမျိုးအစားများကို ရှာဖွေခြင်း သို့မဟုတ် အကြံပြုထားသည့် အက်ပ်များကို ရှာဖွေနိုင်သည်။
အောက်ပါသတင်းအချက်အလက်နှင့် စသည်တို့ကိုကြည့်ရန် အက်ပ်တစ်ခုကိုနှိပ်ပါ၊
ဖန်သားပြင်ပုံရိပ်များ သို့မဟုတ် ကြိုတင်ကြည့်ရှုမှုများ
အက်ပ်အတွင်းပွဲစဥ်များနှင့် ကမ်းလှမ်းချက်များ
အဆင့်သတ်မှတ်ချက်များနှင့် ပြန်လည်သုံးသပ်ချက်များ
ထောက်ပံ့ပေးထားသော ဘာသာစကားများ
Game Center နှင့် မိသားစုမျှဝေမှုထောက်ပံ့မှု
အခြား Apple စက်ပစ္စည်းများနှင့် တွဲဖက်သုံးနိုင်ခြင်း
ဖိုင်အရွယ်အစား
လုံခြုံရေး သတင်းအချက်အလက်- အက်ပ်များတွင် အချက်အလက်သို့ ဝင်ရောက်ကြည့်ရှုခွင့်ကို ထိန်းချုပ်ခြင်းကိုကြည့်ပါ။
Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Search the App Store for cooking apps.” Siri အားအသုံးပြုပုံကိုလေ့လာခြင်း။
အက်ပ်တစ်ခုကို ဝယ်ယူခြင်း ဒေါင်းလုတ်လုပ်ခြင်း
သင့် iPhone ရှိ App Store အက်ပ်
ကိုသွားပါ။
သင်လိုချင်သည့် အက်ပ်သို့သွားပါ၊ ထို့နောက် Get (အက်ပ်သည် အခမဲ့ဖြစ်ပါက) သို့မဟုတ် ဈေးနှုန်းကိုနှိပ်ပါ။
Get သို့မဟုတ် ဈေးနှုန်းအစား
ကို တွေ့ပါက သင်သည် ထိုအက်ပ်ကို ယခင်က ဝယ်ထားပြီးဖြစ်သည်။ ၎င်းကို ထပ်မံ၍ အခမဲ့ ဒေါင်းလုတ်လုပ်ရန်
ကိုနှိပ်ပါ။
လိုအပ်ပါက သင်၏ဝယ်ယူမှုပြီးမြောက်စေရန်အတွက် Face ID၊ Touch ID သို့မဟုတ် သင်၏ လျှို့ဝှက်ကုဒ်တို့ဖြင့် အထောက်အထားပြပါ။
ဝယ်ယူမှုများကို သင်၏ Apple Account နှင့်ချိတ်ဆက်ထားသော ပေးချေမှုစနစ်ဖြင့် ပြုလုပ်ထားသည်။
App Library တွင် Recently Added အမျိုးအစားကဏ္ဍတွင် ထိုအက်ပ်ကို ရှာဖွေနိုင်သည်။ ယင်းအက်ပ်ကို ဒေါင်းလုတ်လုပ်နေလျှင် လုပ်ဆောင်နေဆဲပြအညွန်းတစ်ခု အက်ပ်သင်္ကေတပေါ်တွင် ပေါ်နေမည်။ App Library တွင် သင်၏အက်ပ်များကိုရှာဖွေခြင်းနှင့် အသုံးပြုခြင်း နှင့် အက်ပ်အသစ်များ ဒေါင်းလုတ်ရယူသည့်နေရာပြောင်းလဲခြင်းကို ကြည့်ပါ။
App Store အလွယ်သုံးပုံစံကိုရယူခြင်း
သင်၏ Home ဖန်သားပြင်ညာဘက်တွင် သတင်းများ၊ စုစည်းမှုများနှင့် အက်ပ်အတွင်းပြိုင်ပွဲများကိုကြည့်ပါ။ အလွယ်သုံးပုံစံများ ထည့်ခြင်း၊ တည်းဖြတ်ခြင်း နှင့် ဖယ်ရှားခြင်းကိုကြည့်ပါ။
အက်ပ်တစ်ခုကို မျှဝေခြင်း သို့မဟုတ် ပေးခြင်း
သင့် iPhone ရှိ App Store အက်ပ်
ကိုသွားပါ။
၎င်း၏ အသေးစိတ်အချက်အလက်များကို ကြည့်ရန် သင်မျှဝေချင်သည့် သို့မဟုတ် ပေးချင်သည့် အက်ပ်ကိုနှိပ်ပါ။
ကို နှိပ်ကာ မျှဝေခြင်းနည်းတစ်ခုကိုရွေးချယ်ပါ သို့မဟုတ် Gift App ကိုနှိပ်ပါ (အက်ပ်များအားလုံးအတွက် မရနိုင်ပါ)။
Apple Gift Card ကို ပြန်ရယူခြင်း သို့မဟုတ် ပေးပို့ခြင်း
သင့် iPhone ရှိ App Store အက်ပ်
ကိုသွားပါ။
ကိုနှိပ်ပါ သို့မဟုတ် ညာဘက်ထိပ်ရှိ သင်၏ဓာတ်ပုံကိုနှိပ်ပါ။
အောက်ပါတို့မှ တစ်ခုကိုနှိပ်ပါ၊
Gift Card သို့မဟုတ် Code ကိုပြန်ရယူခြင်း
Gift Card ကို အီးမေးလ်ဖြင့် ပေးပို့ခြင်း