iPhone တွင် မက်ဆေ့ချ်များကို ထပ်ဆင့်ပေးပို့ခြင်းနှင့် မျှဝေခြင်း
Messages အက်ပ် တွင် စကားပြောဆိုမှုတစ်ခုထဲရှိ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော မက်ဆေ့ချ်များကို အခြားလက်ခံသူထံသို့ ထပ်ဆင့်ပေးပို့နိုင်သည်။
မက်ဆေ့ချ်များကို ထပ်ဆင့်ပေးပို့ခြင်း
သင်ထပ်ဆင့်ပေးပို့ချင်သည့် မက်ဆေ့ချ်ပူဖောင်းပုံကိုထိ၍ထိန်းထားပါ၊ ထို့နောက် More ကိုနှိပ်ပါ။
ထပ်ဆင့်ပေးပို့ရန် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော မက်ဆေ့များကို ရွေးချယ်ရန်
ကို နှိပ်ပါ။
လက်ခံသူများကို ရိုက်ထည့်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
စကားပြောဆိုမှုများ၏ ဖန်သားပြင်ပုံရိပ်များကို ပေးပို့ခြင်း
စကားပြောဆိုမှုတစ်ခုထဲတွင် ပေါ်လာသည့်အတိုင်း မက်ဆေ့ပူပေါင်းများနှင့် ဖြစ်စဥ်အလိုက်အချိန်စာရင်းကို ပြရန် မက်ဆေ့ချ်များကို ထပ်ဆင့်ပို့မည့်အစား ပူးတွဲပုံအဖြစ် ဖန်သားပြင်ဓာတ်ပုံတစ်ခု ပေးပို့ပါ။
ဖန်သားပြင်ပေါ်မှာ စကားပြောဆိုမှုတစ်ခုကို နေရာချရန် ရွှေ့ပါ၊ ထို့နောက် ဖန်သားပြင်ပုံရိပ်တစ်ပုံ ရိုက်ယူပါ။
စကားပြောဆိုမှု စာရှည်တစ်စောင်အတွက် ဖန်သားပြင်ကို ပြန်လည်နေရာချထားရန်နှင့် ဖန်သားပြင် ပုံရိပ်များ ရိုက်ယူရန် ထပ်ရွှေ့ပါ။
ကိုနှိပ်ကာ
ကိုနှိပ်ပါ။
လက်ခံသူများကို ရိုက်ထည့်ပါ၊ စာရိုက်ကွက်ကို နှိပ်ကာ
ကိုနှိပ်ပါ။
ဖန်သားပြင်ပုံရိပ်များကို ရွေးချယ်ရန် ပုံများကိုရွေးပါ၊
ကိုနှိပ်ပါ။
သင်၏ iPhone အပြင် အခြားစက်ပစ္စည်းများပေါ်ရှိ သင့်မက်ဆေ့ချ်များကို မျှဝေရန် iCloud ထဲရှိ Messages ကိုသုံးပါ။