iPhone ရှိ Notes တွင် ပုံဆွဲခြင်း သို့မဟုတ် လက်ရေးမူရေးသားခြင်း
ပုံကြမ်းဆွဲရန် သို့မဟုတ် သင်၏လက်ဖြင့်လက်ရေးမှတ်စုရေးရန် Notes အက်ပ် ကိုအသုံးပြုပါ။ စာပြင်ကိရိယာများနှင့် အရောင်မျိုးစုံမှ ရွေးချယ်နိုင်ကာ ထိုပေတံနှင့်မျဉ်းဖြောင့်များဆွဲပါ။

မှတ်စုတစ်ခုတွင် ပုံဆွဲခြင်း သို့မဟုတ် လက်ရေးမူရေးသားခြင်း
ကိုနှိပ်ကာ သင်၏လက်ချောင်းဖြင့် ပုံဆွဲပါ သို့မဟုတ် လက်ရေးမူရေးသားပါ။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
အရောင် သို့မဟုတ် ကိရိယာများကိုပြောင်းခြင်း၊ Markup ကိရိယာများကိုသုံးပါ။
လက်ရေးမူရေးသားရာနေရာကို ချိန်ညှိခြင်း၊ အရွယ်ညှိလက်ကိုင် (ဘယ်ဘက်ရှိ)ကို အပေါ် သို့မဟုတ် အောက်ဖိဆွဲပါ။
အကြံပြုချက် Notes ထဲတွင်လက်ရေးစာ (အထောက်အကူပြုသည့်ဘာသာစကားများဖြင့်) ကိုရှာနိုင်သည်။ ထိုမှတ်စုသည်ခေါင်းစဉ်မရှိပါက၊ လက်ရေးစာ၏ပထမဆုံးစာသည် အကြံပြုထားသည့် ခေါင်းစဉ်ဖြစ်လာသည်။ ခေါင်းစဉ်ကိုဖျက်ရန် မှတ်စု၏ထိပ်တွင်ဆွဲပါ၊ ထို့နောက် Edit ကိုနှိပ်ပါ။
ပုံကြမ်းနှင့် လက်ရေးမူစာတို့ကို ရွေးချယ်၍ ပြန်လည်ပြုပြင်ပါ။
ပန်းချီဆေးပြားကိရိယာတွင် Lasso ကိရိယာ ို
ကိုနှိပ်ပါ (ခဲဖျက်နှင့် ပေတံကြားရှိ)။
ပုံကြမ်းများနှင့် လက်ရေးမူစာများကို ရွေးချယ်ရန် ထိ၍ထိန်းထားကာ ရွေးချယ်မှုအပိုင်းကို ချဲ့ရန် ဖိဆွဲပါ။
လိုအပ်ပါက အရွယ်ညှိလက်ကိုင်များကိုဖိဆွဲခြင်းဖြင့် ရွေးချယ်မှုအရွယ်ကိုချိန်ညှိပါ။
ရွေးချယ်မှုအပိုင်းကိုနှိပ်ကာ Cut၊ Copy၊ Delete၊ Duplicate၊ Copy as Text၊ Insert Space Above၊Translate သို့မဟုတ်Straighten တို့ကို ရွေးချယ်ပါ။
Copy as Text ရွေးချယ်လျှင် အခြားမှတ်စု သို့မဟုတ် အခြားအက်ပ်ထဲတွင် ထိုစာသားကို ပြန်လည်ကူးယူရေးသားနိုင်မည်။
မျဉ်းများ သို့မဟုတ် အကွက်များပြခြင်း
ရှိနေသည့်မှတ်စုထဲတွင်၊
ကိုနှိပ်ကာ Lines & Grids ကိုနှိပ်ပြီးနောက် ပုံစံတစ်ခုရွေးချယ်ပါ။
မှတ်စုအသစ်များအားလုံးအတွက် ပုံသေဟန်ကိုရွေးချယ်ခြင်း၊ Settings
> Notes > Lines & Grids သို့သွားပါ။