iPhone ဖြင့် AirPods ကိုသုံးခြင်း
သင့် iPhone နှင့် AirPods ကိုချိတ်ဆက်ပြီးသည့်နောက်၊ iPhone တွင်အသံဖိုင်ကို နားဆင်ရန် AirPods ကိုအသုံးပြုနိုင်ကာ၊ ဖုန်းခေါ်ဆိုမှုများကိုပြုလုပ်နိုင်သလို လက်ခံပြောဆိုနိုင်ခြင်း၊ မက်ဆေ့ချ်များကို နားထောင်ပြီးတုံ့ပြန်ခြင်း၊ လိုအပ်သည့်အခါ သတင်းပေးချက်များကိုကြားနိုင်ခြင်း၊ ဆူညံသည့်ပတ်ဝန်းကျင်ရှိ စကားပြောဆိုမှုများကိုနားထောင်ခြင်း အစရှိသည်တို့ကိုလုပ်နိုင်သည်။
iPhone နှင့် AirPods ကိုချိတ်ဆက်ပါ။
iPhone တွင် Settings
> Bluetooth သို့သွားပါ၊ထို့နောက်Bluetooth ကိုဖွင့်ပါ။
သင့် iPhone တွင် ပင်မမျက်နှာပြင်သို့ သွားပါ။
အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
AirPods (1st၊ 2nd၊ နှင့်3rd generation) နှင့် AirPods Pro၊ AirPods အတွင်းပိုင်းနှင့် ဘူးကိုဖွင့်ပါ၊ ထို့နောက် iPhone ဘေးတွင်၎င်းကိုကိုင်ထားပါ။
AirPods Max၊ AirPods Max ကို Smart Case မှ ဖယ်ရှားပါ၊ ထို့နောက် AirPods Max ကို သင့် iPhone ဘေးတွင်ကိုင်ထားပါ။
ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
မှတ်စု သင့် AirPods Max အတွက် ဖန်သားပြင်ညွှန်ကြားချက်များမပေါ်လာလျှင် Settings > Bluetooth သို့သွားပြီး သင့် AirPods Max ကိုရွေးချယ်ပါ။ AirPods Max တွင် အခြေအနေပြမီးအဖြူရောင်လေးမလင်းလျှင် ၎င်းလင်းသည်အထိ ဆူညံမှုထိန်းချုပ်ခလုတ်ကို ထိပြီးနှိပ်ထားပါ။
AirPods သည်တူညီသည့် Apple ID ဖြင့်ဝင်ရောက်ထားသည့်သင်၏အထောက်အကူပြုသည့်စက်ပစ္စည်းများအားလုံးနှင့်အလိုအလျောက်ချိတ်ဆက်သည် (iOS 10၊ iPadOS 13၊ macOS 10.12၊ watchOS 3၊ သို့မဟုတ်နောက်ပိုင်းလိုအပ်သည်)။
မှတ်စု သင်၏ AirPods ကိုချိတ်ဆက်မရပါက၊ Apple အထောက်အကူပြုဆောင်းပါးAirPods ချိတ်ဆက်မရပါကကိုကြည့်ပါ။
AirPods နှင့်သင့် iPhone ဖြင့်ထပ်မံလုပ်ဆောင်ခြင်း
သင့် AirPods မှအများစုထုတ်ရမည့်နည်းအသေးစိတ်အချက်အလက်အတွက် AirPods သုံးစွဲသူလမ်းညွှန်ကိုကြည့်ပါ။