iPhone တွင် Freeform ဘုတ်ပြားများမျှဝေဝေင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
Freeform အက်ပ် တွင် ဘုတ်ပြားတစ်ခု၏ PDF မိတ္တူတစ်ခုကို အခြားသူများထံ ပို့နိုင်သည်။ ၎င်းတို့သည် အွန်လိုင်းဖွင့်ထားပြီး သူတို့၏ Apple ID ဖြင့် အကောင့်ဝင်ရောက်ထားသည့်အခါ iCloud တွင်ရှိသော ဘုတ်ပြားတစ်ခုကို ပူးပေါင်းဆောင်ရွက်ရန် လူများကိုလည်းဖိတ်ခေါ်နိုင်ပြီး လူတိုင်းသည် နောက်ဆုံးပြောင်းလဲမှုများကို မြင်တွေ့ရမည်ဖြစ်သည်။
ဘုတ်ပြားတစ်ခု၏ PDF မိတ္တူတစ်ခုထုတ်ခြင်း
သင် မျှဝေလိုသော ဘုတ်ပြားတွင်
ကိုနှိပ်ပါ၊ ထို့နောက် Export to PDF ကိုနှိပ်ပါ။
ဘုတ်ပြားကို AirDrop
၊ Messages
သို့မဟုတ် Mail
ကဲ့သို့ မည်သည့်နည်းလမ်းဖြင့် မျှဝေလိုသည်ကို ရွေးချယ်ပါ၊ ထို့နောက် ဖန်သားပြင် ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
သင် ဆက်သွယ်ခဲ့သော လူများနှင့် အဖွဲ့များသည် သင်္ကေတများအဖြစ် လတ်တလောပေါ်နေမည်ဖြစ်သည်။ ဘုတ်ပြားကို ၎င်းတို့နှင့် မျှဝေရန် တစ်ခုကို နှိပ်ပါ။
အကြံပြုချက် All Boards တွင် ရှာဖွေနေစဉ် ယခင်မျှဝေခဲ့သည့်ဘုတ်တစ်ခုကိုလည်း PDF ပုံစံအဖြစ်ထုတ်နိုင်သည်။ ဘုတ်ပြား၏ ပုံသေး သို့မဟုတ် အမည်ကို ထိပြီးထိန်းထားပါ၊ ထို့နောက် Export as PDF ကိုနှိပ်ပါ။
ဘုတ်ပြားတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် အခြားသူများကို ဖိတ်ခေါ်ခြင်း
မျှဝေထားသော Freeform ဘုတ်ပြားတစ်ခုကို အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နေချိန်တွင် အခြားသူများမှ ပြင်ဆင်မှုများ ပြုလုပ်ပါက သင်မြင်နိုင်မည်ဖြစ်သည်။ ပြောင်းလဲမှုများကို iCloud တွင် သိမ်းဆည်းထားမည်ဖြစ်သည့်အတွက် ဘုတ်ပြားကို ဝင်ရောက်ကြည့်ရှုခွင့်ရသူအားလုံးသည် ၎င်းတို့ဖွင့်လိုက်ချိန်တွင် နောက်ဆုံးဗားရှင်းကို တွေ့နိုင်မည်ဖြစ်သည်။
သင်မျှဝေထားသူတိုင်းသည် ထိုဘုတ်ပြားကို ပြန်လည်ပြုပြင်ရန် သို့မဟုတ် ကြည့်ရန် သူတို့၏ Apple ID ဖြင့် အကောင့်ဝင်ရောက်ထား ရမည်။
မှတ်စု ဘုတ်ပြားများကို ပိုင်ရှင်၏ iCloud အကောင့်တွင်သာ သိုလှောင်ထားမည်ဖြစ်သည်။ ပါဝင်သူများ၏ iCloud သိုလှောင်မှုသည် ဘုတ်ပြားတစ်ခုရှိ အမျိုးအစားများကို သက်ရောက်မှု ရှိမည်မဟုတ်ပါ။

အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
All Boards ကို ရှာဖွေနေချိန်တွင်၊ သင် မျှဝေလိုသော ဘုတ်ပြားကို ထိပြီး ဖိထားပါ၊ ထို့နောက် Share ကိုနှိပ်ပါ။
သင်သည် ဘုတ်ပြားတစ်ခုတွင် ရှိနေပါက၊
ကိုနှိပ်ပါ။
လက်ရှိ မျှဝေခြင်းချိန်ညှိချက်ကို ဘုတ်ပြား၏အမည်အောက်တွင် “Only invited people can edit” ကဲ့သို့ ဖော်ပြထားမည်ဖြစ်သည်။ ၎င်းကို ပြောင်းလဲရန် ချိန်ညှိချက်ကို နှိပ်ပါ။
မှတ်စု အခြားသူများကို သင်တစ်ယောက်တည်းသာ ဖိတ်ခေါ်လိုပါက “Only invited people” ကိုရွေးချယ်ပြီး “Allow others to invite” ကိုပိတ်ပါ (အစိမ်းရောင် လင်းနေမည်)။
ဘုတ်ပြားကို—AirDrop
၊ Messages
သို့မဟုတ် Mail
ကဲ့သို့— မျှဝေချင်သည့်ပုံစံကို ရွေးချယ်ပါ သို့မဟုတ် သင်မကြာသေးမီကမျှဝေရန် ဆက်သွယ်ခဲ့သော တစ်ယောက်ယောက်၏ သင်္ကေတကို နှိပ်ပါ။
သင် ဘုတ်ပြားတစ်ခုကို စတင်မျှဝေပြီးပါက လူများကို ထည့်သွင်းနိုင်သည်။ ကိုနှိပ်ပါ၊ Manage Shared Board ကိုနှိပ်ပါကာ Share With More People ကိုနှိပ်ပါ။ Messages တွင် သင်၏ ပူးပေါင်းဆောင်ရွက်သူများ၏ ချိန်ညှိချက်များအပေါ်မူတည်၍
ပုံစံသည် ပြောင်းလဲနိုင်သည်။
မှတ်စု Messages ကို အသုံးပြု၍ ပူးပေါင်းဆောင်ရွက်လိုပါက သင်နှင့် သင် ဖိတ်ကြားထားသူတိုင်းသည် iMessage ကို iOS 16.2၊ iPadOS 16.2၊ macOS Ventura 13.1 နှင့် နောက်ပိုင်းဖြင့် သုံးနေရမည်။
ဘုတ်ပြားတစ်ခုတွင် အလုပ်လုပ်နေသော အခြားသူများကို ကြည့်ခြင်း
သင်၏ဘုတ်ပြားတွင် အခြားသူများ လုပ်ဆောင်နေသည်များကို အချိန်နှင့်တပြေးညီ ကြည့်နိုင်သည်။

ကိုနှိပ်ပါ၊ ထို့နောက် Participant Cursors ကိုဖွင့်ပါ။
ပါဝင်သူတစ်ယောက် ဘုတ်ပြားထဲတွင် လုပ်ဆောင်နေသော နေရာသို့ ခုန်ကူးသွားရန် ထိုသူ၏အမည်ကိုနှိပ်ပါ။
ပါဝင်သူ၏ အမည်ဘေးတွင်ရှိသောအရောင်သည် ဘုတ်ပြားပေါ်တွင် ၎င်းတို့ နေရာကိုသတ်မှတ်ထားသော အရောင်ဖြစ်သည်။
မှတ်စု ဘုတ်ပြားပေါ်တွင် သင်နှင့်အတူလုပ်ဆောင်နေသော အခြားသူများသည် ဘုတ်ပြားကိုဖွင့်ထားစဉ်တွင်သာ ၎င်းတို့၏ အပြောင်းအလဲများကို ပြုပြင်ခြင်းနှင့် ပြန်ပြင်ခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သင်၏ ကိုယ်ပိုင်ကိရိယာတွင် ပြုလုပ်ခဲ့သော အပြောင်းအလဲများကြားတွင် ရွှေ့ပြောင်းရန် ကိုသုံးပါ။ ပြောင်းလဲမှုတစ်ခုကို သင် ပယ်ဖျက်ပြီးချိန်တွင် ပြန်လုပ်ရန်
ကို ထိပြီး ထိန်းပါ၊ ထို့နောက် Redo ကိုနှိပ်ပါ။
မျှဝေခြင်းချိန်ညှိချက်များကို စီမံခြင်း
သင် ဘုတ်ပြားတစ်ခုကို စတင်မျှဝေပြီးပါက တစ်ဦးချင်းစီ သို့မဟုတ် အားလုံးအတွက် ဝင်ရောက်ကြည့်ရှုခွင့်နှင့် ခွင့်ပြုချက်များကို ပြောင်းလဲနိုင်သည်။
ကိုနှိပ်ပါ။
ဘုတ်ပြားတွင်မည်သူအလုပ်လုပ်သည်ကိုပြသသောပါဝင်သူများစာရင်းပေါ်လာသည်။
Manage Shared Board ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှတစ်ခုခုကိုလုပ်ဆောင်ပါ၊
တည်းဖြတ်ခြင်းများအတွက် ဘုတ်ပြားကို သော့ခတ်ခြင်း၊ Share Options ကိုနှိပ်ပါ၊ ထို့နောက် "View only” ကိုနှိပ်ပါ။
မှတ်စု ပါဝင်သူများအား တခြားသူများကို ဖိတ်ခေါ်ခွင့် မပြုလိုပါက “Only people you invite” နှင့် “Only you can add people” ကို ရွေးချယ်ပါ။
တည်းဖြတ်ခြင်းဝင်ရောက်ခွင့်ပေးခြင်း၊ Share Options ကိုနှိပ်ပြီးကာ “Can make changes” ကိုနှိပ်ပါ။
တစ်ဦးချင်းစီအတွက် ဝင်ရောက်ခွင့်နှင့် ခွင့်ပြုချက်များကို ပြင်ဆင်ခြင်း၊ ပါဝင်သူတစ်ဦး၏အမည်ကိုနှိပ်ပါ၊ ထို့နောက် ၎င်းတို့၏ ချိန်ညှိချက်များကို ညှိပါ။
အခြားသူများကို လင့်ခ်တစ်ခုဖြင့် ဖိတ်ကြားခြင်း၊ Share Options ကိုနှိပ်ပါ၊ “Anyone with the link” ကိုနှိပ်ပါ၊
ကိုနှိပ်ပါ၊ ထို့နောက် Copy Link ကိုနှိပ်ပါ။
မှတ်စု မည်သူမဆို လင့်ခ်ကိုကူးယူပြီး အခြားသူများထံ ပေးပို့နိုင်သော်လည်း သင်သည် “Only people you invite” ကို ရွေးချယ်ထားပါက ဘုတ်ပြားကိုဖွင့်ရန် ဖိတ်ကြားခံရသူများသာ လင့်ခ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။
အကြံပြုချက် ဘုတ်ပြားများအားလုံးတွင် ရှာဖွေနေစဉ် သင် ယခင်က မျှဝေခဲ့သော မည်သည့်ဘုတ်ကိုမဆို စီမံဆောင်ရွက်နိုင်သည်။ ၎င်း၏ ဓာတ်ပုံပုံသေး သို့မဟုတ် နာမည်ကို နှိပ်၍ ဖိထားပါ၊ ထို့နောက် Manage Shared Board ကိုနှိပ်ပါ။
မျှဝေခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ခြင်း
ကိုနှိပ်ပါ၊ ထို့နောက် Manage Shared Board ကိုနှိပ်ပါ။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
လူများကို ဖယ်ရှားရန်၊ သင်ဖယ်ရှားလိုသည့် ပါဝင်သူ၏အမည် ကိုနှိပ်ပါ၊ ထို့နောက် Remove Access ကိုနှိပ်ပါ။
တစ်စုံတစ်ယောက်၏ ဘုတ်ပြားမှ သင့်ကိုယ်သင် ဖယ်ရှားခြင်း၊ သင်၏အမည် ကိုနှိပ်ပါ၊ ထို့နောက် Remove Me ကိုနှိပ်ပါ။
လူတိုင်းနှင့် မျှဝေခြင်းကိုရပ်ခြင်း၊ Stop Sharing ကိုနှိပ်ပါ၊ ထို့နောက် Stop Sharing ကိုနှိပ်ပါ။
ဤ ရွေးချယ်စရာကို ရွေးလိုက်သောအခါ သင့်တွင် ဘုတ်ပြားကို ဝင်ရောက်ကြည့်ရှုခွင့် ရှိနေသည့်တိုင် ၎င်းကို အခြားပါဝင်သူများ၏ ကိရိယာများတွင် ပေါ်နေတော့မည် မဟုတ်ပါ။
ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ဆောင်ချက်များကို အပြည့်အဝ အသုံးပြုရန် ပါဝင်သူတိုင်းသည် အွန်လိုင်းဖြစ်နေရန်၊ ၎င်းတို့၏ Apple ID များကိုသုံး၍ အကောင့်ဝင်ရောက်ထားရန်၊ Freeform ကို iCloud ချိန်ညှိချက်တွင် ဖွင့်ထားရန်နှင့် အထောက်အထားနှစ်ရပ်အတည်ပြုချက် ကို ဖွင့်ထားရန် မဖြစ်မနေ လိုအပ်သည်။