iPhone တွင် Control Center ကိုသုံးခြင်းနှင့် စိတ်ကြိုက်ပြုလုပ်ထားခြင်း
iPhone ရှိ Control Center သည် လေယာဉ်စီးသည့်စနစ်၊ Do Not Disturb၊ ဓာတ်မီး၊ အသံအတိုးအကျယ်၊ ဖန်သားပြင်အလင်းအမှောင် နှင့်အက်ပ်စ်များအပါအဝင်—အသုံးဝင်သည့်ထိန်းချုပ်မှုများအတွက် သင်ချက်ချင်းအသုံးပြုနိုင်ရန်ပြုလုပ်ပေးသည်။
Control Center ကိုဖွင့်ခြင်း
Face ID ပါဝင်သည့် iPhone တစ်လုံးတွင်၊ ထိပ်ညာဘက်အစွန်းမှအောက်သို့ရွှေ့ပါ။ Control Center ကိုပိတ်ရန်၊ အောက်ခြေမှအပေါ်သို့ရွှေ့ပါ။
Home ခလုတ်ပါဝင်သည့် iPhone တစ်လုံးတွင်၊ အောက်ခြေမှအပေါ်သို့ရွှေ့ပါ။ Control Center ကိုပိတ်ရန် Home ခလုတ်ကို အောက်သို့ရွှေ့ပါ သို့မဟုတ် နှိပ်ပါ။
Control Center ထဲရှိ ပိုမိုထိန်းချုပ်မှုများသို့ ဝင်ရောက်ခြင်း
များစွာသောထိန်းချုပ်မှုများသည် ထပ်တိုးရွေးစရာနည်းလမ်းများပေးထားသည်။ ရရှိနိုင်သောရွေးချယ်စရာများကိုမြင်တွေ့ရရန် ထိန်းချုပ်မှုတစ်ခုကို ထိနှိပ်ထားပါ။ ဥပမာ - Control Center အတွင်း အောက်ပါတို့ကို သင်လုပ်နိုင်သည်၊
ထိန်းချုပ်မှုအုပ်စု ထိပ်ဘယ်ဘက်ကို ထိပြီးထိန်းထာပါ၊ ထို့နောက် AirDrop ရွေးစရာနည်းလမ်းများကိုဝင်ကြည့်ရန်
ကိုနှိပ်ပါ။
ဆယ်လ်ဖီဓာတ်ပုံရိုက်ရန်၊ ဓာတ်ပုံရိုက်ရန်၊ သို့မဟုတ် ဗီဒီယိုမှတ်တမ်းတင်ရန်
ကို ထိပြီးထိန်းထားပါ။
ထိန်းချုပ်မှုများကို ထပ်ပေါင်းထည့်ခြင်းနှင့် စုစည်းခြင်း
Calculator၊ Notes၊ Voice Memos၊ စသည့် အက်ပ်တို့အတွက် ထိန်းချုပ်မှုများထပ်မံထည့်ခြင်းနှင့်အတိုကောက်ပုံစံများထည့်ခြင်းဖြင့် Control Center ကိုအထူးပြုလုပ်နိုင်သည်။
Settings
> Control Center သို့သွားပါ။
ထိန်းချုပ်မှုများကို ထည့်သွင်းရန် သို့မဟုတ် ဖယ်ရှားရန်
သို့မဟုတ် ထိန်းချုပ်မှုတစ်ခု၏ ဘေးရှိ
ကိုနှိပ်ပါ။
ထိန်းချုပ်မှုများကိုပြန်လည်စီစဉ်ရန် ထိန်းချုပ်မှုတစ်ခုဘေးရှိ
ကိုထိပါ၊ ထို့နောက်နေရာအသစ်သို့၎င်းကိုပွတ်ဆွဲပါ။
Wi-Fi ကွန်ရက်မှ ယာယီဖြတ်တောက်ခြင်း
Control Center တွင်ပြန်လည်ချိတ်ဆက်ရန် ကိုနှိပ်ပါ၊ ယင်းကိုထပ်မံနှိပ်ပါ။
ချိတ်ထားသည့် Wi-Fi ကွန်ရက်အမည်ကိုတွေ့ရန် ကို ထိပြီးထိန်းထားပါ။
သင် ကွန်ရက်တစ်ခုမှဖြတ်တောက်လိုက်သည့်အခါ Wi-Fi မပိတ်ထားခြင်းကြောင့် AirPlay နှင့် AirDrop သည် အလုပ်လုပ်လျက်ရှိ၍ တည်နေရာပြောင်းလိုက်သည့်အခါ သို့မဟုတ် iPhone ကိုပြန်ဖွင့်သည့်အခါ သိသည့်ကွန်ရက်များကို iPhone မှချိတ်ဆက်ပေးသည်။ Wi-Fi ပိတ်ရန် Settings > Wi-Fi သို့သွားပါ။ (Control Center တွင် Wi-Fi ကိုထပ်မံဖွင့်ရန်၊
ကိုနှိပ်ပါ။) လေယာဉ်စီးသည့်စနစ်တွင်ရှိနေစဉ် Control Center ထဲရှိ Wi-Fi ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက်ခရီးသွားခြင်းအတွက် iPhone ချိန်ညှိမှုများကိုရွေးချယ်ခြင်း ကိုကြည့်ပါ။
Bluetooth စက်ပစ္စည်းများမှယာယီဖြတ်တောက်ခြင်း
Control Center တွင် ချိတ်ဆက်ခွင့်ရရန် ကိုနှိပ်ပါ၊ ထိုခလုတ်ကိုထပ်မံနှိပ်ပါ။
စက်ပစ္စည်းများမှ သင်အဆက်အသွယ်ဖြတ်တောက်လိုက်သည့်အချိန်တွင် Bluetooth မှ ပိတ်မထားခြင်းကြောင့် တည်နေရာအတိအကျပြခြင်းနှင့် အခြား ဝန်ဆောင်မှုများသည် အသုံးပြု၍ရနေဆဲဖြစ်သည်။ Bluetooth ပိတ်ရန်၊ Settings > Bluetooth သို့သွားပါ၊ ထို့နောက် Bluetooth ကိုပိတ်ပါ။ Control Center တွင် Bluetooth ကိုထပ်မံဖွင့်ရန်၊
ကိုနှိပ်ပါ။ လေယာဉ်စီးသည့်စနစ်တွင်ရှိစဉ် Control Center တွင် Bluetooth ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက်၊ခရီးသွားခြင်းအတွက် iPhone ချိန်ညှိမှုများကိုရွေးချယ်ခြင်း ကိုကြည့်ပါ။
အက်ပ်စ်များထဲရှိ Control Center သို့ဝင်ကြည့်ခြင်းကိုပိတ်ခြင်း
Settings > Control Center သို့သွားပါ ထို့နောက် Access Within Apps ကိုပိတ်ပါ။