သင်၏ iPhone Camera ဖြင့် Photographic Styles ကိုသုံးခြင်း
iPhone 13 အမျိုးအစားများ၊ iPhone 14 အမျိုးအစားများ နှင့် iPhone SE (3rd generation)တို့တွင် Camera ဖြင့် ဓာတ်ပုံများကိုဖမ်းယူပုံကို စိတ်ကြိုက်ပြုပြင်ရန် Photographic Styles ကိုအသုံးပြုနိုင်သည်။ —Rich Contrast၊ Vibrant၊ Warm သို့မဟုတ် Cool— လက်ရှိပုံစံများမှရွေးချယ်ပါ၊ထို့နောက် အလင်းပါဝင်မှုအဆင့်နှင့် အလင်းရောင်အရည်အသွေးကိုညှိခြင်းဖြင့် ၎င်းတို့ကို နောက်ထပ်စိတ်ကြိုက်ပြုပြင်နိုင်သည်။ ကင်မရာသည် သင် Photo မုဒ်ဖြင့်ရိုက်သည့်အခါတိုင်း သင့်၏ရွေးချယ်မှုကိုအသုံးပြုသည်။ ကင်မရာတွင် Photographic Styles ကိုတိတိကျကျပြောင်းလဲညှိယူနိုင်သည်။

Photographic Style ကိုရွေးပါ
ကင်မရာသည် လက်တွေ့ဘဝအတွက် ကိုက်ညီသည့်ပုံစံဖြစ်သည့်—Standard ကိုအလိုအလျောက်သတ်မှတ်သည်။ မတူညီသည့် Photographic Style တစ်မျိုးကိုအသုံးပြုရန် အောက်ပါအတိုင်းပြုလုပ်ပါ၊
ကင်မရာကိုဖွင့်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
ကိုနှိပ်ပါ၊ ပုံစံအမျိုးမျိုးကိုကြိုတင်ကြည့်ရန် ဘယ်ဘက်သို့ ဆွဲပါ၊
Rich Contrast၊ ပိုမှောင်သည့်အရိပ်များ၊ ပိုတောက်သည့်အရောင်များနှင့် ပိုကောင်းသည့်ထင်ရှားပြတ်သားမှု ထူးခြားကောင်းမွန်သည့်ပုံကို ဖန်တီးပေးသည်။
Vibrant၊ ထူးခြားသည့်အလင်းနှင့် တောက်ပသည့်အရောင်များသည် အလွန်ကောင်းသောသဘာဝပုံကို ဖန်တီးပေးသည်။
Warm၊ ရွှေရောင်အရိပ်သန်းအရောင်သည် ပိုတက်ကြွသည့်ပုံကိုဖန်တီးသည်။
Cool၊ အပြာရောင်အရိပ်သန်းအရောင်သည် မျက်စိအေးသည့်ပုံကိုဖန်တီးသည်။
Photographic Style ကိုစိတ်ကြိုက်ပြုပြင်ရန် ဘောင်အောက်ခြေရှိ Tone နှင့် Warmth ထိန်းချုပ်ခလုတ်များကို နှိပ်ပါ၊ ထို့နောက် အရည်အသွေးကိုညှိရန် ဆလိုက်ဘားကို ဘယ် သို့မဟုတ် ညာကိုဆွဲပါ။ တန်ဖိုးများကိုပြန်ချိန်ရန်
ကိုနှိပ်ပါ။
Photographic Style ကိုသုံးရန်
ကိုနှိပ်ပါ။
သင်ထည့်သွင်းထားသည့် Photographic Style ကိုပြောင်းရန် သို့မဟုတ် ညှိရန်ဖန်သားပြင်ထိပ်ရှိ ကိုနှိပ်ပါ။
Photographic Styles ကို Settings တွင်လည်းပြောင်းနိုင်သည်၊ Settings > Camera > Photographic Styles ကိုသွားပါ။