iPhone ရှိ Maps တွင် အသံလမ်းညွှန်များအတွက် ချိန်ညှိမှုများပြောင်းလဲခြင်း
အသံလမ်းညွှန်များကိုဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
ထိုမြေပုံတွင်၊ အသံဖိုင်ခလုတ်ကိုနှိပ်ပါ (ဥပမာ၊ )ကိုနှိပ်ပါ၊ ထို့နောက် ရွေးစရာတစ်ခုကိုရွေးချယ်ပါ။
ခလုတ် | ဖော်ပြချက် | ||||||||||
---|---|---|---|---|---|---|---|---|---|---|---|
![]() | လမ်းညွှန်မှုများအားလုံးကိုပြောသည်။ | ||||||||||
![]() | မောင်းနှင်မှုသတိပေးချက်များကိုသာပြောသည်။ | ||||||||||
![]() | လမ်းညွှန်မှုများကိုမပြောပါ။ |
အသံလမ်းညွှန်များအတွက် အသံအတိုးအကျယ်ပမာဏပြောင်းခြင်း
iPhone ဘေးဘက်တွင် အသံအနိမ့်အမြင့်ခလုတ်များကိုနှိပ်ပါ။
အသံလမ်းညွှန်များအတွက် အခြားချိန်ညှိမှုများကိုပြောင်းခြင်း
Settings > Maps > Spoken Directions သို့သွားပြီး အောက်ဖော်ပြပါ ရွေးချယ်စရာများကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း ပြုလုပ်ပါ၊
လမ်းညွှန်ချက်များရရှိချိန်တွင် စကားပြောအသံဖိုင်ကိုခဏရပ်စေခြင်း၊ အသံလမ်းညွှန်ချက်မျာရရှိချိန်တွင် (အင်တာနက်အသံဖိုင်များနှင့် အသံစာအုပ်များကဲ့သို့) စကားပြောအသံဖိုင်ကိုခဏရပ်ရန် ဤချိန်ညှိမှုကိုဖွင့်ထားပါ။
လမ်းညွှန်ချက်များရရှိချိန်တွင် စက်ပစ္စည်းမျက်နှာပြင်ပြသမှု ပွင့်နေစေခြင်း၊ ကားမောင်းခြင်း သို့မဟုတ် စက်ဘီးစီးခြင်း လမ်းညွှန်ချက်များအတိုင်း သွားနေစဉ် အသံလမ်းညွှန်ချက်များကို လက်ခံရရှိချိန်တွင် iPhone မျက်နှာပြင်ပြသမှုကို ပွင့်သွားစေရန် ဤချိန်ညှိမှုကိုဖွင့်ထားပါ။
Radio နားထောင်စဉ် လမ်းညွှန်ချက်များပြောပေးခြင်း၊ ထောက်ပံ့ပေးထားသော ကားများတွင် ရေဒီယိုနားထောင်နေစဉ် အသံလမ်းညွှန်ချက်များကိုကြားရန် ဤချိန်ညှိမှုကို ဖွင့်ထားပါ။
အချိုးအကွေ့အသံလမ်းညွှန်များရရှိရန် iPhone ကို အင်တာနက်ချိတ်ထားရမည်ဖြစ်ပြီး Precise Location ကိုဖွင့်ထားရမည်။ Cellular အင်တာနက်သည် အခကြေးငွေကုန်ကျနိုင်သည် (iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကိုကြည့်ပါ)။
မှတ်စု အချိုးအကွေ့အသံလမ်းညွှန်များကို နိုင်ငံ သို့မဟုတ် ဒေသအားလုံးတွင် မရရှိနိုင်ပါ။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။