iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ
သတိပေးချက် ဘေးကင်းလုံခြုံရေးညွှန်းကြားချက်များကို မလိုက်နာပါက မီးလောင်မှု၊ လျှပ်စစ်မီးရှော့ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် iPhone ဖြစ်စေ အခြားပစ္စည်းဥစ္စာများဖြစ်စေ ပျက်စီးနိုင်သည်။ iPhone အသုံးမပြုခင် အောက်ဖော်ပြပါဘေးကင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များအားလုံးကို ဖတ်ရှုပါ။
ကိုင်တွယ်ခြင်း။ iPhone ကို ဂရုတစိုက်ကိုင်တွယ်ခြင်း။ ၎င်းကို သတ္တု၊ ဖန်သားနှင့် ပလတ်စတစ်တို့နှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အထဲတွင် ထိခိုက်လွယ်သော အီလက်ထရွန်နစ်အစိတ်အပိုင်းများ ပါရှိသည်။ ပြုတ်ကျခြင်း၊ မီးလောင်ခြင်း၊ ကျိုးပဲ့ခြင်း သို့မဟုတ် ကွဲကြေခြင်းတို့ဖြစ်လျှင် သို့မဟုတ် အရည်နှင့် ထိတွေ့မှု ရှိလျှင် iPhone သို့မဟုတ် ၎င်း၏ဘက်ထရီသည် ထိခိုက်ပျက်စီးနိုင်သည်။ iPhone သို့မဟုတ် ဘက်ထရီသည် ထိခိုက်ပျက်စီးနေသည်ဟု သံသယရှိလျှင် အပူလွန်ကဲခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရနိုင်သည့်အတွက် iPhone ကို ဆက်လက်အသုံးမပြုပါနှင့်။ iPhone မှန်မျက်နှာပြင်သည် ကွဲအက်နေလျှင် ထိခိုက်ဒဏ်ရာရနိုင်သည့်အတွက် အသုံးမပြုပါနှင့်။ iPhone မှန်မျက်နှာပြင်ကို ပွန်းရာခြစ်ရာထင်မည်ကို စိုးရိမ်လျှင် ဖုန်းအဖုံး သို့မဟုတ် အကာကို အသုံးပြုရန် ထည့်သွင်းစဉ်းစားပါ။
ပြုပြင်ခြင်း။ iPhone ကိုလေ့ကျင့်ထားသည့်နည်းပညာရှင်တစ်ယောက်ကသာလျှင် ဝန်ဆောင်မှုပေးသင့်သည်။ iPhone ကိုဖြုတ်ခြင်းသည် ထိခိုက်ပျက်စီးနိုင်သည့်အပြင် ရေစင်ခံနိုင်မှုနှင့် ရေစိုခံနိုင်မှုကို (ပံ့ပိုးပေးထားသောအမျိုးအစားများ) ဆုံးရှုံးနိုင်သည် သို့မဟုတ် သင်ထိခိုက်ဒဏ်ရာရနိုင်သည်။ iPhone ပျက်စီးခြင်း သို့မဟုတ် ချွတ်ယွင်းခြင်းရှိခဲ့လျှင် ဝန်ဆောင်မှုအတွက် Apple သို့မဟုတ် Apple မှ တရားဝင်ခွင့်ပြုချက်ရရှိထားသည့်ဝန်ဆောင်မှုကုမ္ပဏီကို ဆက်သွယ်သင့်သည်။ မလေ့ကျင့်ထားသည့်သူများ သို့မဟုတ် Apple မစစ်သည့်အစိတ်အပိုင်းများကိုသုံး၍ ပြင်ဆင်ခြင်းသည် ထိုစက်ပစ္စည်း၏လုံခြုံမှုနှင့် လုပ်ဆောင်မှုပိုင်းအား ထိခိုက်စေနိုင်သည်။ ပြုပြင်ခြင်းနှင့် ဝန်ဆောင်မှုများအကြောင်းသိကောင်းစရာများကို iPhone ပြုပြင်ခြင်းဝက်ဘ်ဆိုက် ၌ ပိုမိုလေ့လာနိုင်သည်။
ဘက်ထရီ။ အပူလွန်ကဲခြင်း၊ မီးလောင်ခြင်း သို့မဟုတ် ထိခိုက်ခြင်းကိုဖြစ်စေနိုင်သည့်ဘက်ထရီပျက်စီးခြင်းကို ရှောင်ရန် iPhone ဘက်ထရီကို လေ့ကျင့်ထားသည့်နည်းပညာရှင်တစ်ယောက်ကသာ လဲပေးသင့်သည်။ ဘက်ထရီများကို ပြန်ပြုပြင်သုံးပါ သို့မဟုတ် အိမ်သုံးစွန့်ပစ်ပစ္စည်းနှင့်ခွဲ၍ ဒေသန္တရပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများနှင့် လမ်းညွှန်ချက်များအတိုင်းစွန့်ပစ်ပါ။ ဘက်ထရီဝန်ဆောင်မှုနှင့် ပြန်လည်အသုံးပြုမှုအကြောင်း သတင်းအချက်အလက်များကို ဘက်ထရီဝန်ဆောင်မှုနှင့် ပြန်လည်အသုံးပြုမှု ဝက်ဘ်ဆိုက်တွင်ကြည့်ပါ။
လေဆာများ။ iPhone 7 နှင့်နောက်ပိုင်းအမျိုးအစားများရှိထိစပ်မှုအာရုံခံစနစ်၊ TrueDepth ကင်မရာစနစ်နှင့် LiDAR စကင်န်နာလေဆာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုပါသည်။ စက်ပစ္စည်းသည် ပျက်စီးနေပါက သို့မဟုတ် စက်ချို့ယွင်းနေပါက ဘေးကင်းစေရန်ရည်ရွယ်လျက် လေဆာစနစ်များကို ပိတ်ထားမည်ဖြစ်သည်။ သင်၏ iPhone တွင် လေဆာစနစ်ကို ပိတ်ထားကြောင်း အသိပေးချက်တစ်ခုလက်ခံရရှိပါက Apple သို့မဟုတ် ဝန်ဆောင်မှုအတွက် Apple မှ တရားဝင်ခွင့်ပြုချက်ရရှိထားသည့်ဝန်ဆောင်မှုကုမ္ပဏီကိုသာ ဆက်သွယ်သင့်ပါသည်။ လေဆာစနစ်များတွင် မလျော်ကန်သောပြင်ဆင်မှု၊ ပြုပြင်မွမ်းမံမှု သို့မဟုတ် ဆင်တူယိုးမှား Apple တံဆိပ်အစိတ်အပိုင်းများကို အသုံးပြုထားပါက အသုံးပြုသည့်အခါ ကောင်းမွန်စွာလည်ပတ်မည်ဟုတ်သလို ဘေးကင်းမည်မဟုတ်လည်း မဟုတ်၍ မျက်လုံး သို့မဟုတ် အရေပြားတို့ကို အန္တရာယ်ဖြစ်ပေါ်စေကာ ထိခိုက်ဒဏ်ရာရစေနိုင်ပါသည်။
အနှောင့်အယှက်များ။ အချို့အခြေအနေတို့တွင် iPhone အသုံးပြုခြင်းသည် သင့်ကိုအနှောက်အယှက်ဖြစ်စေနိုင်ပြီး အန္တရာယ်ရှိသော အခြေအနေတစ်ခုကို ဖြစ်စေနိုင်သည်။ (ဥပမာ၊ စက်ဘီးစီးနေစဉ် နားကြပ်များကိုအသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး ကားမောင်းနေစဉ် မက်ဆေ့ချ်စာရိုက်ခြင်းကို ရှောင်ကြဉ်ပါ)။ မိုဘိုင်းဖုန်းများ သို့မဟုတ် နားကြပ်များအသုံးပြုခြင်း တားမြစ်ထားချက် သို့မဟုတ် ပိတ်ပင်ထားချက်စည်းမျဉ်းများကိုလေ့လာပါ။ ကားမောင်းရင် ဘေးကင်းစေရေးအကြောင်း ပိုမိုသိရှိရန်iPhone နှင့်ကားမောင်းနေစဉ်တွင် အာရုံစိုက်ခြင်း ကိုကြည့်ပါ။
လမ်းကြောင်း။ Maps သည် အင်တာနက်ဝန်ဆောင်မှုအပေါ် မူတည်သည်။ ၎င်းအင်တာနက်ဝန်ဆောင်မှုများသည် အပြောင်းအလဲရှိနိုင်သလို နိုင်ငံများသို့မဟုတ် ဒေသများအားလုံးတွင် မရနိုင်သောကြောင့် မြေပုံများနှင့် တည်နေရာအခြေပြုသတင်းအချက်အလက်များကို မရရှိနိုင်သလို မတိကျနိုင်သည့်အပြင် ပြည့်စုံမှုမရှိနိုင်ပါ။ သင်၏ ပတ်ဝန်းကျင်အတွက် Maps တွင်ပံ့ပိုးပေးထားသော သတင်းအချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်ပါ။ လမ်းကြောင်းပြသည့်အခါ သာမန်အသိကို အသုံးပြုပါ။ ကွာဟချက်များကို ဖြေရှင်းရန် လက်ရှိလမ်းကြောင်းအခြေအနေများနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို အမြဲတစေလေ့လာပါ။ အချို့ Maps အင်္ဂါရပ်များသည် တည်နေရာပြဝန်ဆောင်မှုများ လိုအပ်သည်။
အားသွင်းခြင်း။ iPhone ကိုအားသွင်းရန်၊ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
အားသွင်းကြိုး (အတူပါရှိသော) နှင့် Apple ထုတ် USB အားသွင်းကြိုး (သီးသန့်ရောင်းချသည်) တို့ကိုအသုံးပြု၍iPhone ဘက်ထရီကို အားသွင်းပါ။
iPhone ကို MagSafe Charger သို့မဟုတ် MagSafe Duo Charger အားသွင်းစက်ပေါ်တွင် ပက်လက်ချထားပါ (Apple ထုတ် 20W USB-C အားသွင်းကြိုး သို့မဟုတ် အခြားတွဲဖက်သုံးနိုင်သည့် အားသွင်းကြိုးနှင့် ချိတ်ဆက်ပါ) သို့မဟုတ် Qi အသိအမှတ်ပြု အားသွင်းစက်ပေါ်တွင်ပက်လက်ချထားပါ။ (MagSafe Charger၊ MagSafe Duo Charger၊ အားသွင်းပလတ်ခေါင်းများနှင့် Qi အသိအမှတ်ပြုအားသွင်းကိရိယာများကို သီးသန့်ရောင်းချပါသည်။)
အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း။
“Made for iPhone” ကိရိယာများ သို့မဟုတ် USB 2.0 နှင့် နောက်ပိုင်းထွက်အမျိုးအစားများနှင့် တွဲဖက်သုံးနိုင်သော ကြားခံကြိုးများနှင့် အားသွင်းပလတ်ခေါင်းတို့သည် နိုင်ငံ၏စည်းမျဉ်းများနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာဘေးကင်းစိတ်ချရေးစံညွှန်းတို့နှင့်ကိုက်ညီသည့်အခါ သင့်iPhone ကိုအားသွင်းနိုင်ပါသည်။ အခြားအားသွင်းခေါင်းများသည် သက်ဆိုင်ရာ လုံခြုံရေးစံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကောင်းရှိမှာဖြစ်ပြီး ထိုကဲ့သို့သော အားသွင်းခေါင်းများနှင့် အားသွင်းခြင်းသည် အသက်အန္တရာယ် သို့မဟုတ် ထိခိုက်ဒဏ်ရာရနိုင်သည်။
ပျက်စီးနေသော အားသွင်းကြိုးများ သို့မဟုတ် ကိရိယာများကို အသုံးပြုခြင်း သို့မဟုတ် အစိုဓာတ်ရှိနေချိန် အားသွင်းခြင်းတို့ကြောင့် မီးလောင်မှု၊ လျှပ်စစ်မီးရှော့ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် iPhone ဖြစ်စေ အခြားပစ္စည်းဥစ္စာများဖြစ်စေ ပျက်စီးနိုင်သည်။ အားသွင်းကြိုး (အတူပါရှိသော) သို့မဟုတ် ကြိုးမဲ့အားသွင်းကိရိယာကို (သီးသန့်ရောင်းချသည်) သုံး၍ iPhone ကိုအားသွင်းသည့်အခါ ၎င်း၏ USB ချိတ်ဆက်ကြိုးသည် တွဲဖက်သုံးနိုင်သည့် အားသွင်းပလတ်ခေါင်းတွင် ကောင်းမွန်စွာထိုးသွင်းထားခြင်းရှိမရှိ အဆိုပါအားသွင်းပလတ်ခေါင်းကို မီးပလတ်ပေါက်နှင့်မချိတ်ဆက်မီစစ်ဆေးပါ။ iPhone၊ အားသွင်းကြိုး၊ အားသွင်းခေါင်းနှင့် အခြားကြိုးမဲ့အားသွင်းစက်တို့ကို အသုံးပြုနေစဉ် သို့မဟုတ် အားသွင်းနေချိန်တွင် လေဝင်လေထွက်ကောင်းသော နေရာတွင်ထားရှိရန် အရေးကြီးပါသည်။ ကြိုးမဲ့အားသွင်းစက်ကို အသုံးပြုချိန်တွင် ပူလာခြင်းကြောင့် သို့မဟုတ် အားသွင်းခြင်းကို အနှောင့်အယှက်ဖြစ်နိုင်သောကြောင့် အားသွင်းကိရိယာပေါ်မှ သတ္တုပစ္စည်းများကို ဖယ်ရှားထားပြီး ပြင်ပသတ္တုပစ္စည်းများ (ဥပမာအားဖြင့်၊ သော့များ၊ အကြွေစေ့များ၊ ဘက်ထရီများ သို့မဟုတ် လက်ဝတ်ရတနာ) တင်ထားခြင်းကို ရှောင်ကြဉ်ပါ။
အားသွင်းကြိုးနှင့် ချိတ်ဆက်ကိရိယာ။ အားသွင်းကြိုးကို လျှပ်စစ်အရင်းအမြစ်တစ်ခုနှင့် ချိတ်ဆက်ထားသည့်အခါ အားသွင်းကြိုးနှင့် ချိတ်ဆက်ပစ္စည်းများကို အရေပြားဖြင့် ကြာရှည်စွာ ထိတွေ့ပါက မအီမသာဖြစ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရစေနိုင်သောကြောင့် ရှောင်ကြဉ်ပါ။ အားသွင်းကြိုးနှင့် ချိတ်ဆက်ပစ္စည်းပေါ်တွင် အိပ်စက်ခြင်း သို့မဟုတ် ထိုင်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
အပူနှင့်ကြာရှည်စွာထိတွေ့ခြင်း။ iPhone နှင့် Apple ထုတ် USB အားသွင်းပလတ်ခေါင်းများ (သီးသန့်ရောင်းချသည်) ကို ဆိုင်ရာနိုင်ငံ့စည်းမျဥ်းဥပဒေများနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာဘေးကင်းစိတ်ချရေးစံညွှန်းတို့နှင့်အညီ သတ်မှတ်ထားသော မျက်နှာပြင်အပူချိန်၌သာ ထားရှိရမည်။ သို့သော် ၎င်းသတ်မှတ်ချက်များရှိသော်လည်း ပူနွေးသောထိုမျက်နှာပြင်များနှင့် အချိန်ကြာမြင့်စွာဆက်တိုက်ထိတွေ့လျှင် မအီမသာဖြစ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရစေနိုင်သည်။ စက်ပစ္စည်းတစ်ခု၊ ၎င်း၏အားသွင်းခေါင်း သို့မဟုတ် ကြိုးမဲ့အားသွင်းစက်များကို အသုံးပြုနေစဉ်ဖြစ်စေ လျှပ်စစ်အားပေါက်တစ်ခုနှင့် ချိတ်ဆက်ထားသည့်အခါ သင်၏အရေပြားနှင့်ထိတွေ့ရသည့် အခြေအနေများကို သတိထား၍ ရှောင်ကြဉ်ပါ။ ဥပမာအားဖြင့် လျှပ်စစ်အားလိုင်းနှင့် ချိတ်ဆက်ထားသော စက်ပစ္စည်းတစ်ခု၊ အားသွင်းခေါင်း၊ သို့မဟုတ် ကြိုးမဲ့အားသွင်းစက်များ အပေါ်တွင် မအိပ်ပါနှင့် သို့မဟုတ် ၎င်းတို့ကို စောင်အောက်၊ ခေါင်းအုံးအောက် သို့မဟုတ် မိမိခန္ဓာကိုယ်အောက်တွင် မထားရှိပါနှင့်။ iPhone၊ အားသွင်းခေါင်းနှင့် အခြားကြိုးမဲ့အားသွင်းစက်တို့ကို အသုံးပြုနေစဉ် သို့မဟုတ် အားသွင်းနေချိန်တွင် လေဝင်လေထွက်ကောင်းသော နေရာတွင်ထားရှိပါ။ သင်၏ကိုယ်လက်များသည် အပူခံစားမှုအစွမ်းကို သက်ရောက်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုရှိလျှင် အထူးသတိထားကိုင်တွယ်ပါ။
USB အားသွင်းပလတ်ခေါင်းကိုအသုံးပြုပါ (သီးသန့်ရောင်းချသည်) Apple USB အားသွင်းပလတ်ခေါင်းတစ်ခုကို ဘေးကင်းကင်းနှင့် အသုံးပြုရန်နှင့် အပူကြောင့်ဖြစ်သည့် ထိခိုက်ဒဏ်ရာရရှိနိုင်ခြေကို လျှော့ချရန် လျှပ်စစ်အားပလတ်ပေါက်နှင့် တိုက်ရိုက်ချိတ်ဆက်ပါ။ ပန်းကန်ဆေးကန်၊ ရေချိုးကန် သို့မဟုတ် ရေချိုးရေပန်းတို့ကဲ့သို့ စိုစွတ်သည့်နေရာများတွင် အားသွင်းခေါင်းကို အသုံးမပြုပါနှင့်။ စိုစွတ်သော လက်များနှင့် အားသွင်းခေါင်းတို့ကို တပ်ခြင်းဖြုတ်ခြင်း မပြုလုပ်ပါနှင့်။ အောက်ဖော်ပြပါအခြေအနေများထဲမှ တစ်ခုခုဖြစ်ခဲ့လျှင် အားသွင်းခေါင်းနှင့် မည်သည့်အားသွင်းကြိုးဖြစ်ပါစေ အသုံးမပြုပါနှင့်၊
အားသွင်းပလတ်ခေါင်း သို့မဟုတ် ပလတ်တံတို့ ပျက်စီးနေသည်။
အားသွင်းကြိုးသည် ကြိုးဖွာနေသည် သို့မဟုတ်ပါက ပျက်စီးနေသည်။
အားသွင်းခေါင်းသည် အစိုဓာတ်နှင့်အလွန်အကျွံထိတွေ့ထားသည် သို့မဟုတ် အားသွင်းခေါင်းပေါ်သို့ အရည်ဖိတ်ကျထားသည်။
အားသွင်းခေါင်းပြုတ်ကျထားပြီး ၎င်းဘေးဘီတို့ပျက်စီးနေသည်။
Apple ထုတ် 20W USB-C အားသွင်းပလတ်ခေါင်း အသေးစိတ်အချက်အလက်များ၊
ကြိမ်နှုန်း၊ 50 မှ 60 Hz ထိ၊ ဓာတ်အားတစ်ခုတည်းစီးဝင်မှုစနစ်
လျှပ်စစ်ဗို့အား၊ 100 မှ 240 V ထိ
လျှပ်စစ်ထွက်အား/လျှပ်စစ်၊ 9 VDC/2.2 A
အနည်းဆုံးလျှပ်စစ်ထွက်အား၊ 20 W
လျှပ်စစ်ထွက်အားအပေါက်၊ USB-C
Apple ထုတ် 18W USB-C အားသွင်းပလတ်ခေါင်း အသေးစိတ်အချက်အလက်များ၊
ကြိမ်နှုန်း၊ 50 မှ 60 Hz ထိ၊ ဓာတ်အားတစ်ခုတည်းစီးဝင်မှုစနစ်
လျှပ်စစ်ဗို့အား၊ 100 မှ 240 V ထိ
လျှပ်စီးထွက်အား၊ 5V/3A သို့မဟုတ် 9V/2A
လျှပ်စစ်ထွက်အားအပေါက်၊ USB-C
Apple ထုတ် 5W USB အားသွင်းပလတ်ခေါင်း အသေးစိတ်အချက်အလက်များ၊
ကြိမ်နှုန်း၊ 50 မှ 60 Hz ထိ၊ ဓာတ်အားတစ်ခုတည်းစီးဝင်မှုစနစ်
လျှပ်စစ်ဗို့အား၊ 100 မှ 240 V ထိ
လျှပ်စီးထွက်အား၊ 5V/1A
လျှပ်စစ်ထွက်အားအပေါက်၊ USB
အကြားအာရုံထိခိုက်ခြင်း ။ အသံကျယ်လောင်စွာ နားထောင်ခြင်းကြောင့် သင်၏အကြားအာရုံကို ထိခိုက်စေသည်။ နောက်ခံဆူညံသံအပြင် ကျယ်လောင်သော အသံများနှင့် ဆက်တိုက်ထိတွေ့ခြင်းတို့ကြောင့် အသံသည် ထင်သည်ထက်ပို၍ တိတ်ဆိတ်သည်ဟု ထင်ရသည်။ သင်၏နားထဲသို့ မည်သည့်အရာမှ မထည့်သွင်းမီ အသံဖိုင်ကိုဖွင့်၍ အသံအတိုးအကျယ်ကို စစ်ပါ။ အမြင့်ဆုံး အသံနှုန်းတစ်ခုကို ကန့်သတ်မှုထားရှိနည်းအကြောင်း သတင်းအချက်အလက်များအတွက်iPhone တွင် ခေါင်းတပ်နားကြပ်အသံအနိမ့်အမြင့်လုပ်ဆောင်ချက်များကိုအသုံးပြုခြင်း ကိုကြည့်ပါ။ အကြားအာရုံထိခိုက်ခြင်းအကြောင်း သတင်းအချက်အလက်များ ပိုမိုသိရှိရရန် အသံနှင့်အကြားအာရုံဝက်ဘ်ဆိုက် ကို ကြည့်ရှုပါ။
သတိပေးချက် အကြားအာရုံပျက်စီးခြင်းများမရှိစေရန် အချိန်ကာလကြာမြင့်စွာ အသံကျယ်ကျယ်ထား၍ နားမထောင်ပါနှင့်။
ရေဒီယိုလှိုင်းနှုန်းနှင့်ထိတွေ့ခြင်း။ iPhone သည် ကြိုးမဲ့ကွန်ရက်များကို ချိတ်ဆက်ရန် ရေဒီယိုထုတ်လွှင့်လှိုင်းများကို အသုံးပြုသည်။ ရေဒီယိုထုတ်လွှင့်မှုလှိုင်းမှ အကျိုးဆက်အနေနှင့် ရေဒီယိုကြိမ်နှုန်း (RF) စွမ်းအင်နှင့် ထုတ်လွှင့်မှုကို အနည်းဆုံးဖြစ်စေရန် လုပ်ရမည့်အဆင့်များအကြောင်း ပိုမိုသိလိုလျှင် Settings > General > Legal & Regulatory > RF Exposure သို့သွားပါ သို့မဟုတ် ရေဒီယိုလှိုင်းထုတ်လွှင့်မှုဝက်ဘ်ဆိုက်ကိုကြည့်ပါ။
ရေဒီယိုလှိုင်းနှောင့်ယှက်သံ။ ဆိုင်းဘုတ်များနှင့် အီလက်ထရွန်းနစ်စက်ပစ္စည်းများကို အသုံးမပြုရန် သို့မဟုတ် တားမြစ်ထားသည့် သတိပေးစာများကို ရှာဖွေပါ။ iPhone ကို အစိုးရပိုင်ရေဒီယိုလှိုင်းထုတ်လွှင့်မှု စည်းမျဉ်းများနှင့် သင့်မြတ်အောင် ဒီဇိုင်းဆွဲစမ်းသပ်၍ ထုတ်လုပ်ထားသော်လည်း ယခုလို iPhone မှလှိုင်းများထုတ်လွှင့်မှုကြောင့် အီလက်ထရွန်းနစ်စက်ပစ္စည်းများကိုအကျိုးသက်ရောက်ကာ ချွတ်ယွင်းချက်များ ဖြစ်စေနိုင်သည်။ လေယာဉ်စီးနင်းခရီးသွားစဉ်ကဲ့သို့သော အသုံးပြုခြင်းကို ပိတ်ပင်ထားသည့်အခါ သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင်တို့မှ ပိတ်ထားရန်တောင်းဆိုလာသည့်အခါ iPhone များကို ပိတ်ထားပါ၊ သို့မဟုတ်လေယာဉ်စီးသည့်စနစ်ကိုသုံးပါသို့မဟုတ် Settings > Wi-Fi and Settings > Bluetooth သို့သွားကာ iPhone ၏ကြိုးမဲ့လှိုင်းထုတ်လွှင့်မှုကိုပိတ်ထားပါ။
ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ အနှောင့်အယှက်ဖြစ်စေခြင်း။ iPhone နှင့် MagSafe ဆက်စပ်ပစ္စည်းများတွင် သံလိုက်များအပြင် အစိတ်အပိုင်းများနှင့်/သိုမဟုတ် လျှပ်စစ်သံလိုက်စက်ကွင်းများထုတ်လွှင့်သည့် ရေဒီယိုများပါဝင်သည်။ ၎င်းသံလိုက်များနှင့် လျှပ်စစ်သံလိုက်စက်ကွင်းများကြောင့်ဆေးဘက်သုံးစက်ပစ္စည်းများကို အနှောင့်အယှက်ဖြစ်စေသည်။
သင်၏ဆေးဘက်သုံးစက်ကိရိယာနှင့် iPhone နှင့်MagSafe တွဲဆက်အသုံးအဆောင်တို့ကို ဘေးကင်းသည့်အကွာအဝေးတစ်ခုထိ ခွာထားရန် လိုအပ်မှုရှိမရှိကို သင်၏ဆရာဝန်နှင့် ဆေးဘက်သုံးစက်ပစ္စည်းထုတ်လုပ်သူတို့နှင့် သင်သုံးနေသည့်ဆေးဘက်သုံးစက်ကိရိယာအကြောင်း ဆွေးနွေးပါ။ ထုတ်လုပ်သူများသည်လည်း ၎င်းတို့ပစ္စည်းများကိုအသုံးပြုသည့်အခါ ဖြစ်နိုင်ခြေရှိသည့် အနှောင့်အယှက်များကိုတားဆီးကာကွယ်ရန်အတွက် ကြိုးမဲ့နေရာ သို့မဟုတ် သံလိုက်ထုတ်ကုန်များရှိရာတစ်ဝိုက်တွင် ဘေးကင်းစိတ်ချစွာအသုံးပြုနိုင်ရေးနှင့်ပတ်သက်ပြီး ထောက်ခံချက်များကို မကြာခဏ ပံ့ပိုးပေးလျက်ရှိပါသည်။ iPhone နှင့် MagSafe ဆက်စပ်ပစ္စည်းများသည် သင်၏ဆေးဘက်သုံးစက်ပစ္စည်းကို အနှောင့်အယှက်ဖြစ်စေသည်ဟု သံသယရှိလျှင် ထိုပစ္စည်းများကိုအသုံးပြုခြင်းကို ရပ်ပါ။
ကိုယ်တွင်းထည့်သွင်းသော နှလုံးခုန်နှုန်းမှန်စက်နှင့် နှလုံးရိုက်စက်တို့ကဲ့သို့ ဆေးဘက်ဆိုင်ရာသုံးစက်ပစ္စည်းများမှာ အနီးကပ်ရှိသော သံလိုက်ဓာတ်နှင့် ရေဒီယိုလှိုင်းတို့ကို အာရုံခံနိုင်စွမ်းရှိပါသည်။ ၎င်းစက်ပစ္စည်းများနှင့် သက်ရောက်မှုရှိမလာစေရန် သင်၏ MagSafe ချိတ်ဆက်သုံး iPhone အမျိုးအစားများနှင့် MagSafe ဆက်စပ်ပစ္စည်းများကို သင်၏စက်ပစ္စည်းနှင့် စိတ်ချရသောအကွာအဝေးတွင်ထားရှိပါ (ကြိုးမဲ့စနစ်ဖြင့် အားသွင်းနေသည့်အခါ 6 လက်မ/15 စင်တီမီတာကျော် သို့မဟုတ် 12 လက်မ/30 စင်တီမီတာထားရှိရမည်ဖြစ်သော်လည်း လမ်းညွှန်ချက်အပြည့်အစုံကို သိရရန် သင်၏ဆရာဝန်နှင့် သင်၏ စက်ပစ္စည်းထုတ်လုပ်သူများနှင့် တိုင်ပင်ဆွေးနွေးပါ)။
ဆေးဘက်သုံးစက်ပစ္စည်းမဟုတ်ပါ။ iPhone သည် ဆေးဘက်သုံးစက်ပစ္စည်းတစ်ခုမဟုတ်သောကြောင့် ကျွမ်းကျင်အဆင့်ဆေးဘက်ဆိုင်ရာသုံးသပ်ချက်များထုတ်ရန် အစားထိုးစက်အဖြစ် အသုံးမပြုသင့်ပါ။ ထိုစက်ပစ္စည်းကို ရောဂါရှာဖွေခြင်း သို့မဟုတ် အခြားသောအခြေအနေများအတွက်နှင့် ကုထုံး၊ ရောဂါသက်သာစေခြင်း၊ ဆေးကုသခြင်း သို့မဟုတ် အခြေအနေတစ်ခုခုကို ကာကွယ်ရန်သို့မဟုတ် ရောဂါကာကွယ်ရာတွင်သုံးရန်အတွက် ထုတ်ထားခြင်းလည်း မဟုတ်ပါ။ သင်၏ကျန်းမာရေးနှင့် ဆက်နွယ်သည့် ဆုံးဖြတ်ချက်များမချမှတ်မီ သင်၏ကျန်းမာရေးစောင့်ရှောက်ကုသပေးသူနှင့် ဦးစွာတိုင်ပင်ပါ။
ဆေးဘက်ဆိုင်ရာအခြေအနေများ။ သင်သည် ကုသနေသည့်အခြေအနေ သို့မဟုတ် iPhone ကြောင့်ဖြစ်စေ လျှပ်တစ်ပြက်မီးများကြောင့်ဖြစ်စေ ထိခိုက်နိုင်သည်ဟု ယုံကြည်စေသည့် ရောဂါလက္ခဏာများ ပေါ်လာလျှင် (ဥပမာ လေဖြတ်ခြင်းများ၊ မေ့လဲခြင်းများ၊ မျက်စိနာခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းများ) iPhone အသုံးပြုခြင်းနှင့်ပတ်သက်၍ သင်၏ ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပါ။
ပေါက်ကွဲစေနိုင်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သောအခြေအနေများ။ လေထုထဲတွင် မီးလောင်လွယ်သော ဓာတုပစ္စည်းများ၊ ငွေ့ပျံရည်များ သို့မဟုတ် ဒြပ်မှုန်များ (အစေ့အဆန်၊ အမှုန့် သို့မဟုတ် သတ္တုအမှုန့်များကဲ့သို့) သိပ်သည်းနေသည့်ဧရိယာကဲ့သို့သော ပေါက်ကွဲနိုင်ခြေရှိသော ဧရိယာတွင် iPhone ကိုအားသွင်းခြင်း သို့မဟုတ် အသုံးပြုခြင်းသည် အန္တရာယ်များနိုင်သည်။ ဟီလီယမ်ကဲ့သို့သော ငွေ့ရည်ဖွဲ့ဓာတ်ငွေ့များအပါအဝင် စက်မှုသုံးဓာတုပစ္စည်းများ သိပ်သည်းနေသည့် ပတ်ဝန်းကျင်များတွင် iPhone ထုတ်သုံးခြင်းသည် iPhone ကိုပျက်စီးစေနိုင်သလို လုပ်ငန်းဆောင်တာအပိုင်းချွတ်ယွင်းနိုင်သည်။ သင်္ကေတများနှင့် ညွှန်ကြားချက်များအားလုံးကို လိုက်နာပါ။
ဆက်တိုက်အသုံးပြုခြင်း။ iPhone တွင်စာရိုက်ခြင်း၊ ပွတ်ဆွဲခြင်း သို့မဟုတ် ဂိမ်းကစားခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေသည့်အခါ သင်၏လက်များ လက်မောင်းများ၊ လက်ကောက်ဝတ်များ၊ ပခုံးများ၊ လည်ပင်း သို့မဟုတ် ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများတွင် မအီမသာဖြစ်နိုင်သည်။ ကိုယ်လက်မအီမသာဖြစ်လျှင် iPhone အသုံးပြုခြင်းကို ရပ်နားပြီး ဆရာဝန်နှင့်တိုင်ပင်ကြည့်ပါ။
အကျိုးဆက်များသောလုပ်ဆောင်ချက်များ။ စက်ပစ္စည်းပျက်စီးမှုကြောင့် အသက်ဆုံးရှုံးရခြင်း၊ ကိုယ်တိုင်ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပတ်ဝန်းကျင်ကိုအပြင်းအထန်ထိခိုက်စေနိုင်သည့် နေရာတွင် ဤစက်ပစ္စည်းကိုအသုံးပြုရန် မရည်ရွယ်ထားပါ။
အသက်ရှူကျပ်စေသောအန္တရာယ်။ အချို့သော iPhone ဆက်စပ်ပစ္စည်းများသည် ကလေးငယ်များအတွက် အသက်ရှူကျပ်စေနိုင်သည်။ အဆိုပါဆက်စပ်ပစ္စည်းများကို ကလေးငယ်များနှင့် ဝေးရာတွင်ထားပေးပါ။