iPhone ရှိ FaceTime ဖုန်းခေါ်ဆိုမှုများတွင် ကင်မရာဖန်တီးပြုလုပ်ချက်များထည့်ခြင်း
FaceTime အက်ပ် ကိုအသုံးပြုသော ဗီဒီယိုဖုန်းပြောဆိုမှုများတွင် သင်သည် သင့်စိတ်ကြိုက် Memoji သို့မဟုတ် Memoji ဇာတ်ကောင် (Face ID ပါရှိသော iPhone တစ်လုံးတွင်)ဖြစ်လာနိုင်သည်။ ထောက်ပံ့ပေးထားသော အမျိုးအစားများတွင် သင့်အသွင်အပြင်ကိုပြောင်းလဲရန် မူလပါရှိပြီးသားအရောင်စပ်ကို အသုံးပြုနိုင်ပြီး စတစ်ကာများ၊ အညွန်းစာတမ်းများနှင့် ပုံသဏ္ဍာန်များကိုပါ ထပ်ပေါင်းထည့်နိုင်သည်။ FaceTime တွင် ကင်မရာအထူးပြုလုပ်ဖန်တီးချက်များထည့်ထားသည့် ဖုန်းခေါ်ဆိုမှုတစ်ခုအား သင့်အနေဖြင့် ဖန်သားပြင်ပုံရိပ်ရိုက်ကူးခြင်းများ လုပ်နိုင်သည်။
Memoji တစ်ခုအသွင်ဖန်တီးခြင်း
Face ID ပါရှိသော iPhone တစ်လုံးရှိ Messages တွင် သင်၏ FaceTime ဖုန်းခေါ်ဆိုမှုများတွင် အသုံးပြုနိုင်သော Memoji ဇာတ်ကောင်တစ်ကောင် သို့မဟုတ် Memoji ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးနိုင်သည်။ iPhone သည် သင်၏လှုပ်ရှားပုံ၊ မျက်နှာဟန်ပန်များနှင့် အသံကိုဖမ်းယူကာ သင်၏ ဇာတ်ကောင်ထဲတွင် ၎င်းတို့ကိုထည့်ပေးသည်။ (သင်၏ဇာတ်ကောင်သည် သင်လျှာထုတ်ပြသည့်အခါမှာပင် လိုက်လံအတုခိုးနိုင်သည်)
Messages တွင် Memoji အသုံးပြုခြင်း ကိုကြည့်ပါ။
FaceTime ဖုန်းပြောဆိုနေစဉ်
ကိုနှိပ်ပါ။ (အကယ်၍
မတွေ့ရလျှင် ဖန်သားပြင်ကိုနှိပ်ပါ။)
ကိုနှိပ်ကာ Memoji တစ်ခုကိုရွေးချယ်ပါ (အောက်ခြေရှိဇာတ်ကောင်များကို တစ်လျှောက်ပွတ်ဆွဲပြီးနောက် တစ်ခုကိုနှိပ်ပါ)။
သင့်အသံအား တစ်ဖက်မှကြားရသော်လည်း ထိုသို့ပြောဆိုနေချိန်အတွင်း သင်၏ Memoji ကိုသာ မြင်ရသည်။
သင်၏အသွင်အပြင်ကို ပြောင်းလဲရန် အရောင်စပ်တစ်ခုကို သုံးခြင်း
FaceTime ဗီဒီယိုဖုန်းပြောနေစဉ် သင့်အကွက်ကိုနှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ (ထောက်ပံ့ပေးထားသော အမျိုးအစားများတွင်)။
အရောင်စပ်များကို ဖွင့်ရန်
ကိုနှိပ်ပါ။
အောက်ခြေရှိ အရောင်စပ်တစ်ခုကို နှိပ်ခြင်းဖြင့် သင်၏အသွင်အပြင်ကို ရွေးချယ်ပါ (ယင်းတို့ကိုနမူနာကြည့်ရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ)။
စာသားပါ အညွှန်းစာတန်းတစ်ခု ထည့်သွင်းခြင်း
ဖုန်းပြောဆိုနေစဉ် ဖန်သားပြင်ကို နှိပ်၍
ကိုနှိပ်ပါ။
ကိုနှိပ်ပြီးနောက် စာသားလေဘယ်လ်တစ်ခုကို နှိပ်ပါ။
အညွှန်းစာတန်းရွေးချယ်စရာများကို ပိုမိုကြည့်ရှုရန် စာသားပြအကွက်၏ထိပ်မှ အပေါ်သို့ပွတ်ဆွဲပါ။
အညွှန်းကို ရွေးချယ်ပြီး ၎င်းအညွှန်းတွင် သင်ပေါ်စေလိုသည့်စာသားကို ရိုက်ထည့်ပြီးနောက် ၎င်းနှင့်ဝေးရာတစ်နေရာရာကို နှိပ်ပါ။
သင်ထားလိုသည့်နေရာသို့ ၎င်းအညွှန်းစာတန်းကို ဆွဲသွားပါ။
အဆိုပါအညွှန်းစာတန်းကို ဖျက်သိမ်းရန် ၎င်းကိုနှိပ်ကာ
ကိုနှိပ်ပါ။
စတစ်ကာများ ထည့်သွင်းခြင်း
ဖုန်းပြောဆိုနေစဉ် သင့်အကွက်ကိုနှိပ်၍
ကိုနှိပ်ပါ၊ ပြီးလျှင် အောက်ပါတစ်ခုခုကို လုပ်ပါ၊
Memoji စတစ်ကာထည့်ရန်
သို့မဟုတ် Emoji စတစ်ကာထည့်ရန်
ကိုနှိပ်ပါ။
ကိုနှိပ်ပြီးနောက် ဆွဲချကာ
ကိုနှိပ်ပါ။
၎င်းခေါ်ဆိုမှုတွင် စတစ်ကာတစ်ခုထည့်သွင်းရန် ထိုစတစ်ကာကိုနှိပ်ပါ။
ထပ်မံရွေးချယ်စရာများတွေ့ရှိလိုပါက ဘယ်ဘက်သို့ သို့မဟုတ် အပေါ်သို့ ပွတ်ဆွဲပါ။
သင်ထားလိုသည့်နေရာသို့ စတစ်ကာကိုဖိဆွဲ၍ နေရာချပါ။
စတစ်ကာကို ဖျက်သိမ်းရန် ၎င်းကိုနှိပ်ကာ
ကိုနှိပ်ပါ။
ပုံသဏ္ဍာန်များထည့်သွင်းခြင်း
ဖုန်းပြောဆိုနေစဉ် သင့်အကွက်ကိုနှိပ်၍
ကိုနှိပ်ပါ။
ကိုနှိပ်ကာ ဖုန်းခေါ်ဆိုမှုထဲသို့ ပုံဏ္ဍာန်တစ်ခုထည့်သွင်းရန် ၎င်းကိုနှိပ်ပါ။
ရွေးချယ်စရာများကို ပိုမိုကြည့်ရှုရန် ပုံသဏ္ဍာန်ပြအကွက်၏ထိပ်မှ အပေါ်သို့ပွတ်ဆွဲပါ။
သင်ထားလိုသည့်နေရာသို့ ပုံသဏ္ဍာန်ကိုဖိဆွဲသွားပါ။
ပုံဏ္ဍာန်ကို ဖျက်သိမ်းရန် ၎င်းကိုနှိပ်ကာ
ကိုနှိပ်ပါ။