iPhone တွင် Apple Pay ကတ်များနှင့် ငွေအလွှဲအယူကို စီမံဆောင်ရွက်ခြင်း
Wallet အက်ပ် တွင် Apple Pay အတွက် အသုံးပြုသော ကတ်များကို စီမံဆောင်ရွက်ပြီး သင်၏ မကြာသေးခင်က ငွေပို့ငွေလွှဲမှတ်တမ်းများကို ပြန်လည်ဆန်းစစ်နိုင်သည်။
ကတ်တစ်ခုအတွက် သတင်းအချက်အလက်များကို ကြည့်ရှုခြင်းနှင့် ယင်း၏ ချိန်ညှိမှု များကို ပြောင်းလဲခြင်း
Apple Card ရှိပါက iPhone တွင် Apple Card ကိုစတင်ထည့်သွင်း၍ အသုံးပြုခြင်း (အမေရိကန်ပြည်ထောင်စုတွင်သာ)ကြည့်ပါ။ အခြားအကြွေးဝယ်ကတ် သို့မဟုတ် ငွေပေးချေကတ်အတွက် အောက်ပါတို့ကို လုပ်ဆောင်ပါ၊
Wallet တွင် ကတ်ကို နှိပ်ပါ။
မှတ်စု သင်၏အကောင့်ကို ငွေပေးချေမှုအခကြေးငွေပမာဏနှင့် ခြားနားနိုင်သော ခွင့်ပြုချက်ရပမာဏကိုပြထားသော နောက်ဆုံးငွေပို့ငွေလွှဲမှတ်တမ်းပေါ်လာမည်။ ဥပမာ၊ ဓာတ်ဆီဆိုင်က သင်သည် $25 သာတန်ဖိုးရှိဓာတ်ဆီထည့်သော်လည်း ခွင့်ပြုချက်အရ $99 ကိုတောင်းဆိုနိုင်သည်။ နောက်ဆုံးကုန်ကျစရိတ်ကို ကြည့်ရန် Apple Pay ငွေပို့ငွေလွှဲခြင်းအားလုံးအပါအဝင် သင်၏ကတ်ထုတ်လုပ်သူထံမှ ထုတ်ပြန်ချက်ကို ကြည့်ပါ။
ကိုနှိပ်ပါ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာကို နှိပ်ပါ။
ကတ်နံပါတ်၊ ကတ်နံပါတ်၏ နောက်ဆုံး ဂဏန်းလေးလုံးနှင့် ငွေချေးပေးသောဘဏ်သို့ ထုတ်လွှင့်ပေးနံပါတ်ဖြစ်သော Device Account Number ကိုကြည့်ရှုပါ။
ကတ်အကြောင်း အသေးစိတ်၊ အချက်အလက်များကို ပိုမိုသိရှိရန်ကြည့်ပါ- ငွေတောင်းခံလွှာလိပ်စာကို ပြောင်းလဲပါ- ငွေပေးငွေယူမှတ်တမ်းကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ-သို့မဟုတ် ကတ်ကို Wallet မှ ဖယ်ရှားပါ။
အကြောင်းကြားချက်များ၊ အကြောင်းကြားချက်များကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
သင်၏ Apple Pay ချိန်ညှိခြင်းများကိုပြောင်းပါ
Settings
> Wallet & Apple Pay သို့သွားပါ။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
ဘေးခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ပါ၊ (Face ID ပါသည့် iPhone တွင်) ဘေးဘက်ခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်သည့်အခါ ဖန်သားပြင်တွင် သင်၏ကတ်များနှင့် ဘဏ်ငွေစာရင်းများသည် ပေါ်လာသည်။
Home ခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ပါ၊ (Home ခလုတ်ပါသည့် iPhone တွင်) Home ခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်သည့်အခါ ဖန်သားပြင်တွင် သင်၏ကတ်များနှင့် ဘဏ်ငွေစာရင်းများ ပေါ်လာသည်။
Mac ပေါ်တွင် ငွေပေးချေမှုများကို ခွင့်ပြုရန်၊ သင်၏အနီးအနားရှိ Mac တွင်ငွေပေးချေမှုများကို iPhone က အတည်ပြုပေးရန် လုပ်ဆောင်ပါ။
သင်၏ iPhone ပျောက်ဆုံးသည်ဖြစ်စေ အခိုးခံရသည်ဖြစ်စေ Apple Pay မှသင်၏ကတ်များကိုဖယ်ရှားပါ။
Find My iPhone ကိုဖွင့်ထားလျှင် သင်၏ iPhone ကိုရှာရာတွင်အကူအညီရစေရန်နှင့် ဘေးကင်းလုံခြုံစေရန် ၎င်းကိုအသုံးပြုနိုင်သည်။
Apple Pay မှကတ်များကို ဖယ်ရှားရန် အောက်ဖော်ပြပါတို့မှ တစ်ခုခုကိုလုပ်ဆောင်ပါ၊
Mac သို့မဟုတ် PC တွင်၊ သင်၏ Apple ID အကောင့် သို့ဝင်ရောက်ခြင်း။ Devices ကဏ္ဍတွင် ပျောက်ဆုံးသွားသည့် iPhone ကို ရွေးချယ်ပါ။ Wallet & Apple Pay ကဏ္ဍတွင် Remove Items ကိုနှိပ်ပါ။
အခြား iPhone သို့မဟုတ် iPadပေါ်တွင်၊ Settings
> [your name]သို့သွားပါ၊ ပျောက်သွားသည့် iPhone ကိုရွေးချယ်ပါ၊ ထို့နောက်Remove Items (Wallet & Apple Payအောက်ရှိ)ကိုဖယ်ရှားပါ။
ကတ်များထုတ်ပေးသည့်နေရာသို့ ဆက်သွယ်ပါ။
ကတ်များကိုဖယ်ရှားပြီးလျှင် နောက်ပိုင်းတွင်ပြန်လည်ဖြည့်သွင်းနိုင်သည်။
မှတ်စု Settings > [your name] ရှိ iCloud မှတ်ပုံတင်သွင်းခြင်းမှ ထွက်ထားပါက Apple Pay အတွက် သင်၏အကြွေးဝယ်ကတ်များနှင့် ငွေပေးချေကတ်များအားလုံးသည် iPhone မှဖယ်ရှားပြီးဖြစ်မည်။ Apple ID ဖြင့်နောက်တစ်ကြိမ် မှတ်ပုံတင်စာရင်းသွင်းသည့်အခါ ကတ်များကို ထပ်မံထည့်သွင်းနိုင်သည်။