iPhone တွင် မဝင်စေလိုသည့် ဖုန်းအဝင်ခေါ်ဆိုမှုများကို ရှောင်ရှားခြင်း
အချို့ဖုန်းခေါ်ဆိုသူများကိုပိတ်ဆို့ခြင်းနှင့် အမည်မသိဖုန်းခေါ်ဆိုမှုနှင့် အနှောင့်အယှက်ဖုန်းခေါ်ဆိုမှုများကို voicemail စနစ်သို့ တိုက်ရိုက်ပို့ခြင်းဖြင့် မဝင်စေလိုသည့်ဖုန်းခေါ်ဆိုမှုများကို ရှောင်ရှားနိုင်သည်။
အချို့လူများထံမှ အသံဖုန်းခေါ်ဆိုမှုများ၊ FaceTime ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များကို ပိတ်ဆို့ခြင်း
Phone အက်ပ် တွင် အောက်ပါတို့မှ နှစ်သက်ရာကိုပြုလုပ်ပါ။
Favorites၊ Recents သို့မဟုတ် Voicemail ကိုနှိပ်ပါ။ သင်ပိတ်ဆို့လိုသော ဖုန်းနံပါတ် သို့မဟုတ် အဆက်အသွယ်နှင့် ကပ်လျက်ရှိ
ကိုနှိပ်ကာ Block this Caller ကိုနှိပ်ပါ။
Contacts ကိုနှိပ်၍ သင်ပိတ်ဆို့လိုသော အဆက်အသွယ်ကိုနှိပ်ကာ အောက်သို့ဆွဲချပြီးနောက် Block this Caller ကိုနှိပ်ပါ။
သင်၏ ပိတ်ဆို့ထားသော အဆက်အသွယ်များကိုစီမံခြင်း
Settings
> Phone > Blocked Contacts သို့သွားပါ။
Edit ကိုနှိပ်ပါ။
အမည်မသိသူနှင့် အနှောင့်အယှက်ခေါ်ဆိုသူများကို voicemail စနစ်သို့ပေးပို့ပါ
Settings > Phone ကိုနှိပ်ကာ အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
မသိသောဖုန်းခေါ်ဆိုမှုများကို အသံပိတ်ခြင်း၊ သင့်အဆက်အသွယ်ထဲမှ လူများ၊ မကြာသေးမီက အထွက်ဖုန်းခေါ်ဆိုမှုများနှင့် Siri Suggestions တို့ထံမှ ဖုန်းခေါ်ဆိုမှုများရှိလာသည့်အခါ အသိပေးချက်ကို သင်ရရှိမည်။
ခေါ်ဆိုမှုများ ပိတ်ဆို့ခြင်းနှင့် အချက်အလက်ကိုဖော်ထုတ်ခြင်း၊ သင်၏ဖုန်းဝန်ဆောင်မှုကုမ္ပဏီက အနှောင့်အယှက် သို့မဟုတ် အလိမ်အညာဖုန်းခေါ်ဆိုမှုဖြစ်နိုင်ခြေရှိသည်ဟု သတ်မှတ်သော ဖုန်းခေါ်ဆိုမှုများကို အသံပိတ်စေရန် Silence Junk Callers (ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကခွင့်ပြုမှသာ) ကိုနှိပ်ပါ။