iPhone တွင် နေ့စွဲနှင့်အချိန်ကိုပြောင်းလဲခြင်း
ပုံသေအားဖြင့် ပိတ်ထားသည့်ဖန်သားပြင်ပေါ်တွင်မြင်နိုင်သည့် နေ့စွဲနှင့်အချိန်သည် သင်၏တည်နေရာပေါ်အခြေခံ၍အလိုအလျောက်သတ်မှတ်ထားသည်။ ၎င်းတို့ကိုပြောင်းလဲလိုပါက—ဥပမာ သင်ခရီးသွားသည့်အခါ—ယင်းတို့ကိုချိန်ညှိနိုင်သည်။
Settings
> General > Date & Time သို့သွားပါ။
အောက်ပါတို့မှတစ်ခုကိုဖွင့်ပါ၊
အလိုအလျောက်သတ်မှတ်ခြင်း၊ iPhone သည် သင်ရှိနေသည့် အချိန်ဇုန်အတွက် မှန်ကန်သည့်အချိန်အား ကွန်ရက်မှနေရာယူပြီး ပြောင်းလဲပေးသည်။ အချို့ကွန်ရက်များသည် ၎င်းအချိန်များကို မပံ့ပိုးပေးထားသောကြောင့် နိုင်ငံတချို့ သို့မဟုတ် ဒေသအချို့တွင် iPhone သည် ဒေသစံတော်ချိန်အား အလိုအလျောက် သတ်မှတ်ပေးနိုင်ခြင်း မရှိချေ။
24-နာရီ အချိန်၊ (နိုင်ငံများ သို့မဟုတ် ဒေသအားလုံးတွင်မရနိုင်ပါ) iPhone သည် 0 မှ 23 နာရီချိန်များကိုပြထားသည်။
မူလထားရှိသည့်အချိန်နှင့်ရက်စွဲကိုပြောင်းလဲရန် Set Automatically ကိုပိတ်ပါ၊ ပြီးလျှင် ပြလာသည့် ရက်စွဲနှင့်အချိန်ကို ပြောင်းလဲပါ။