iPhone ရှိ Wallet တွင် Apple Pay ကိုစတင်စီမံခြင်း
Apple Pay ကိုအသုံးပြုခြင်းသည် လက်ဝယ်သုံးကတ်တစ်ကတ်ကို အသုံးပြုခြင်းထက် ပိုမိုရိုးရှင်းကာ ပိုမိုစိတ်ချရသည်။ Wallet အက်ပ် တွင်ထည့်သွင်းထားသော ကတ်များနှင့်အတူ စတိုးဆိုင်များ၊ ခရီးသွားလာစရိတ်၊ အက်ပ်များနှင့် Apple Pay ထောက်ပံ့ပေးထားသော ဝက်ဘ်ဆိုက်များတွင် ဘေးကင်းလုံခြုံစွာ ပေးချေရန် Apple Pay ကိုအသုံးပြုနိုင်သည်။ Messages တွင် Apple Cash ကိုအသုံးပြု၍ သူငယ်ချင်းများမိသားစုဝင်များနှင့် ငွေလွှဲခြင်းလက်ခံခြင်း လုပ်နိုင်သလို စီးပွားရေးလုပ်ငန်းသဘောအားဖြင့် ဝယ်ရောင်းပြုလုပ်နိုင်သည်။
Apple Pay ကိုစတင်စီမံရန် သင်၏ငွေပေးချေကတ်၊ ကြွေးဝယ်ကတ်နှင့် ကြိုတင်ပေးချေကတ်တို့ကို Wallet ထဲသို့ထည့်သွင်းပါ။

အကြွေးဝယ်ကတ် သို့မဟုတ် ငွေပေးချေကတ် ထည့်သွင်းခြင်း
Apple Card ကိုထည့်ပါ၊ iPhone တွင် Apple Card ကိုစတင်ထည့်သွင်း၍ အသုံးပြုခြင်း (အမေရိကန်ပြည်ထောင်စုတွင်သာ)ကြည့်ပါ။ အခြားအကြွေးဝယ်ကတ် သို့မဟုတ် ငွေပေးချေကတ်အတွက် အောက်ပါတို့ကို လုပ်ဆောင်ပါ၊
Wallet တွင်
ကိုနှိပ်ပါ။ သင်၏ Apple ID နှင့် မှတ်ပုံတင်စာရင်းသွင်းရန်တောင်းဆိုခံရနိုင်သည်။
အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
ကတ်သစ်တစ်ကတ်ထည့်ရန်၊ အကြွေးဝယ်ကတ် သို့မဟုတ် ငွေပေးချေကတ်ကိုနှိပ်ပါ၊ Continue ကိုနှိပ်ပါ၊ ထို့နောက် သင်၏ကတ်ကို ဘောင်အတွင်းပေါ်စေရန် နေရာမှန်ချထားပါ သို့မဟုတ် ကတ်အကြောင်း အသေးစိတ်ကို လူကိုယ်တိုင်ထည့်သွင်းပါ။
သင်၏ယခင်ကတ်များကို ထည့်သွင်းရန်၊ Previous Cards ကိုနှိပ်ပါ၊ ထို့နောက် သင်ယခင်အသုံးပြုခဲ့သော မည်သည့်ကတ်ကိုမဆို ရွေးချယ်ပါ။ ဤကတ်များတွင် Apple ID နှင့်ဆက်နွယ်နေသော ကတ်၊ အခြားစက်များတွင် Apple Pay နှင့်သုံးထားသော ကတ်များ၊ Safari AutoFill သို့ ထည့်သွင်းခဲ့သည့်ကတ်များ သို့မဟုတ် သို့မဟုတ် Wallet ဖယ်ရှားခဲ့သောကတ်များ ပါဝင်နိုင်သည်။ Continue ကိုနှိပ်ပါ၊ Face ID သို့မဟုတ် Touch ID ဖြင့် အတည်ပြုချက်ယူကာ ဖန်သားပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
ပံ့ပိုးပေးထားသောအက်ပ်တစ်ခုမှ ကတ်တစ်ခုကို ထည့်သွင်းပါ၊ သင်၏ဘဏ် သို့မဟုတ် ကတ်ထုတ်လုပ်သူ၏ အက်ပ်ကိုနှိပ်ပါ (သင့်iPhone ရှိ From Apps အောက်တွင်ရှိသည်)။
သင်၏ကတ်သည် Apple Pay အတွက် သုံးခွင့်ရမရကို ကတ်ထုတ်လုပ်သူက ဆုံးဖြတ်မှာဖြစ်ပြီး အတည်ပြုသည့်လုပ်ငန်းစဉ်ပြီးမြောက်စေရန် သတင်းအချက်အလက်များကို ထပ်လောင်းထည့်သွင်းစေနိုင်သည်။
ပုံသေကတ်ကိုရွေးချယ်သတ်မှတ်ခြင်းနှင့် ကတ်များကို ပြန်စဉ်ခြင်း
ပေးချေမှုများအတွက် ပုံသေကတ်ကို ထည့်သွင်းခြင်း၊ Wallet ထဲသို့ ဦးဆုံးထည့်သွင်းသည့် ကတ်သည် ပေးချေမှုများအတွက် ပုံသေကတ်ဖြစ်လာမည်။ မတူညီသည့် ကတ်တစ်ခုကို ရွေးချယ်ရန် ထိုကတ်ကိုထိ၍ထိန်းထားကာ ကတ်အစဉ်လိုက်၏ ထိပ်ဆုံးသို့ ဖိဆွဲပါ။
ကတ်တစ်ခုကို နေရာပြန်ချခြင်း၊ သင်ရွှေ့ပြောင်းလိုသည့်ကတ်ကို ဖိ၍နှိပ်ပါ၊ ထို့နောက်၎င်းကိုနေရာ အသစ်သို့ဆွဲထည့်ပါ။
မှတ်စု Apple Pay ရရှိနိုင်မှုနှင့် ၎င်း၏အင်္ဂါရပ်များသည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားသွားနိုင်သည်။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Pay ရရှိနိုင်သော နိုင်ငံများနှင့် နယ်ဒေသများ ကို ကြည့်ပါ။