iOS 18 တွင်ထပ်တိုးလာသည့်အသစ်အဆန်းများ
Apple Intelligence။ (iOS 18.1) Apple Intelligence သည် အသုံးဝင်ပြီး ဆီလျော်သည့် ဉာဏ်ရည်တုကို ပေးပို့ရန် သင်၏ ကိုယ်ရေးကိုယ်တာအကြောင်းအရာကို နားလည်မှုနှင့် နောက်ထွက် အမျိုးအစားများ၏ စွမ်းအားကို ပေါင်းစပ်ထားသည်။ Apple Intelligence သည် အကြောင်းကြားချက်များ၊ မေးလ်နှင့် မက်ဆေ့ချ်များကို ဦးစားပေးကာ အကျဥ်းချုပ်ပေးနိုင်သည်၊ သင်ရှာဖွေလိုသည်ကို ဖော်ပြသောအခါ သင့်အား Siri နှင့် ပိုမိုသဘာဝကျသော နည်းလမ်းသစ်များဖြင့် အပြန်အလှန်ဆက်သွယ်စေနိုင်ပြီး၊ သင့်ဓာတ်ပုံ library ကိုရှာဖွေပေးနိုင်သည်၊ နေ့စဥ်လုပ်ငန်းဆောင်တာများကို ရိုးရှင်းစေရန် သင့် iPhone မှအချက်အလက်ကို ရယူနိုင်သည်၊ အစရှိသည်တို့ကိုလုပ်နိုင်သည်။ (iOS 18.2) မူလဖော်ပြချက်များ၊ အကြံပြုထားသည့် သဘောတရားများ သို့မဟုတ် သင်၏ဓာတ်ပုံစုစည်းမှုထဲမှ လူတစ်ယောက်ကို အဓိကထားပြီး ပုံအသစ်စက်စက်များကို ဖန်တီးရန်အတွက် Image Playground ကိုအသုံးပြုပါ။ သင်၏ဓာတ်ပုံစုစည်းမှုထဲမှ စကားပြောဆိုမှုတစ်ခုကို အကျယ်ချဲ့ရန် သို့မဟုတ် သူငယ်ချင်းတစ်ဦးနှင့်ကိုက်ညီရန် iPhone စာရိုက်ခလုတ်ခုံကိုအသုံးပြု၍ Genmoji ကိုပြုလုပ်ပါ။ Notes တွင် စကားလုံးများ သို့မဟုတ် ပုံကြမ်းများကို သရုပ်ဖော်များအဖြစ် ပြောင်းလဲရန် အစရှိသည်တို့အတွက် Image Wand ကိုအသုံးပြုပါ။ စတင်ရန်၊ iPhoneတွင် Apple Intelligence ကိုစတင်အသုံးပြုခြင်းကိုကြည့်ပါ။

သင်၏ Home ဖန်သားပြင်ကို ကိုယ်ပိုင်ဖန်တီးယူခြင်း။ သင်၏ Home ဖန်သားပြင်ပေါ် တွင် အက်ပ်များနှင့် အလွယ်သုံးပုံစံများကို စီစဥ်ခြင်းနှင့် ၎င်းတို့အရွယ်အစားကို ပြောင်းခြင်း။ အက်ပ်များကို သင့်အကြိုက်ဆုံးအရောင်ဖြင့် ခြယ်သပါ၊ သို့မဟုတ် သင်၏ wallpaper နဲ့ လိုက်ဖက်မည့် အရောင်တစ်ခုကို iPhone ကို အကြုံပြုခိုင်းပါ။ iPhone Home ဖန်သားပြင်ရှိအက်ပ်များနှင့် အလွယ်သုံးပုံစံများကို စိတ်ကြိုက်ပြုပြင်ခြင်း ကိုကြည့်ပါ။

အက်ပ်များကို သော့ပိတ်ခြင်းနှင့် ဝှက်ခြင်း။ အထိအခိုက်မခံသည့် အက်ပ်များကို သော့ခတ်ခြင်း သို့မဟုတ် ဝှက်ထားခြင်းဖြင့် ၎င်းတို့အထဲရှိ အချက်အလက်များနှင့် ၎င်းတို့ကို ကာကွယ်ပေးသည်။ သင်၏ Home ဖန်သားပြင်တွင် အက်ပ်တစ်ခုကို သော့ခတ်ထားသည့်အခါ ၎င်းကို ဖွင့်ရန် Face ID၊ Touch ID သို့မဟုတ် သင်၏ စကားဝှက်ကို အသုံးပြုရန်လိုအပ်သည်။ သင်၏ Home ဖန်သားပြင်မှ အက်ပ်တစ်ခုကို သော့ခတ်ထားသည့် ဝှက်ထားသည့်အက်ပ်များဖိုင်တွဲထဲတွင် ဝှက်ထားသည်။ သော့ခတ်ထားသည့် သို့မဟုတ် ဝှက်ထားသည့် အက်ပ်များတွင် သိမ်းထားသော အချက်အလက်များသည် သင်၏ iPhone ပေါ် ရှိ အကြောင်းကြားချက်များနှင့် ရှာဖွေမှုများကဲ့သို့ တခြားနေရာများတွင် ပေါ် လာမည် မဟုတ်ပါ။ iPhone တွင် အက်ပ်တစ်ခုအား သော့ပိတ်ခြင်း သို့မဟုတ် ဝှက်ခြင်း ကိုကြည့်ပါ။
သော့ပိတ်ထားသည့် ဖန်သားပြင် ထိန်းချုပ်ခလုတ်များကို ပြောင်းလဲခြင်း။ တခြားရွေးချယ်စရာများဖြစ်သည့်—Timer သို့မဟုတ် Calculator ကဲ့သို့ အတွက် သော့ပိတ်ထားသည့် ဖန်သားပြင်၏ အောက်ခြေရှိ ထိန်းချုပ်ခလုတ်များကို ပြောင်းလဲပါ။ သော့ပိတ်ထားသည့်ဖန်သားပြင် အောက်ခြေရှိ ထိန်းချုပ်ခလုတ်များကို ပြောင်းလဲခြင်း ကိုကြည့်ပါ။

Control Center။ ဒီဇိုင်းအသစ်လုပ်ထားသည့် Control Center သည် ထိန်းချုပ်ခလုတ်များ၏ အုပ်စုအသစ်များကို လုပ်ဆောင်ပေးထားသောကြောင့် ပိုမိုများပြားသောလုပ်ဆောင်ချက်များပေါ် တွင် သင် လျှင်မြန်စွာ လုပ်ဆောင်နိုင်မှာဖြစ်သည်။ ထိန်းချုပ်ခလုတ်များစုထားသည့် ဂယ်လာရီက သင် ကြိုက်နှစ်သက်သည့် အက်ပ်များ၏ ထိန်းချုပ်ခလုတ်များအပါအဝင် သင်၏ ရွေးချယ်စရာများအားလုံးကို တစ်နေရာထဲတွင် ပြသပေးထားပါသည်။ iPhone တွင် Control Center ကိုသုံးခြင်းနှင့် စိတ်ကြိုက်ပြုလုပ်ထားခြင်း ကိုကြည့်ပါ။

ဓာတ်ပုံများ။ ဒီဇိုင်းပြန်ရေးထားသော Photos အက်ပ်ကြောင့် သင်သည် ဓာတ်ပုံစုဆောင်းမှုနေရာကို လက်ချောင်းထိပ်လေးဖြင့် ထိတွေ့နိုင်မှာဖြစ်ပြီး သင့်အတွက် ပုံရှာသည့်အချိန် နည်းသွားပြီး အမှတ်တရများကို ပိုမိုပျော်ရွှင်ခံစားနိုင်မှာဖြစ်သည်။ သင်၏ ဓာတ်ပုံများကို Recent Days၊ Trips၊ People & Pets အစရှိသည့် အကြောင်းအရာများအလိုက် စီစဥ်ပေးထားပါသည်။ သင့်အတွက် အရေးကြီးဆုံးဖြစ်သည့် စုဆောင်းမှုများ သို့မဟုတ် အယ်လ်ဘမ်များကို လျှင်မြန်စွာဝင်ရောက်နိုင်ရန်အတွက် Pinned Collections ကို အသုံးပြုပါ။ ထို့အပြင် ဓာတ်ပုံများကို ပိုပြီး ကိုယ်ပိုင်ဟန်ဖြစ်ရန်နှင့် အသုံးဝင်ရန်အတွက် အဆိုပါအက်ပ်ကို သင် စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ iPhone ပေါ်တွင် Photos ကိုစတင်အသုံးပြုခြင်း ကိုကြည့်ပါ။

မက်ဆေ့ခ်ျများ။ သင်၏ မက်ဆေ့ချ်များကို ပိုပြီးသိသာထင်ရှားစေရန်အတွက် စာလုံးအနက်ခြယ်ခြင်း၊ စာလုံးအစောင်းလုပ်ခြင်း၊ မျဥ်းသားကဲ့သို့ စာသားအထူးပြုလုပ်ချက်များနှင့် စာကြောင်းမျဥ်းတားဖျက်ခြင်းတို့ ပြုလုပ်နိုင်သည့်အပြင် မည်သည့်စာ၊ စာလုံး၊ စကားစုကိုမဆို အန်နီမေးရှင်းပါ အထူးပြုလုပ်ချက်များ သိုမ့ဟုတ် သင်စာရိုက်လိုက်သည့်အခါ အလိုအလျောက်ပေါ်လာတတ်သည့် သက်ဆိုင်ရာအီမိုဂျီ— ကို ပေါင်းထည့်နိုင်သည်။ အီမိုဂျီ သိုမ့ဟုတ် စတစ်ကာတိုင်းကို Tapback အဖြစ်အသုံးပြုပြီး နည်းလမ်းအသစ်များဖြင့် မက်ဆေ့ချ်များကို တုံ့ပြန်ခြင်း။ သတ်မှတ်အချိန်တစ်ခုတွင် ပေးပို့ရန် မက်ဆေ့တစ်ခုကို စီစဥ်ထားနိုင်ပြီး သင်သည် Wi-Fi သို့မဟုတ် cellular နက်ဝပ်မမိချိန်တွင် ရှိနေသည့်အခါ အဆက်အသွယ်မပြတ်စေရန် ဂြိုဟ်တုစွမ်းရည်ကို အသုံးပြုနိုင်သည်။ iPhone ရှိ စတိုင်နှင့် သက်ဝင်လှုပ်ရှားသည့်မက်ဆေ့ချ်များ၊ iPhone ရှိ Messages တွင် Tapbacks နှင့် တုံ့ပြန်ခြင်း၊ iPhone တွင် မက်ဆေ့ချ်ကို နောက်မှပို့ရန် အချိန်ဇယားပြုလုပ်ထားခြင်း၊ နှင့် iPhone တွင် ဂြိုဟ်တုမှတဆင့် စာပို့ခြင်းကိုကြည့်ပါ။

Mail။ (iOS18.2) Mail သည် သင်၏အဝင်စာတိုက်ပုံးကို အသုံးဝင်သည့် ကဏ္ဍများအဖြစ် စီစဥ်ပေးသောကြောင့် သင်သည် ရှာဖွေနေသည့် မက်ဆေ့ချ်များကို အလွယ်တကူရှာဖွေနိုင်ပါသည်။ အဓိက ကဏ္ဍသည် အရေးအကြီးဆုံးဖြစ်သည့် အချိန်အရေးကြီးသည့် မက်ဆေ့ချ်များနှင့် သူငယ်ချင်းများ၊ မိသားစု သို့မဟုတ် လုပ်ဖော်ကိုင်ဘက်များထံမှ အီးမေးလ်များကို အာရုံစိုက်နိုင်ရန် ကူညီပေးသည်။ Transactions၊ Updates နှင့် Promotions ကဏ္ဍများသည် တခြားအရာများကို ကိုးကားနိုင်ရန်အတွက်လည်း သင့်ကို ကူညီပေးမည်။ အဆိုပါကဏ္ဍများထဲမှ မက်ဆေ့ချ်များသည် ပေးပို့သူအလိုက် အစုလိုက်ထားထားပြီး အလွယ်တကူ ဖမ်းယူဖတ်ရှုနိုင်ရန်အတွက် အတိုအထွာများကိုလည်း ကြည့်နိုင်ပါသည်။ iPhone ရှိ Mail ထဲရှိ ကဏ္ဍများကို အသုံးပြုခြင်း ကိုကြည့်ပါ။
Safari။ Safari သည် ပေ့ချ်တစ်ခု၏ သက်ဆိုင်ရာအချက်အလက်များကို အလိုအလျောက် သိရှိနိုင်ပြီး သင်ရှာဖွေနေချိန်တွင်း ၎င်းကို အသားပေးဖော်ပြပေးသည်။ Highlights သည် သင်ကြည့်နေသည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ပိုမိုအသုံးဝင်မည့် မြေပုံများ၊ ဘာသာပြန်ဆိုချက်များနှင့် လင့်ခ်များကဲ့သို့ အချက်အလက်များကို သင် ပိုမိုသိရှိနိုင်ရန် ဖော်ပြပေးထားသည်။ ပြန်ပြီးဒီဇိုင်းအသစ်လုပ်ထားသည့် စာဖတ်မြင်ကွင်းတွင် ဆောင်းပါးတစ်ပုဒ်ကို မဖတ်မီ ၎င်း၏အကြမ်းဖျင်းအချက်များသိနိုင်ရန် မာတိကာနှင့် အဆင့်မြင့်အကျဥ်းချုပ်မှုတစ်ခု ပါဝင်သည်။ iPhone ရှိ Safari တွင် ဝက်ဘ်ပေ့ချ်တစ်ခု၏ အသားပေးချက်များကို ကြည့်ခြင်း နှင့် iPhone ရှိ Safari တွင် ဆောင်းပါးများကို ဖတ်နေချိန်တွင် အနှောင့်အယှက်များကို ဝှက်ထားခြင်းကိုကြည့်ပါ။
စကားဝှက်များ။ သင်၏ စကားဝှက်များအားလုံး၊ အကောင့်အချက်အလက်များနှင့် အတည်ပြုချက်ကုတ်များအားလုံးကို တစ်နေရာထဲတွင် လုံခြုံစွာ သိမ်းထားပေးသည့် အက်ပ်အသစ်တစ်ခု။ AutoFill ကို သင်အသုံးပြုလျှင် သင်ထုတ်လိုက်သည့် စကားဝှက်များသည် Passwords အက်ပ်သို့ အလိုအလျောက်ပေါင်းထည့်ပေးသည်။ iPhone တွင် ဝက်ဘ်ဆိုက်တစ်ခု သို့မဟုတ် အက်ပ်အတွက် သင့်စကားဝှက်ကို ရှာခြင်း နှင့် iPhone တွင် သင်၏စကားဝှက်များနှင့်ဆက်စပ်သည့် အချက်အလက်များကိုကြည့်ခြင်းကိုကြည့်ပါ။

မြေပုံများ။ U.S.အမျိုးသားပန်းခြံ 63 ခုလုံးအပါအဝင် လမ်းကြောင်းကွန်ရက်များနှင့် ခြေလျင်ခရီးများကို အသေးစိတ်ဖော်ပြထားသည့် မြေမျက်နှာသွင်ပြင်ပြ မြေပုံများကို ကြည့်ပါ။ ခြေလျင်ခရီးများပြမြေပုံများကို သင့် iPhone တွင် သိမ်းထားသည့်အခါ အော့ဖ်လိုင်းဖြစ်နေချိန်တွင် လမ်းအချိုးအကွေ့လမ်းညွှန်များရနိုင်သည်။ ထို့အပြင် လမ်းလျှောက်ခြင်းနှင့် ခြေလျင်ခရီးလမ်းကြောင်းများကို တစ်လမ်းသွား၊ စမှတ်နှင့်ဆုံးမှတ်တူလမ်းကြောင်း သို့မဟုတ် ပတ်လမ်းကြောင်းစသဖြင့် မတူညီသည့် လမ်းကြောင်းများဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။ iPhone ရှိ Maps တွင် လမ်းလျှောက်ခြင်းလမ်းညွှန်ချက်များ ရယူခြင်း နှင့် iPhone ရှိ Maps တွင် လမ်းလျှောက်ခြင်းနှင့် ခြေလျင်ခရီးများကို သိမ်းဆည်းခြင်းကိုကြည့်ပါ။

FaceTime။ သင်ဖန်သားပြင်ကို ခေါက်ပြခြင်းနှင့် ပုံဆွဲပြခြင်းတို့လုပ်ဆောင်ပြီး သင့် သူငယ်ချင်းများနှင့် မိသားစုများအတွက် သူတို့ခရီးလမ်းတွင် လုပ်ဆောင်နိုင်သည့်အရာများကို ကူညီပြသပေးနိုင်သည်။ သို့မဟုတ် ၎င်းတို့၏စက်ပစ္စည်းကို အဝေးကနေ ထိန်းချုပ်ခွင့်ကို တောင်းဆိုပါ။ iPhone ရှိ FaceTime ဖုန်းခေါ်ဆိုမှုတွင်သင်၏ဖန်သားပြင်ကိုမျှဝေခြင်း နှင့် iPhone တွင် FaceTime ခေါ်ဆိုမှုတစ်ခုတွင် အဝေးကထိန်းချုပ်ခွင့်ကို တောင်းဆိုခြင်း သို့မဟုတ် ပေးခြင်းကိုကြည့်ပါ။
Wallet။ Tap to Cash ကိုအသုံးပြု၍ သင်၏ ဖုန်းနံပါတ် သို့မဟုတ် အီးမေးလိပ်စာကို ပေးစရာမလိုဘဲ Apple Cash ပေးပိုလိုသည့် လူ၏ iPhone သို့မဟုတ် Apple Watch အနီးသို့ သင်၏ iPhone သို့မဟုတ် Apple Watch ကို ကိုင်ထားပြီး ပေးပို့နိုင်သည်။ Apple အက်ပ်များမှ ထောက်ခံချက်များပါသည့် ပွဲကျင်းပသည့်နေရာအကြောင်း လမ်းညွှန်အပါအဝင် ပွဲစဥ်လက်မှတ်များ။ Wallet တွင် သင်၏ ဆုကြေးများ သို့မဟုတ် အမှတ်များကိုကြည့်ပြီး ဆုကြေးများ သို့မဟုတ် အရစ်ကျစနစ်ဖြင့် ပေးချေရန် Apple Pay ကိုအသုံးပြုပါ။ Tap to Cash ဖြင့် Apple Cash ကိုပေးပို့ခြင်း၊ iPhone ရှိ Wallet တွင် ဘဏ်ငွေစာရင်းများကို အသုံးပြုခြင်းနှင့် iPhone ရှိ Apple Pay ကို အသုံးပြု၍ အက်ပ်များတွင် သို့မဟုတ် ဝက်ဘ်ဆိုက်တွင် ငွေပေးချေခြင်း တို့ကိုကြည့်ပါ။

မှတ်စုများ။ မှတ်စုတစ်ခုထဲတွင် တိုက်ရိုက်လွှင့်အသံကို ဖမ်းယူနိုင်ပြီး စကားပြောသံကို စာသားအဖြစ် ကူးယူထားနိုင်သည်။ စာသားကို ဆွဲဆောင်မှုရှိသည့်အရောင်ခြယ်ခြင်း၊ စာသားများ အလွန်အမင်းများသည့် ကဏ္ဍများတွင် ခေါက်သိမ်း၍ရသည့် ခေါင်းစီးများကို အသုံးပြုခြင်းနှင့် Math Notes ဖြင့် သင်္ချာညီမျှခြင်းများကို ချက်ချင်းဖြေရှင်းနိုင်ခြင်း။ iPhone ရှိ Notes တွင် အသံကိုသွင်းပြီး ကူးယူရေးမှတ်ခြင်း၊ iPhone တွင် မှတ်စုများကို ဖန်တီးပြီးပုံစံချခြင်းနှင့် iPhone ရှိ Notes တွင် ပုံသေနည်းများနှင့် ညီမျှခြင်းများကို ရိုက်ထည့်ခြင်း တို့ကိုကြည့်ပါ။

Journal။ Journal အက်ပ်တွင် သင်၏စိတ်အခြေအနေကို မှတ်တမ်းတင်ပြီး Health အက်ပ်တွင် အသိသတိရှိသည့် မိနစ်များအဖြစ် ဂျာနယ်ရေးသည့် အချိန်များကို အလိုအလျောက်ထည့်သွင်းနိုင်သည်။ ယခင်ရေးသွင်းချက်များကို ရှာရန်နှင့် အမျိုးအစားခွဲရန်၊ သင်၏ ဂျာနယ်ရေးသားမှုရည်မှန်းချက်တိုင်းကို အကူအညီပေးရန် သင်၏နေ့စဥ် စာရေးနိုင်သည့်ပမာဏနှင့် အခြားပမာဏများကို Journal တွင် ရှာနိုင်သည်။ iPhone ရှိ သင့်ကျန်းမာရေးအတွက် ဂျာနယ်၊ iPhone တွင် သင်၏ ဂျာနယ်ရေးသွင်းချက်များကြည့်ပြီး ရှာဖွေခြင်းနှင့် iPhone ပေါ်တွင် သင်၏ Journal ချိန်ညှိခြင်းများကို ပြောင်းခြင်း တို့ကိုကြည့်ပါ။

Voice Memos။ (iOS 18.2) အထောက်အကူပြုထားသော အမျိုးအစားများတွင် တူရိယာပစ္စည်းဖြင့် အသံဖမ်းယူထိပ်တွင် အသံအလွှာတစ်လွှာကို အသံဖမ်းပြီး ပေါင်းထည့်နိုင်ပါသည်။ iPhone ရှိ Voice Memos အသံဖမ်းယူခြင်းသို့ ဒုတိယအလွှာကို ပေါင်းထည့်ခြင်း ကိုကြည့်ပါ။
Apple TV။ ရှိုးပွဲတစ်ပွဲ သို့မဟုတ် ရုပ်ရှင်တစ်ကားပြနေချိန်တွင် ၎င်းတွင်ပါသည့် သရုပ်ဆောင်များနှင့် ဂီတပညာရှင်များ အကြောင်းပိုပြီးသိရန် InSight ကိုအသုံးပြုပြီး ဖန်သားပြင်တွင် ပြောနေသည်များကို ကြားနိုင်ရန် Enhance Dialogue ကို အသုံးပြုပါ။ iPhone ရှိ Apple TV အက်ပ်တွင် အကြောင်းအရာကို တိုက်ရိုက်ကြည့်ပြီး playback ကိုထိန်းချုပ်ခြင်း ကိုကြည့်ပါ။

Home။ ဂိုထောင်တံခါးဖွင့်ခြင်း၊ သတိပေးချက်စနစ်များနှင့် တံခါးသော့များကဲ့သို့ သင်၏အိမ်ရှိ သတ်မှတ်နေရာထိန်းချုပ်ခလုတ်များကို အသုံးပြုနိုင်ရန် ဧည့်သည်များကို သတ်မှတ်ပေးထားနိုင်သည်။ iPhone ရှိ သင့်အိမ်ထဲရှိ ဆက်စပ်ပစ္စည်းများကိုထိန်းချုပ်ရန်အခြားသူများကို ဖိတ်ခေါ် ခြင်း ကိုကြည့်ပါ။

သီးသန့်တည်ရှိမှုနှင့်လုံခြုံရေး။ ပြန်ပြီးဒီဇိုင်းအသစ်လုပ်ထားသည့် Privacy နှင့် Security ချိန်ညှိမှုများသည် အက်ပ်များထံသို့ သင်မျှဝေမည့် အချက်အလက်ပမာဏကို စီမံနိုင်ရန် ကူညီပေးပြီး အက်ပ်တစ်ခုသို့ သင်၏ အဆက်အသွယ်စာရင်းတစ်ခုလုံးမဟုတ်ဘဲ သတ်မှတ်အဆက်အသွယ်တချို့ကိုသာ မျှဝေရန်လည်း သင် ဆုံးဖြတ်နိုင်သည်။ iPhone တွင် အက်ပ်၏ သတင်းအချက်အလက်ဝင်ရောက်ကြည့်ရှုခွင့်ကို ထိန်းချုပ်ခြင်း နှင့် iPhone တွင် အဆက်အသွယ်များကို ဝင်ရောက်ခွင့်ကို ထိန်းချုပ်ခြင်းကိုကြည့်ပါ။

အသုံးပြုရလွယ်ကူခြင်း။ မျက်လုံးဖြင့်ခြေရာခံခြင်းသည်လည်း လူများသည် မျက်လုံးများအသုံးပြုရုံဖြင့် iPhone ကို ထိန်းချုပ်ရန်လုပ်ဆောင်ပေးပါသည်။ Music Haptics သည် သီချင်းများ၏စည်းချက်ဖြင့် iPhone Taptic Engine ကို တစ်ပြေးညီချိန်သားကိုက်ညှိပေးပြီး Vocal Shortcuts သည် စကားပြောတွင် ချို့ယွင်းချက်ရှိသူများ၏ အသံကို မှတ်တမ်းတင်ထားပြီး iPhone ၏ သီးသန့်လုပ်ရပ်တချို့ကို လုပ်ဆောင်ပေးရန် အကူအညီပေးထားသည်။ သင့်မျက်လုံးများ၏ ရွေ့လျားမှုကိုသုံး၍ iPhone အားထိန်းချုပ်ခြင်း၊ iPhone တွင် ဂီတသံကို ထိချက်များ၊ ဖွဲ့စပ်ပုံများနှင့် အခြားအရာများအနေဖြင့် ဖွင့်ခြင်းနှင့် iPhone ရှိ Vocal Shortcuts အသုံးပြုခြင်း တို့ကိုကြည့်ပါ။
အရေးပေါ် SOS တိုက်ရိုက်လွှင့် ဗီဒီယို။ သင်လိုအပ်နေသည့် အကူအညီကို လွယ်လွယ်ကူကူနှင့် မြန်ဆန်စွာ ရနိုင်ရန်အတွက် သင် အရေးပေါ် ဖုန်းခေါ်နေချိန်အတွင်း တိုက်ရိုက်ရိုက်ကူးထားသည့် ဗီဒီယိုနှင့် မှတ်တမ်းတင်ထားသည့် မီဒီယာကို မျှဝေနိုင်သည်။ သင့် iPhone တွင် အရေးပေါ်ဌာနများကို ဆက်သွယ်ရန် SOS အသုံးပြုခြင်း ကိုကြည့်ပါ။

Freeform။ ဖြစ်စဥ်များသည် သင်၏ ဘုတ်ပြားကဏ္ဍအလိုက်ကို စီစဥ်ပေးပြီး တင်ဆက်ပေးထားသည်။ မည်သူ့ကိုမဆို သင်၏ ဘုတ်ပြားမိတ္တူကို လင့်ခ် တစ်ခုဖြင့် ပေးပို့နိုင်သည်။ ပိုမိုတိုးတက်လာသည့် ပုံကြမ်းဆွဲခြင်းမုဒ်သည် သင်၏ ပတ္တူဖျင်ချပ်များပေါ်တွင် ပုံစံချိတ်ဆက်ဆွဲခြင်းကို ပိုပြီးလွယ်ကူစေသည်။ iPhone ရှိ Freeform တွင် ရှုခင်းပုံများကို လမ်းညွှန်ပြီး တင်ပြခြင်း၊ iPhone ရှိ Freeform ဘုတ်ပြားတစ်ခု၏ မိတ္တူ သို့မဟုတ် PDF တစ်ခုပေးပို့ခြင်းနှင့် iPhone ရှိ Freeform ဘုတ်ပြားတစ်ခုသို့ ပုံကြမ်းများထည့်ခြင်း တို့ကိုကြည့်ပါ။
ဂဏန်းတွက်စက်။ ရာဇဝင်နှင့် ယူနစ်ပြောင်းခြင်းကဲ့သို့ ကိရိယာအသစ်များကို အသုံးပြုခြင်း။ သင်္ချာပုစ္ဆာများ၊ သတ်မှတ်ကိန်းရှင်များ၊ ဂရပ်ဆွဲခြင်းများအစရှိသည်တို့ကို တွက်ရန် Math Notes ဖြင့် ရေးသားခြင်း သို့မဟုတ် တွက်ခြင်းတို့ လုပ်နိုင်သည်။ iPhone ရှိ Calculator တွင် ယခင် တွက်ချက်မှုများကို ကြည့်ခြင်း၊ iPhone ရှိ Calculator တွင် ယူနစ်များ သို့မဟုတ် ငွေကြေးစနစ်ကို ပြောင်းလဲခြင်းနှင့် iPhone ရှိ Calculator တွင် Math Notes နှင့် သင်္ချာဖြေရှင်းခြင်း တို့ကိုကြည့်ပါ။

ပြက္ခဒိန်။ ပြန်ပြီးဒီဇိုင်းထွင်ထားသည့် လအလိုက်ပြခြင်းသည် သင်၏လာမည့် တစ်လတာအတွက် ကြိုတင်ကြည့်ရှုရန်အတွက် ပိုပြီးလွယ်ကူသွားစေသည်။ Reminders အက်ပ်ရှိ သတိပေးချက်များကို ဖန်တီးခြင်း၊ ကြည့်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ပြီးဆုံးအောင်လုပ်ဆောင်ခြင်းများကို ပြက္ခဒိန်ထဲတွင် သင်လုပ်ဆောင်နိုင်သည်။ iPhone ရှိ Calendar တွင် ပွဲရက်မှတ်သားမှုများခင်းကျင်းပုံကို ပြောင်းလဲခြင်း နှင့် iPhone ရှိ Calendar တွင် သတိပေးချက်များကိုအသုံးပြုခြင်းကိုကြည့်ပါ။

iOS 18 အတွက်လှည့်ကွက်များကိုလေ့လာခြင်း Tips အက်ပ်သည်အကြံပြုချက်အသစ်များကို ပုံမှန်ဖြည့်ပေးသောကြောင့်သင်၏ iPhone မှအများဆုံးရရှိနိုင်သည်။ အကြံပြုချက်များရယူခြင်း ကို ကြည်ပါ။
မှတ်စု အင်္ဂါရပ်အသစ်များနှင့်အက်ပ်စ်များသည် သင့် iPhone အမျိုးအစား၊ ဒေသ၊ ဘာသာစကားနှင့်သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။