iPhone တွင်အဝင်ဖုန်းခေါ်ဆိုမှုများကို လက်ခံပြောဆိုခြင်း သို့မဟုတ် ပယ်ချခြင်း
အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံပြောဆိုခြင်း၊ အသံပိတ်ခြင်း သို့မဟုတ် ပယ်ချခြင်းများပြုလုပ်နိုင်သည်။ ဖုန်းခေါ်ဆိုမှုတစ်ခုကို ငြင်းဆိုသည့်အခါ voicemail စနစ်သို့ရောက်သွားမည်။ စာသားတစ်ခုနှင့် တုံ့ပြန်ဖြေကြားနိုင်သလို ဖုန်းပြန်လည်ခေါ်ဆိုရန် သင့်ကိုယ်သင် ပြန်လည်အသိပေးနိုင်သည်။
ဖုန်းခေါ်ဆိုမှုကို လက်ခံပြောဆိုခြင်း
အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
ကိုနှိပ်ပါ။
iPhone သည် သော့ခတ်သည့်အနေအထားဖြစ်ပါက ဆလိုက်ဒါကို ဖိဆွဲပါ။
အကြံပြုချက် အဝင်ခေါ်ဆိုမှုများကိုအသိပေးရန် Siri ကိုစေခိုင်းနိုင်ပြီး ၎င်းသည်သင်၏အသံကိုအသုံးပြု၍ လက်ခံဖြေကြားခြင်း သို့မဟုတ် ဖုန်းချခြင်းတို့ကိုလုပ်နိုင်သည်။
ဖုန်းခေါ်ဆိုမှုတစ်ခုကို အသံတိတ်စေခြင်း
ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည့်အခါ ဘေးဘက်ခလုတ် သို့မဟုတ် အသံအနိမ့်အမြင့်ခလုတ်တစ်ခုခုကို ဖိထားပါ။
၎င်းအသံတိတ်လိုက်သော ဖုန်းခေါ်ဆိုမှုကို voicemail ထဲမရောက်သေးခင်အချိန်အထိ ဖြေကြားပြောဆိုနိုင်သေးသည်။
ဖုန်းခေါ်ဆိုမှုတစ်ခုကို ငြင်းပယ်ကာ voicemail ထဲသို့တိုက်ရိုက်ထည့်ခြင်း
အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုအတွက် အောက်ပါတို့မှတစ်ခုခုကို လုပ်ဆောင်ပါ၊
ဘေးဘက်ခလုတ်ကို နှစ်ကြိမ်မြန်မြန်နှိပ်ပါ။
ကိုနှိပ်ပါ။
ဖုန်းခေါ်ဆိုမှုခေါင်းစီးတန်းပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ။
ရွေးချယ်မှုများပိုမိုမြင်ရရန် ဖုန်းခေါ်ဆိုမှုခေါင်းစီးတန်းပေါ်တွင် အောက်သို့ပွတ်ဆွဲချပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
Remind Me ကိုနှိပ်ကာ သင်သတိပေးစေလိုသည့် အချိန်ကိုရွေးချယ်ပါ။
Message နှိပ်၍ ပုံသေပြန်စာတစ်ခုကို ရွေးချယ်ပါ သို့မဟုတ် Custom ကိုနှိပ်ပါ။
သင်၏ကိုယ်ပိုင် အလိုအလျောက်ပြန်စာများဖန်တီးလိုလျှင် Settings
> Apps > Phone > Respond with Text သို့သွား၍ Respond With အောက်ရှိ မည်သည့် ကွက်လပ်ကို မဆိုနှိပ်ပါ၊ ထို့နောက် သင့်ကိုယ်ပိုင်အဖြေကိုနှိပ်ပါ။
မှတ်စု တချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင် ငြင်းပယ်လိုက်သည့် ဖုန်းခေါ်ဆိုမှုများကို voicemail သို့မပို့ဆောင်တော့ဘဲ လိုင်းဖြတ်တောက်ပစ်သည်။