iPhone ရှိဖိုင်တွဲများတွင် သင်၏အက်ပ်များကို နေရာချခြင်း
သင်၏ Home ဖန်သားပြင် pages ကိုရှာရလွယ်ကူစေရန် ဖိုင်တွဲများထဲသို့ သင်၏အက်ပ်များကို စနစ်တကျစီစဉ်နိုင်သည်။
ဖိုင်တွဲတစ်ခုဖန်တီးခြင်း
အက်ပ်များစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာသည်အထိ Home ဖန်သားပြင်နောက်ခံကို ဖိပြီးထိန်းထားပါ။
ဖိုင်တွဲတစ်ခုဖန်တီးရန်၊ အက်ပ်တစ်ခုကို အခြားအက်ပ်တစ်ခုပေါ်သို့ ဆွဲယူပါ၊ ထို့နောက် အခြားအက်ပ်များကို ဖိုင်တွဲထဲသို့ဆွဲထည့်ပါ။
ဖိုင်တွဲတစ်ခုတွင် အက်ပ်စာမျက်နှာများ အများအပြားပါဝင်နိုင်သည်။
ဖိုင်တွဲတစ်ခုကို အမည်ပြန်လည်သတ်မှတ်ရန် ယင်းကိုထိ၍ဖိထားပြီး အမည်သစ်တစ်ခုကို ထည့်သွင်းပါ။
အက်ပ်စ်များစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာပါက Home ဖန်သားပြင်နောက်ခံကို ဖိပြီးထိန်းထားပြီး ထပ်မံကြိုးစားကြည့်ပါ။
ပြီးသည့်အခါ Done ကိုနှိပ်ပါ၊ ထို့နောက် Home ဖန်သားပြင်နောက်ခံကို နှစ်ကြိမ်နှိပ်ပါ။
မှတ်စု Home ဖန်သားပြင်တွင် သင်၏အက်ပ်များကို အထားအသိုပြင်ဆင်ခြင်းသည် App Libraryရှိ အက်ပ်များ၏ အစီအစဉ်တကျနေရာချခြင်းကို သက်ရောက်မှုမရှိပါ။
ဖိုင်တွဲတစ်ခုကို သင့်Home ဖန်သားပြင်မှဖျက်ခြင်း
အက်ပ်များစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာသည်အထိ Home ဖန်သားပြင်နောက်ခံကို ဖိပြီးထိန်းထားပါ။
ဖိုင်တွဲတစ်ခုကိုဖွင့်ရန် ၎င်းကိုနှိပ်ပါ၊ ထို့နောက် ဖိုင်အတွင်းရှိ အက်ပ်အားလုံးကို ဖိဆွဲ၍ အပြင်ထုတ်ပြီး Home ဖန်သားပြင်ပေါ် တင်ပါ။
ထိုဖိုင်တွဲထဲတွင် ဘာမျှမရှိသည့်အခါ ၎င်းဖိုင်တွဲသည် အလိုအလျောက် ပျက်သွားမည်။
ဖိုင်တွဲတစ်တွဲမှ အက်ပ်တစ်ခုကို Home ဖန်သားပြင်သို့ရွှေ့ခြင်း
အက်ပ်တစ်ခုကို အလွယ်တကူရှာဖွေပြီး ဖွင့်ရန်အတွက် ၎င်းအက်ပ်ကို ဖိုင်တွဲတစ်တွဲမှနေပြီး Home ဖန်သားပြင်ပေါ်သို့ သင်ရွှေ့နိုင်သည်။
ထိုအက်ပ်ပါသည့် ဖိုင်တွဲ၏ တည်နေရာကိုရှာပါ၊ ထို့နောက် ၎င်းကိုဖွင့်ရန် ထိုဖိုင်တွဲကိုနှိပ်ပါ။
အက်ပ်စ်များဟိုရွေ့သည်ရွေ့စတင်ဖြစ်လာသည်အထိ ထိုအက်ပ်ကိုဖိနှိပ်ထားပါ။
၎င်းအက်ပ်ကို ဖိုင်တွဲထဲမှ Home ဖန်သားပြင်သို့ရောက်အောင် ပွတ်ဆွဲပါ။