Bluetooth တွဲဖပ်သုံးစက်ပစ္စည်းတွင် သင့် iPhone မှ အသံများကို ဖွင့်ခြင်း
သင်သည် သင့် iPhone အား Bluetooth တွဲဖက်သုံးပစ္စည်းတစ်ခုနှင့် ချိတ်ဆက်ပြီးပါကတွဲဖက်သုံးပစ္စည်းပေါ်တွင် သင့် iPhone မှ အသံဖိုင်ကို ဖွင့်ပြီး ထိန်းချုပ်နိုင်သည်။
Bluetooth အသံပိုင်းဆိုင်ရာစက်ပစ္စည်းတွင် သင့် iPhone မှ အသံဖိုင်ကို နားဆင်ခြင်း
သင်၏ iPhone တွင် Music သို့မဟုတ် Podcasts ကဲ့သို့ အသံဖိုင်အက်ပ်တစ်ခုကိုဖွင့်ပါ၊ ပြီးလျှင် အမျိုးအစားတစ်ခုကိုဖွင့်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Bluetooth တွဲဖက်သုံးပစ္စည်းကိုရွေးချယ်ပါ။
သီချင်းဖွင့်ထားသည့်အခါ သော့ပိတ်ထားသည့်ဖန်သားပြင်ပေါ်ရှိ သို့မဟုတ် Control Center အတွင်းရှိ တစ်ကျော့ပြန်ထားသည့်သီချင်းဖွင့်မည့်နေရာကို ပြောင်းလဲနိုင်သည်။
အသံဖိုင်ကို ဖွင့်ရန်၊ အသံအတိုးအကျယ်ကို ချိန်ညှိရန်၊ သီချင်းများကို ကျော်ရန်နှင့် အခြားအရာများပြုလုပ်ရန် သင့် iPhone ရှိ ထိန်းချုပ်ခလုတ်များကို အသုံးပြုပါ။
Bluetooth တွဲဖက်သုံးပစ္စည်း ချိတ်ဆက်နိုင်သည့်နေရာကို ကျော်လွန်ကာ စက်ကို ယူဆောင်သွားမိပါက သွင်းထားသောအသံပြန်ဖွင့်သည့်အနေဖြင့် သင့် iPhone သို့ ပြန်ပို့ပါသည်။
မှတ်စု iPhone ဖြင့်နားထောင်စဉ်တွင် အသံကျယ်ခြင်းကြောင့် သင့်အကြားအာရုံကို ကာကွယ်ရန်သတင်းအချက်အလက်များအတွက် iPhone ရှိ Health တွင် အကြားအာရုံကျန်းမာရေး လုပ်ဆောင်ချက်များကို အသုံးပြုခြင်းကိုကြည့်ပါ။
ကြားခံ Bluetooth တွဲဖက်သုံးပစ္စည်းနဲ့ စက်များအတွက် အသံ တိကျမှန်ကန်မှုကိုတိုးတက်စေခြင်း
သင်၏ iPhoneတွင် (နားကြပ်များ၊ စပီကာများ သို့မဟုတ် ကား စတီရီယိုကဲ့သို့) Bluetooth စက်ပစ္စည်းအမျိုးအစားများကို သတ်မှတ်ခြင်းဖြင့် တခြား Bluetooth စက်ပစ္စည်းများ၏ အသံကို မြှင့်တင်နိုင်သည်။
Settings
> Bluetooth သို့သွားကာ တွဲဖက်သုံးပစ္စည်း သို့မဟုတ် စက်ပစ္စည်း၏နာမည်ဘေးရှိ
ကိုနှိပ်ပါ။
Device Type ကိုနှိပ်ပါ၊ ထို့နောက် စက်အမျိုးအစားကို ရွေးချယ်ပါ။