iPhone တွင် အယ်လ်ဘမ်များကို ပြုပြင်ခြင်းနှင့် စုစည်းထားရှိခြင်း
Photos အက်ပ်ထဲတွင် အယ်လ်ဘမ်များကို အသစ်ဖြည့်စွက်ခြင်း၊ အမည်ပြင်ဆင်ခြင်း၊ ပြန်လည်စဉ်ထားခြင်းနှင့် ဖျက်ခြင်းတို့ လုပ်ဆောင်နိုင်သည်။ တစ်ခုထက်ပိုသော အယ်လ်ဘမ်များကိုစုထည့်ရန် ဖိုင်တွဲများကိုလည်း ဖန်တီးနိုင်သည်။ ဥပမာ “Vacations” ဟု အမည်ရသော ဖိုင်တွဲတစ်ခုကိုဖန်တီးနိုင်ပြီး သင်၏အားလပ်ရက်ခရီးစဥ်အားလုံးစုထားသည့် ထိုဖိုင်တွဲထဲတွင် တစ်ခုထက်ပိုသော အယ်လ်ဘမ်များကို ထပ်မံဖန်တီးနိုင်သည်။
အယ်လ်ဘမ်တစ်ခုသို့ ဓာတ်ပုံများ ထည့်ခြင်း
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
Albums ကိုနှိပ်ကာ ထိုအယ်လ်ဘမ်ကိုနှိပ်ပါ။
အယ်လ်ဘမ်၏ ဓာတ်ပုံဂရစ်ထဲရှိ နောက်ဆုံးဓာတ်ပုံနောက်ရှိ
ကိုနှိပ်ပါ။
အယ်လ်ဘမ်ထဲသို့ သင်ထည့်ချင်သည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို နှိပ်ပါ၊ ထို့နောက် Add ကိုနှိပ်ပါ။
အကြံပြုချက် အချိန် သို့မဟုတ် နေရာတစ်ခုခုမှ ဓာတ်ပုံများကို ရှာရန် ဖန်သားပြင်ထိပ်ဆုံးရှိ ရှာဖွေခြင်းနယ်ပယ်ကို အသုံးပြုပါ။
အယ်လ်ဘမ်တစ်ခုမှ ဓာတ်ပုံများကို ဖယ်ရှားခြင်း
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
Albums ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်အပြည့်ကြည့်ရန် သင်ဖယ်ရှားလိုသည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကိုနှိပ်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက်မှ တစ်ခုကိုရွေးချယ်ပါ၊
Album မှ ဖယ်ရှားခြင်း၊ ထို အယ်လ်ဘမ်မှ ၎င်းဓာတ်ပုံကို ဖယ်ရှားလိုက်သော်လည်း အခြားအယ်လ်ဘမ်များနှင့် သင့်ဓာတ်ပုံစုစည်းမှုတွင် ကျန်နေဦးမည်။
Library မှ ဖျက်ခြင်း၊ ၎င်းဓာတ်ပုံကို အယ်လ်ဘမ်များအားလုံးနှင့် သင့်ဓာတ်ပုံစုစည်းမှုမှ ဖယ်ရှားလိုက်ပြီး Recently Deleted သို့ ရွှေ့လိုက်သည်။
အယ်လ်ဘမ်တစ်ခုတွင် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများစွာကို ဖယ်ရှားလိုပါက Select ကိုနှိပ်ပါ ပြီးလျှင် သင် ဖယ်ရှားလိုသည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုပုံသေးများကို နှိပ်ပါ၊ ထို့နောက် ကိုနှိပ်ပါ။
အယ်လ်ဘမ်တစ်ခုကို အမည်ပြောင်းခြင်း
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
Albums ကိုနှိပ်ကာ သင်အမည်ပြောင်းလိုသည့် အယ်လ်ဘမ်ကိုနှိပ်ပါ။
ကိုနှိပ်ပါ၊ ထို့နောက် Edit Title and Photos ကိုနှိပ်ပါ။
စာသားကွက်လပ်တွင် အမည်သစ်ရိုက်ထည့်ကာ Done ကိုနှိပ်ပါ။
အယ်လ်ဘမ်များကိုဖျက်ခြင်း
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
Albums ကိုနှိပ်ပါ၊ ထို့နောက် သင်ဖျက်လိုသောအယ်လ်ဘမ်ကို ထိ၍ဖိထားပါ။
Delete Album ကိုနှိပ်ပါ။
အယ်လ်ဘမ်များကို ဖိုင်တွဲများဖြင့် စနစ်တကျထားရှိခြင်း
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
Albums ကိုနှိပ်ပါ၊ Create ကိုနှိပ်ပါ၊ ထို့နောက် New Folder ကိုရွေးပါ။
ဖိုင်တွဲအသစ်ကို အမည်ပေးပါ၊ ထို့နောက်
ကိုနှိပ်ပါ။
ဖိုင်တွဲတစ်ခုမှ အယ်လ်ဘမ်တစ်ခုကိုဖယ်ရှားရန်အတွက် ဖိုင်တွဲကိုဖွင့်ရန် ၎င်းဖိုင်တွဲကိုနှိပ်ပါ၊ အယ်လ်ဘမ်တစ်ခုကို ထိ၍ဖိထားပါ၊ ထို့နောက် Move Album out of “[name]”ကိုနှိပ်ပါ။