iPhone တွင် AssistiveTouch ကိုသုံးခြင်း
iPhone ရှိ AssistiveTouch ကိုသုံးကာ သင့်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် touchscreen ကိုချိန်ညှိနိုင်သည်။ အချို့လက်ဟန်များသည် သင့်အတွက်အလုပ်မလုပ်ပါက ၎င်းတို့ကို ထိချက်တစ်ချက် သို့မဟုတ် အခြားလက်ဟန်နှင့် အစားထိုးနိုင်သည်၊ သို့မဟုတ် ရိုးရှင်းသောအသံတစ်ခုကို အသုံးပြုနိုင်သည်။ iPhone ခလုတ်များကို နှိပ်ရန်လိုအပ်သောအခါတွင်လည်း AssistiveTouch ကိုအသုံးပြုနိုင်သည်။ ဆက်စပ်ပစ္စည်းမသုံးဘဲ သို့မဟုတ် (ဂိမ်းထိန်းချုပ်တံကဲ့သို့) လိုက်လျောညီထွေဖြစ်သည့် တွဲဖက်ပစ္စည်းတစ်ခုကိုသုံးကာ AssistiveTouch ကိုအသုံးပြုနိုင်သည်။

အောက်ပါတို့ကဲ့သို့ လုပ်ဆောင်မှုများကို လုပ်ဆောင်ရန် AssistiveTouch ကိုအသုံးပြုနိုင်သည်၊
Home ဖန်သားပြင်သို့သွားခြင်း
နှစ်ကြိမ်ဆက်နှိပ်ခြင်း
လက်ဟန်ပေါင်းစုံကိုလုပ်ဆောင်ခြင်း
အထက်အောက်ရွှေ့သည့်ဟန်ပန်များ လုပ်ဆောင်ခြင်း
Siri ကိုခေါ်ခြင်း
Control Center၊ အကြောင်းကြားချက်များ၊ ပိတ်ထားသည့်ဖန်သားပြင် သို့မဟုတ် App Switcher သို့ဝင်ရှာခြင်း
iPhone တွင်အသံတိုး၊ကျယ်ညှိခြင်း
iPhone ကိုလှုပ်ခြင်း
ဖန်သားပြင်ပုံရိပ်တစ်ပုံ ရိုက်ကူးခြင်း
3D Touch ကိုသုံးခြင်း (ထောက်ပံ့ပေးသည့် iPhone အမျိုးအစားများတွင်)
Apple Pay ကိုအသုံးပြုခြင်း
Emergency SOS ကို သုံးခြင်း
ပြောဆိုသည့်ဖန်သားပြင်
မြားညွှန်းတံထိန်းကိရိယာချိန်ညှိမှုများကို ညှိခြင်း
iPhone ကိုပိတ်၍ပြန်ဖွင့်ခြင်း
AssistiveTouch ကိုစီစဉ်ခြင်း
Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Turn on AssistiveTouch” သို့မဟုတ် “Turn off AssistiveTouch” Siri အားအသုံးပြုပုံကိုလေ့လာခြင်း။
သို့မဟုတ် အောက်ပါအတိုင်းလုပ်ဆောင်ပါ၊
Settings
> Accessibility > Touch > AssistiveTouch သို့သွားပါ။
AssistiveTouch ကိုဖွင့်ပါ။ AssistiveTouch စာရင်းခလုတ်
သည် ဖန်သားပြင်ပေါ်တွင်ပေါ်သည်။
AssistiveTouch ကို စိတ်ကြိုက်ပြုလုပ်ရန်၊ အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုနှိပ်ပါ၊
ထိပ်ပိုင်းအဆင့်စာရင်းကိုအထူးပြုလုပ်ရန်၊ သင်္ကေတတစ်ခု၏လုပ်ဆောင်ပုံပြောင်းလိုလျှင် အဆိုပါသင်္ကေကိုနှိပ်ပါ။ စာရင်းတွင် သင်္ကေတများ၏အရေအတွက်ကို ပြောင်းလိုလျှင်
သို့မဟုတ်
ကိုနှိပ်ပါ။ ဤစာရင်းသည် သင်္ကေတရှစ်ခုအထိ ထားရှိနိုင်သည်။
တစ်ချက်နှိပ်ခြင်း၊ နှစ်ချက်နှိပ်ခြင်း၊ ကြာရှည်ဖိနှိပ်ခြင်း သို့မဟုတ် 3D Touch၊ စာရင်းခလုတ်နှင့်အပြန်အလှန်ပြုလုပ်သည့်အခါ ပွင့်နေသည့် အထူးပြုလုပ်ချက်များကိုသတ်မှတ်ပါ။ 3D Touch သည် ထောက်ပံ့ပေးသည့် iPhone အမျိုးအစားများ တွင်သာ ရနိုင်သည်။
လက်ဟန်အသစ်ကိုဖန်တီးခြင်း၊ သင်၏စိတ်ကြိုက်လက်ဟန်များကို ပေါင်းထည့်ပါ။
ဖုန်းမျက်နှာပြင်အလင်းပိတ်မှုဆိုင်ရာလုပ်ဆောင်ချက်၊ ဖုန်းကိုအသုံးမပြုသည့်အခါ မျက်နှာပြင်ရှိအကြောင်းအရာများ မြင်ရမှုကို ချိန်ညှိပါ။
AssistiveTouch ဖြင့်အတည်ပြုရန်၊ Face ID ပါရှိသော iPhone တွင် ဘေးဘက်ခလုတ်ကို နှစ်ချက်နှိပ်မည့်အစား AssistiveTouch ကိုအသုံးပြု၍ Face ID ဖြင့် ငွေပေးချေခြင်းကိုအတည်ပြုပါ။
အကြံပြုချက် AssistiveTouch ကို အမြန်ဖွင့်ရန် သို့မဟုတ် ပိတ်ရန် Accessibility Shortcut ကို စီမံနိုင်သည်၊ ထို့နောက် ဘေးခလုတ် သို့မဟုတ် Home ခလုတ်ကိုသုံးချက်နှိပ်ပါ။
AssistiveTouch ကိုသုံးခြင်း
AssistiveTouch ကိုဖွင့်ထားစဥ် AssistiveTouch စာရင်းခလုတ် ကိုနှိပ်ပါ၊ ထို့နောက်လုပ်ဆောင်ချက်တစ်ခု သို့မဟုတ် လက်ဟန်တစ်ခုကိုရွေးပါ။
ယခင်စာရင်းသို့ပြန်သွားရန် စာရင်း၏အလယ်ရှိမြားကိုနှိပ်ပါ။ လက်ဟန်ပြုလုပ်ခြင်းမရှိဘဲ စာရင်းမှထွက်ရန် စာရင်းအပြင်ဘက်ရှိ ကြိုက်သည့်နေရာကိုနှိပ်ပါ။
AssistiveTouch စာရင်းခလုတ်ကို ရွှေ့ရန် ဖန်သားပြင်ပေါ်တွင် နေရာအသစ်တစ်နေရာသို့ ၎င်းကိုပွတ်ဆွဲပါ။
လက်ဟန်အစုံအတွက်အောက်ပါကိုလုပ်ဆောင်ပါ၊
လက်နှစ်ချောင်းဖြင့်ဖိပွတ်ခြင်း နှင့် လှည့်ခြင်း၊ Custom ကိုနှိပ်ပါ၊ ထို့နောက် Pinch ကိုနှိပ်ပါ။ ဖိပွတ်ခြင်းစက်ဝိုင်းနှစ်ခုပေါ်လာသည့်အခါ ဖိပွတ်ခြင်းစက်ဝိုင်းများကိုရွှေ့ရန်ဖန်သားပြင်ပေါ်ရှိမည်သည့်နေရာကိုမဆိုထိပါ၊ ထို့နောက်ဖိပွတ်ခြင်း သို့မဟုတ် လှည့်ခြင်းလက်ဟန်ကိုလုပ်ဆောင်ရန်ဆွဲသွင်းပါ သို့မဟုတ် တွန်းပါ။ ပြီးဆုံးသည့်အခါ ယင်းစာရင်းခလုတ်ကိုနှိပ်ပါ။
လက်ဟန်မျိုးစုံရွှေ့ခြင်း သို့မဟုတ် ပွတ်ဆွဲခြင်း၊ Device > More > Gestures ကိုနှိပ်ပါ၊ ထို့နောက်လက်ဟန်အတွက်လိုအပ်သည့်နံပါတ်ဂဏန်းများကိုနှိပ်ပါ။ ဖန်သားပြင်ပေါ်တွင်စက်ဝိုင်းများပေါ်လာသည့်အခါ၊ လက်ဟန်ဖြင့်လိုအပ်သည့်ဘက်တွင်ရွှေ့ပါ သို့မဟုတ် ပွတ်ဆွဲပါ။ ပြီးဆုံးသည့်အခါ ယင်းစာရင်းခလုတ်ကိုနှိပ်ပါ။
iPhone ကိုမြားညွှန်ကိရိယာတစ်ခုဖြင့် ထိန်းချုပ်ခြင်း
Trackpads၊ ဂိမ်းခလုတ်များနှင့် မောက်စ်ကိရိယာများကဲ့သို့ USB အကူအညီပြုထားသည့် မြားညွှန်ကိရိယာများကို Bluetooth® နှင့် ချိတ်ဆက်နိုင်သည်။
Settings
> Accessibility > Touch > AssistiveTouch သို့သွားပါ။
AssistiveTouch ကိုဖွင့်ပါ။
Pointer Devices အောက်တွင် အောက်ပါတစ်ခုခုကို နှိပ်ပါ၊
ကိရိယာများ၊ ကိရိယာများတွဲချိတ်ခြင်း သို့မဟုတ် ဖြုတ်ခြင်းနှင့် ခလုတ်များစိတ်ကြိုက်စီမံခြင်း။
မောက်စ်ခလုတ်များ၊ စာရိုက်ခလုတ်ခုံကို အသုံးပြုပြီး AssistiveTouch ညွှန်းတံကို ထိန်းချုပ်နိုင်စေရန် ခွင့်ပြုခြင်း။
မြားညွှန်ကိရိယာပုံစံ၊ အရွယ်၊ အရောင် နှင့် အလိုအလျောက်ပုန်းကွယ်မှုချိန်ညှိချက်များကို ချိန်ညှိပါ။
Onscreen Keyboard ဖော်ပြခြင်း၊ ဖန်သားပြင်ပေါ်ရှိစာရိုက်ခလုတ်ခုံကို ပြသပါ။
နှိပ်လျှင်မြည်သောအသံ၊ မြားညွှန်ကိရိယာကို နှိပ်လိုက်သောအခါ အသံတစ်ခုဖွင့်ခြင်း။
အမြဲပြသရမည့်စာရင်း၊ မြားညွှန်ကိရိယာကို ချိတ်ဆက်ပြီးသည့်အခါ AssistiveTouch စာရင်းကိုပြသည်။
အာရုံခံစားမှုကို ခြေရာခံခြင်း၊ သင်မောက်စ်ကို ဆွဲသည့်အခါ သို့မဟုတ် trackpad ပေါ်တွင် သင့်လက်ချောင်းကို ဆွဲသည့်အခါ မြားညွှန်ကိရိယာ မည်မျှမြန်မြန်ရွေ့လျားသည်ကို ချိန်ညှိခြင်း။
မြားညွှန်းကိရိယာထိန်းချုပ်မှုကို စီမံခြင်း
iPhone သည် အညွှန်မြားတံကိုဖန်သားပြင်ပေါ် ရှိ အစိတ်အပိုင်းတစ်ခု သို့မဟုတ် ဖန်သားပြင်၏နေရာတစ်ခုပေါ်တွင် ငြိမ်သက်စွာကိုင်ထားလျှင် ရွေးချယ်ထားသည့်လုပ်ဆောင်မှုတစ်ခုကို ဆောင်ရွက်သည်။
Settings
> Accessibility > Touch > AssistiveTouch သို့သွားပါ၊ ထို့နောက် မြားညွှန်းကိရိယာထိန်းချုပ်ခြင်းကို ဖွင့်ပါ။
အောက်ပါတို့မှတစ်ခုခုကို ချိန်ညှိခြင်း၊
ယခင်ပုံစံအတိုင်းဖြစ်ရန်လုပ်ဆောင်ချက်၊ လုပ်ဆောင်မှုတစ်ခုပြီးသည့်နောက် မြားညွှန်းထိန်းကိရိယာလုပ်ဆောင်မှုကို ရွေးချယ်ထားသည့် ယခင်ပုံစံအတိုင်းဖြစ်ရန်လုပ်ဆောင်ချက်အတိုင်းဖြစ်ရန် ဖွင့်ပါ။
လှုပ်ရှားမှုကွာဟချက်ကိုချိန်ညှိရန်၊ အမျိုးအစားတစ်ခုအပေါ် မြားညွှန်းကိရိယာဖြင့် ထိန်းချုပ်မှုလုပ်ဆောင်ထားချိန်တွင် အညွှန်းမြားတံအကွာအဝေးကို ချိန်ညှိပါ။
ဖန်သားပြင်ထောင့်လေးထောင့်အား စိတ်ကြိုက်အစီအစဉ်အဖြစ်ပြောင်းလဲခြင်း၊ မြားညွှန်းတံထိန်းကိရိယာလေး ဖန်သားပြင်ထောင့်တစ်ထောင့်တွင် ရှိနေသည့်အခါ—ဖန်သားပြင်ပုံရိပ်တစ်ပုံရိုက်ကူးခြင်း၊ Control Center ဖွင့်ခြင်း၊ Siri ကိုဖွင့်ခြင်း၊ အထက်အောက်ရွှေ့ခြင်း သို့မဟုတ် အလွယ်သုံးပုံစံတစ်ခု အသုံးပြုခြင်းကဲ့သို့သော—ရွေးချယ်ထားသည့်လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်ပါ။
မြားညွှန်းထိန်းကိရိယာတစ်ခုကို စတင်ထည့်သွင်းရန် အချိန်လိုသည်၊
သို့မဟုတ်
ကိုနှိပ်ပါ။
လက်ဟန်များကိုလုပ်ဆောင်ရန် ရိုးရှင်းသောအသံများကို အသုံးပြုခြင်း
AssistiveTouch ကိုသုံး၍ ပါးစပ်ဖောက်ခနဲမြည်သံ သို့မဟုတ် အက်စ် အသံတို့ကဲ့သို့ ရိုးရှင်းသောအသံတစ်ခုကို သင်လုပ်သောအခါတွင် iPhone အားလက်ဟန်တစ်ခု သို့မဟုတ် အခြားလုပ်ဆောင်ချက်များကို လုပ်ခိုင်းစေနိုင်သည်။
Settings
> Accessibility > Touch > AssistiveTouch ကိုသွားပါ၊ ထို့နောက် AssistiveTouch ကိုဖွင့်ပါ။
Sound Actions ကိုနှိပ်ပါ၊ ထို့နောက် အသံတစ်ခု ကိုနှိပ်ပါ။
ထိုအသံကို သင်လုပ်သောအခါတွင် လုပ်ဆောင်ပေးစေချင်သောလက်ဟန် သို့မဟုတ် အခြားလုပ်ဆောင်ချက်ကို ရွေးချယ်ပါ။
ထိုလက်ဟန် သို့မဟုတ် လုပ်ဆောင်ချက်ကိုလုပ်ရန်အတွက်၊ အသံထွက်ရန်သာလိုသည်။
စိတ်ကြိုက်လက်ဟန်များ ဖန်တီးခြင်း
သင်မကြာခဏအသုံးပြုသော လက်ဟန်အမူအရာများ (ထိ၍ထိန်းထားခြင်း သို့မဟုတ် လက်ချောင်းနှစ်ချောင်းလှည့်ခြင်းတို့ကဲ့သို့) ကို AssistiveTouch စာရင်းသို့ထည့်နိုင်သည်။ ဒီဂရီအမျိုးမျိုးလှည့်၍ များစွာသောလက်ဟန်များကိုပင်ဖန်တီးနိုင်သည်။
Settings
> Accessibility > Touch > AssistiveTouch > Create New Gesture သို့သွားပါ။
ရုပ်ဖမ်းယူထားသည့်ဖန်သားပြင်ပေါ်တွင် သင့်လက်ဟန်ကို ပြုလုပ်ပါ။ ဥပမာ၊
ထိ၍ထိန်းထားသည့် လက်ဟန်၊ ရုပ်ဖမ်းယူမည့်လုပ်ငန်းစဉ်ပြဘားသည်လမ်းတစ်ဝက်ရောက်သည်အထိတစ်နေရာတွင်လက်ချောင်းကိုထိ၍ရပ်ထားပါ၊ထို့နောက်လက်ချောင်းကိုမလိုက်ပါ။ ရုပ်ဖမ်းယူနေစဉ်တွင်လက်ချောင်းကိုမလှုပ်မိရန်သတိထားပါ၊ သို့မဟုတ် လက်ဟန်ကိုပွတ်ဆွဲမှုတစ်ခုအဖြစ်ဖမ်းယူသွားလိမ့်မည်။
လက်ချောင်းနှစ်ချောင်းလှည့်ခြင်းလက်ဟန်၊ iPhone ဖန်သားပြင်ပေါ်တွင် လက်နှစ်ချောင်းကြားရှိ အမှတ်တစ်ခုကို လှည့်၍ ၎င်းလက်နှစ်ချောင်းကို လှည့်ပါ။ (လက်တစ်ချောင်းတည်း သို့မဟုတ် ဖန်သားပြင်ရေးကညစ်ဖြင့်လည်း ၎င်းကို ပြုလုပ်နိုင်သည်—အကွေ့အဝိုက်တစ်ခုချင်းစီ သီးခြားဖန်တီးပါ၊ တစ်ခုပြီးမှ တစ်ခုပုံစံ။)
နှိပ်ခြင်း သို့မဟုတ် ပွတ်ဆွဲခြင်းလက်ဟန်များကို အစဥ်လိုက် မှတ်သားထားပါက ၎င်းတို့အားလုံးကိုတစ်ပြိုင်တည်းပြန်ဖွင့်၍ရသည်။ ဥပမာ ဖန်သားပြင်တွင် နေရာလေးနေရာတွင် အစီအစဉ်ကျပြီး သီးခြားဖြစ်သည့် လေးကြိမ်နှိပ်ခြင်းကို မှတ်ထားရန် လက်တစ်ချောင်း သို့မဟုတ် ကညစ်ကိုအသုံးပြုခြင်းသည် လက်လေးချောင်းတစ်ပြိုင်တည်းနှိပ်ခြင်းကဲ့သို့ ဖြစ်စေသည်။
သင့်လက်ဟန်သည် အနေအထားမမှန်ပါက Cancel ကို နှိပ်ပါ၊ ထို့နောက် နောက်တစ်ကြိမ်ထပ်ကြိုးစားပါ။
သင့်လက်ဟန်ကိုသင်ကျေနပ်သည့်အခါ၊ Save ကိုနှိပ်ပါ၊ ထို့နောက်လက်ဟန်ကိုအမည်ပေးပါ။
စိတ်ကြိုက်လုပ်ထားသည့် သင့်လက်ဟန်အမူအရာကိုသုံးရန် AssistiveTouch စာရင်းခလုတ် ကိုနှိပ်ပါ၊ Custom ကိုနှိပ်ပါ၊ ထို့နောက်၎င်းလက်ဟန်အမူအရာကိုရွေးပါ။ သင့်လက်ဟန်ကို ကိုယ်စားပြုသည့် အပြာရောင်စက်ဝိုင်းများပေါ်လာသည့်အခါ ၎င်းလက်ဟန်ကိုအသုံးပြုလိုသည့်နေရာသို့ အဆိုပါစက်ဝိုင်းများကို ဆွဲယူသွားပြီးနောက် လွှတ်လိုက်ပါ။