iPhone ဖြင့်အပြန်အလှန်တုံ့ပြန်ရန် Voice Control ညွှန်ကြားချက်များကိုသုံးခြင်း
သင့် iPhone ပေါ်တွင် Voice Control ကိုဖွင့်ပြီးပါက ဖန်သားပြင်ပေါ်တွင်ရှိသောအရာနှင့် အပြန်အလှန်တုံ့ပြန်ရန်၊ လက်ဟန်အမူအရာများနှင့် ခလုတ်နှိပ်မှုများကို လုပ်ဆောင်ရန်၊ သတ်ပုံခေါ်ပေးရန် စာသားပြင်ဆင်ရန်နှင့် အခြားအရာများအတွက် ညွှန်ကြားချက်များကိုပြောနိုင်သည်။
မှတ်စု Voice Control ဖွင့်ထားချိန်တွင် စာသားသတ်ပုံခေါ်ပေးရန် Voice Control ကိုအသုံးပြုရသည်၊ စံသတ်မှတ်ထားသည့် iOS သတ်ပုံကို အသုံးပြု၍မရပါ။ သင့်အသံဖြင့် iPhone ကိုထိန်းချုပ်ခြင်းမလုပ်ဘဲ Dictation ကိုအသုံးပြု၍သာ စာသားရိုက်ထည့်ချင်သည်ဆိုပါက စာသားကိုနှုတ်တိုက်ချပေးခြင်းကိုကြည့်ပါ။ Voice Control သည် ဘာသာစကားအားလုံးတွင် အသုံးပြု၍မရပါ။ iOS နှင့် iPadOS Feature ရနိုင်သည့် ဝက်ဘ်စာမျက်နှာ ကိုကြည့်ပါ။
Voice Control ကိုစီမံခြင်း
ပထမဆုံးအကြိမ် Voice Control မဖွင့်မီ iPhone သည် Wi-Fi ကွန်ရက်မှတစ်ဆင့်အင်တာနက်သို့ချိတ်ဆက်ထားခြင်းရှိမရှိသေချာအောင်လုပ်ပါ။ iPhone သည် Apple မှ ဖိုင်တစ်ဖိုင်တစ်ကြိမ်ဒေါင်းလုတ်ရယူပြီးသည့်နောက် Voice Control ကိုသုံးရန်အင်တာနက်ချိတ်ဆက်မှု မလိုအပ်တော့ပါ။
Settings
> Accessibility > Voice Control သို့သွားပါ။
Set Up Voice Control ကိုနှိပ်ပါ၊ ထို့နောက် ထိုဖိုင်ကိုစတင်ဒေါင်းလုတ်ဆွဲရန် Continue ကိုနှိပ်ပါ။
ဒေါင်းလုတ်ရယူမှုပြီးသွားသည့်အခါ Voice Control ဖွင့်ထားကြောင်းပြသရန်အတွက်
သည် အခြေအနေပြ ဘားတန်းထဲတွင် ပေါ်လာသည်။
အောက်ပါတို့ကဲ့သို့ ရွေးချယ်မှုများကို စီစဥ်ပါ၊
ဘာသာစကား၊ ဘာသာစကားနှင့် အော့ဖ်လိုင်းအသုံးပြုရန်အတွက် ဒေါင်းလုတ်လုပ်ထားသော ဘာသာစကားများကို စီစဥ်ပါ။
ညွှန်ကြားချက်များကို နှစ်သက်သလိုပြုပြင်ခြင်း၊ ရရှိနိုင်သောညွှန်ကြားချက်များကို ကြည့်ရှု၍ ညွှန်ကြားချက်အသစ်များကို ဖန်တီးပါ။
ဝေါဟာရ၊ စကားလုံးအသစ်နှင့် စကားစုအသစ်များကို မှတ်သားထားရန် Voice Control အားသင်ပေးခြင်း။ စကားလုံး သို့မဟုတ် စကားစုတစ်ခုကိုရိုက်ထည့်ကာ ၎င်းအားသင်မည်ကဲ့သို့ အသံထွက်သည်ဆိုသည်ကို Voice Control အားသင်ပေးနိုင်သည်၊ သို့မဟုတ် ဝေါဟာရစာရင်းတစ်ခု တင်သွင်းနိုင်သည်။
မှတ်စု Voice Control ဘာသာစကားအားလုံးသည် စိတ်ကြိုက်ဝေါဟာရတစ်ခုကို အထောက်အကူပြုမပေးနိုင်ပါ။
အတည်ပြုချက်ပြရန်၊ Voice Contro က ညွှန်ကြားချက်တစ်ခုကို အသိအမှတ်ပြုသည့်အခါ ဖန်သားပြင်ထိပ်တွင် သွင်ပြင်အတည်ပြုချက်တစ်ခုပေါ်လာမည်။
အသံဖွင့်ခြင်း၊ Voice Control က ညွှန်ကြားချက်တစ်ခုကို အသိအမှတ်ပြုသည့်အခါ အသံကို ဖွင့်ပေးမည်
သဲလွန်စများပြရန်၊ ညွှန်ကြားချက်အကြံပြုချက်များနှင့် သဲလွန်စများကို မြင်တွေ့ရခြင်း။
အလွှာဖြင့်ပြသရန်၊ နံပါတ်များ၊ အမည်များ၊ သို့မဟုတ် ဖန်သားပြင်ပါအစိတ်အပိုင်းများကို ဂရစ်ဖြင့် ဖော်ပြသည်။
အထူးအာရုံစိုက်မှုသတိထားရန်၊ Face IDပါရှိသည့် iPhone တွင် သင်၏ iPhone ကိုကြည့်လိုက်သည့်အခါ Voice Control ဖြင့်နိုးစေနိုင်မည်ဖြစ်ပြီး သင်မကြည့်တော့သည့်အခါ ဖန်သားပြင် ပြန်ပိတ်သွားမည်ဖြစ်သည်။
Voice Control ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
Voice Control စီမံပြီးသည့်နောက် အောက်ပါတို့မှ နှစ်သက်ရာကိုပြုလုပ်၍ ၎င်းကို အလျင်အမြန် ဖွင့်ခြင်းပိတ်ခြင်းလုပ်နိုင်သည်၊
Voice Control အားထိုနေရာတွင် ထည့်ပြီးသွားလျှင် Control Center ကိုအသုံးပြုပါ။
၎င်းအား Voice Control ကိုဖွင့်စေရန် သင်စီမံသတ်မှတ်ထားပါက Accessibility Shortcut ကိုအသုံးပြုပါ။
Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Turn on Voice Control” သို့မဟုတ် “Turn off Voice Control.” Siri အားအသုံးပြုပုံကိုလေ့လာခြင်း။
ညွှန်ကြားချက်များ စတင်အသုံးပြုခြင်း
သင့် iPhone တွင် Voice Control ကိုအသုံးပြုရန် ညွှန်ကြားချက်တစ်ခုကို ပြောရန်သာလိုသည်။
Voice Control၊ ဥပမာ၊ “Open Control Center၊” “Go home၊” “Tap item name၊” သို့မဟုတ် “Turn up volume” တို့ကိုပြောပါ။
အကြံပြုချက် Voice Control နှင့်ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် မရှိမဖြစ်လိုအပ်သော ညွှန်ကြားချက်များကို လေ့ကျင့်ရန်အတွက် အပြန်အလှန်တုံ့ပြန်နိုင်သည့် Voice Control သင်ခန်းစာကိုအသုံးပြုပါ။ Settings > Accessibility > Voice Control ကိုသွားပါ၊ ထို့နောက် Open Voice Control Tutorial ကိုနှိပ်ပါ။
Voice Control ကိုခေတ္တရပ်ခြင်း သို့မဟုတ် ပြန်စတင်ခြင်း
သင်ပြောသောစကားလုံးများကို ညွှန်ကြားချက်များ သို့မဟုတ် သတ်ပုံခေါ်ပေးခြင်းအနေဖြင့် အဓိပ္ပါယ်မဖွင့်ဆိုစေလိုသည့်အခါ Voice Control ကိုခေတ္တရပ်ထားပါ။ ညွှန်ကြားချက်များနှင့် သတ်ပုံခေါ်ပေးခြင်းများကို ပြန်လည်နားထောင်စေလိုရန် အသင့်ဖြစ်သည့်အခါတွင် Voice Control ကိုပြန်လည်စတင်ပါ။
Voice Control၊ “Stop listening” သို့မဟုတ် “Start listening”ဟုပြောပါ။
မည်သည့်ညွှန်ကြားချက်များအား သင်အသုံးပြုနိုင်သည်ဆိုသည်ကို ကြည့်ရှုခြင်း
သင်အလုပ်လုပ်နေသောအက်ပ်နှင့် သင်လုပ်နေသောအရာအပေါ် မူတည်၍ကွဲပြားသော အသုံးပြုနိုင်သည့် ညွှန်ကြားချက်များ၏ စာရင်းတစ်ခုကိုပြသခြင်း။ ဥပမာ၊ စာရွက်စာတမ်းတစ်ခုကို ရေးသားနေစဥ် စာသားပုံစံချညွှန်ကြားချက်များကို တွေ့နိုင်သည်။
Voice Control၊ “Show commands”ဟုပြောပါ။
အထောက်အကူပြုထားသော ညွှန်ကြားချက်များ၏ စာရင်းအပြည့်အစုံနှင့် ၎င်းတို့ကိုအသုံးပြုနည်း နမူနာများအားရှာဖွေကြည့်ရှုရန် Settings > Accessibility > Voice Control > Commands ကိုသွားပါ။
ဖန်သားပြင်ပေါ်ရှိ အမျိုးအစားများအား အညွှန်းတပ်ခြင်း
တစ်စုံတစ်ခုအား မည်ကဲ့သို့ခေါ်ရမည်ကို မသေချာပါက ဖန်သားပြင်ပေါ်ရှိ အမျိုးအစားတစ်ခုချင်းစီ၏ဘေးတွင် အမည် သို့မဟုတ် နံပါတ်တစ်ခုကို ပြသထားနိုင်သည်။ ထို့နောက် ၎င်းအမျိုးအစား၏အမည် သို့မဟုတ်နံပါတ်ကို အသုံးပြုကာ ၎င်းနှင့်အပြန်အလှန်တုံ့ပြန်နိုင်သည်။
Voice Control၊ “Show names” သို့မဟုတ် “Show numbers” ဟုပြောပါ။
အမျိုးအစားတစ်ခုနှင့် အပြန်အလှန်တုံ့ပြန်ရန်၊ ၎င်း၏အမည်သို့မဟုတ် နံပါတ်ကိုပြောပါ၊ သို့မဟုတ်—“Long press”ကဲ့သို့သော—ညွှန်ကြားချက်တစ်ခုကိုပြောပြီး ထိုအမျိုးအစား၏ အမည် သို့မဟုတ် နံပါတ်ကိုဆက်ပြောပါ။ ညွှန်ကြားချက်ကို သင်ပြောပြီးနောက် အမျိုးအစားအမည်များ သို့မဟုတ် နံပါတ်များသည် ပျောက်သွားမည်ဖြစ်သည်။
ဖန်သားပြင်ပေါ်တွင် နံပါတ်တပ်ထားသော ဂရစ်တစ်ခုကို ပြသခြင်း
ဂရစ်တစ်ခုကို ထပ်ဆင့်ခြင်းဖြင့် ဖန်သားပြင်၏ တိကျသောနေရာတစ်ခုနှင့် အပြန်အလှန်တုံ့ပြန်ရာတွင် ပိုမိုလွယ်ကူစေရန် လုပ်ဆောင်နိုင်သည်။
Voice Control၊ “Show grid” ဟုပြောပါ။
ဂရစ်ပေါ်တွင်ရှိသော တည်နေရာတစ်ခုနှင့် အပြန်အလှန်တုံ့ပြန်ခြင်း၊ နံပါတ်တစ်ခုသည် သင်အပြန်အလှန်တုံ့ပြန်ချင်သော တည်နေရာတွင်ရှိနေပါက၊ “Tap”ကဲ့သို့—နှစ်သက်ရာညွှန်ကြားချက်ကိုပြောပြီး—ဂရစ်နံပါတ်ကို ဆက်ပြောပါ။ ညွှန်ကြားချက်ကို သင်ပြောပြီးနောက် ဂရစ်သည် ပျောက်သွားမည်ဖြစ်သည်။
ဂရစ်၏နေရာတစ်ခုပေါ်တွင် မွှေနှောက်ရှာဖွေခြင်း၊ တည်နေရာကို ထပ်၍ပြန်သတ်မှတ်ရန်လိုအပ်ပါက ထိုနေရာတွင် ပိုမိုအသေးစိတ်ကျသော ဂရစ်တစ်ခုကိုပြသစေရန် ဂရစ်နံပါတ်တစ်ခုကိုပြောပါ။
အလွှာဖော်ပြမှုကိုပိတ်ရန် “Hide names ”၊ “Hide numbers”၊ သို့မဟုတ် “Hide grid” ဟုပြောပါ။
စာသားဖြည့်ရန်
စာသားထည့်သွင်းနေရာတစ်ခုအတွင်း၌ အလုပ်လုပ်နေစဥ် စာလုံးတစ်လုံးချင်းစီ (သတ်ပုံမုဒ်ကိုသုံး၍) သို့မဟုတ် အက္ခရာတစ်ခုချင်းစီ (စာလုံးပေါင်းမုဒ်ကိုသုံး၍) သတ်ပုံခေါ်ပေးနိုင်သည်။ Voice Control ညွှန်ကြားချက်တစ်ခုကို စာသားအနေနှင့် မှားယွင်းထည့်သွင်းမိခြင်းကို ရှောင်ရှားရန်အတွက် (ညွှန်ကြားချက်မုဒ်ကိုသုံး၍) Voice Control အား ညွှန်ကြားချက်များကိုသာ တုံ့ပြန်စေရန် လုပ်ဆောင်ခြင်း။
သင်သည်စာသားထည့်သွင်းသည့် နေရာတွင်ရှိနေပြီး ဖန်သားပြင်ပေါ်ရှိ အမျိုးအစားများကို နံပါတ်များဖြင့် အညွှန်းတပ်နေစဥ်စာကြောင်းတစ်ကြောင်းစီ၏ဘေးတွင် နံပါတ်များကိုပြထားပေးမည်ဖြစ်သည်။ ရွေးချယ်မှုထဲရှိ စာလုံးတစ်လုံးချင်းစီအတွက် နံပါတ်တစ်ခုပြသရန် စာကြောင်းတစ်ကြောင်း သို့မဟုတ် စာသား၏အခြားကဏ္ဍကို ရွေးချယ်ပါ၊ စာလုံးထဲရှိ အက္ခရာတစ်ခုချင်းစီအတွက် နံပါတ်တစ်ခုပြသရန် စာလုံးတစ်လုံးကို ရွေးချယ်ပါ။ (စာကြောင်း သို့မဟုတ် စာလုံးတစ်ခုကဲ့သို့) စာသားအမျိုးအစားတစ်ခုနှင့် အပြန်အလှန်တုံ့ပြန်ရန်အတွက် ညွှန်ကြားချက်တစ်ခုပြောကာ ထိုအမျိုးအစား၏အမည် သို့မဟုတ် နံပါတ်ကိုဆက်ပြောပါ။ ဥပမာ၊ “Delete [item number]” သို့မဟုတ် “Uppercase [item number]” ဟူ၍ပြောနိုင်သည်။
ညွှန်ကြားချက် | ဖော်ပြချက် |
---|---|
| စာလုံးတစ်လုံးချင်းစီ သတ်ပုံခေါ်ပေးခြင်း။ Voice Control ညွှန်ကြားချက်များမဟုတ်သော သင်ပြောလိုက်သည့် မည်သည့်စကားလုံးကိုမဆို စာသားအဖြစ် ရိုက်ထည့်ပေးသည်။ သတ်ပုံမုဒ်သည် ပုံသေအားဖြင့် ပွင့်နေမည်ဖြစ်သည်။ အချို့ Voice Control ဘာသာစကားများတွင် စကားလုံးအများအပြားသည် သင်ပြောသည်နှင့် အသံထွက်ကိုက်ညီပါက ဖန်သားပြင်ပေါ်တွင်ပေါ်သည်။ သင်လိုချင်သောအရာတစ်ခုကို ရွေးချယ်ရန်နှိပ်ပါ။ |
| အက္ခရာတစ်ခုချင်းစီ သတ်ပုံခေါ်ပေးခြင်း။ စကားဝှက်တစ်ခု၊ ဝက်ဘ်လိပ်စာတစ်ခု သို့မဟုတ် သတ်ပုံမုဒ်ထဲတွင် စာလုံးတစ်လုံးအနေဖြင့် မှတ်သားခြင်းခံရမည်မဟုတ်သော အခြားအက္ခရာစဥ်များကို ရိုက်ထည့်ရန်လိုအပ်သည့်အခါတွင် စာလုံးပေါင်းမုဒ်သည် အသုံးဝင်သည်။ စာလုံးပေါင်းမုဒ်ကိုဖွင့်ထားစဥ် စာသားထည့်သွင်းနေရာတွင် အက္ခရာများရိုက်ထည့်နေချိန် တိကျမှုကိုပိုတိုးစေရန် ထိုအက္ခရာ၏ သဒ္ဒဗေဒအက္ခရာကုဒ်စကားလုံးကို အသုံးပြုနိုင်သည် (ဥပမာ၊ “abc”ကိုရိုက်ထည့်ရန် “Alfa Bravo Charlie” ဟုပြောခြင်း)။ မှတ်စု စာလုံးပေါင်းမုဒ်သည် Voice Control ဘာသာစကားအားလုံးတွင် အသုံးပြု၍မရပါ။ |
| Voice Control သည် ညွှန်ကြားချက်များကိုသာ တုံ့ပြန်သည်။ ညွှန်ကြားချက်များမဟုတ်သော စကားလုံးများနှင့် အက္ခရာများသည် လျစ်လျူရှုခံရပြီး စာသားအနေနှင့် ထည့်သွင်းခြင်းခံရမည်မဟုတ်ပါ။ ညွှန်ကြားချက်များ ဆက်တိုက်ပြောရန်လိုပြီး ၎င်းညွှန်ကြားချက်များကို စာသားရိုက်ထည့်သည့်နေရာတွင် အမှတ်တမဲ့ မထည့်သွင်းမိစေလိုသည့်အခါ ညွှန်ကြားချက်မုဒ်သည် အသုံးဝင်သည်။ ညွှန်ကြားချက်မုဒ်ကို ဖွင့်ထားသည့်အခါ စာသားရိုက်ထည့်ရန် သတ်ပုံခေါ်ပေး၍မရကြောင်း ဖော်ပြပေးရန်အတွက် စာသားရိုက်ထည့်သည့်နေရာတွင် |