iPhone တွင် သင့်ခေါင်းတပ်နားကြပ် အသံအနိမ့်အမြင့်ကို စစ်ဆေးခြင်း
ခေါင်းတပ်နားကြပ်များကို iPhone နှင့်အသုံးပြုစဉ် သင့်ခေါင်းတပ်နားကြပ်၏အသံအနိမ့်အမြင့်ကို Control Center ရှိ Hearing ကိုကြည့်ပြီး စစ်ဆေးနိုင်သည်။ Health အက်ပ် တွင် သင်၏ခေါင်းတပ်နားကြပ်နားထောင်သည့်အလေ့အကျင့်မှတ်တမ်းကို ပြန်ကြည့်နိုင်သည်။
အကယ်၍ သင်သည် အကြားအာရုံထိခိုက်လောက်သည့် အသံပမာဏဖြင့် ခေါင်းတပ်နားကြပ်ကို အချိန်အတော်ကြာနားထောင်နေမိလျှင် iPhone မှ အသံလျော့သင့်သည်ဟူသောအကြောင်းကြားချက်တစ်ခုကို သင့်အားအလိုအလျောက်ပို့သည်။ အကြောင်းကြားချက်တစ်ခုကို လက်ခံပြီးနောက် သင့်ခေါင်းတပ်နားကြပ်ကိုနောက်တစ်ကြိမ်ပလတ်ထိုးသည့်အခါ သို့မဟုတ် Bluetooth®ကို အသုံးပြု၍ ၎င်းတို့ကိုချိတ်ဆက်သည့်အခါ သင့်အသံကိုအ လိုအလျောက်လျော့ပေးသည်။ သင်ရွေးချယ်လျှင်အသံကို နောက်ထပ်မြင့်နိုင်သည်။
အကြံပြုချက် ခေါင်းတပ်နားကြပ်ဆိုင်ရာအသိပေးချက်တစ်ခုကို အသေးစိတ်ကြည့်ရှုရန် Health ၏ ညာဘက်အောက်ခြေရှိ Browse ကိုနှိပ်ကာ Hearing ကိုနှိပ်ပြီးနောက် Headphone Notifications ကိုနှိပ်ပါ။
သင်နားထောင်စဉ်ခေါင်းတပ်နားကြပ် အသံအနိမ့်အမြင့်ကိုစစ်ဆေးခြင်း
Control Center တွင် သင်အသုံးပြုနေသောနားကြပ်အသံအနိမ့်အမြင့်များကို ကြည့်နိုင်သည်။
Control Center ထိပ်ဘယ်ဘက်ရှိ
ကိုနှိပ်ပါ၊ ထို့နောက် အောက်ခြေရှိ Add A Control ကိုနှိပ်ပါ။
Hearing Accessibility ကို အောက်သို့ရွှေ့ပါ၊ ထို့နောက် Hearing ကိုနှိပ်ပါ။
ကိုနှိပ်ပါ။
သင့်ခေါင်းတပ်နားကြပ်၏ အသံအနိမ့်အမြင့်ကို (ဒယ်ဆီဘယ်ဖြင့်ပြသည်) Headphone Level မီတာတွင် ပြထားသည်။
မှတ်စု Live Listen ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် (Headphone Level မီတာအောက်ရှိ) Live Listen ကိုလည်း နှိပ်နိုင်သည်။ Live Listen နှင့်အဝေးထိန်းကိရိယာစကားပြောခွက်အဖြစ် iPhone ကိုသုံးခြင်း ကိုကြည့်ပါ။ ပုံမှန်အားဖြင့် ခေါင်းတပ်နားကြပ်အသံအနိမ့်အမြင့်စောင့်ကြည့်ခြင်းနှင့် Live Listen ကို တစ်ပြိုင်နက်တည်းသုံး၍မရပါ။ ခေါင်းတပ်နားကြပ်အသံအနိမ့်အမြင့်စောင့်ကြည့်ခြင်းသည် အသံပြန်ဖွင့်ခြင်းကိုနားထောင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ Live Listen ကို iPhone မိုက်ခရိုဖုန်းဖြင့် ပြင်ပအသံများကို နားထောင်ရန်အတွက် ရည်ရွယ်ထားသည်။
သင့်ခေါင်းတပ်နားကြပ်အသံအနိမ့်အမြင့်ကိုပိုမိုစစ်ဆေးခြင်း
သင့် iPhone ရှိ Health အက်ပ်
ကိုသွားပါ။
ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Hearing ကိုနှိပ်ပါ။
Headphone Audio Levels ကိုနှိပ်၍ အောက်ပါတို့အနက် တစ်ခုခုကိုလုပ်ဆောင်ပါ၊
အချိန်ကာလတစ်ခုအတွင်း ကြားရသည့်အထိအတွေ့များကို ကြည့်ခြင်း၊ ဖန်သားပြင် ထိပ်ဆုံးရှိ တက်ဘ်များကိုနှိပ်ပါ။ (အနိမ့်အမြင့်များအားလုံးကို ဒက်ဆီဘယ်များဖြင့် တိုင်းတာသည်။)
အသံအနိမ့်အမြင့်ခွဲခြားသတ်မှတ်ချက်များအကြောင်း လေ့လာခြင်း၊
ကိုနှိပ်ပါ။
ဂရပ်တွင်ဖော်ပြထားသည့် ကြာချိန်ကို ပြောင်းလဲခြင်း၊ ဂရပ်ကို ဘယ် သို့မဟုတ် ညာ သို့ဆွဲပါ။
အသားပေးဖော်ပြချက်များကို ပြသခြင်း၊ Highlights သို့ ရွှေ့ပါ၊ ထို့နောက် Show All ကိုနှိပ်ပါ။
သင့်ခေါင်းတပ်နားကြပ် အသံအဆင့်များကို ပိုမိုလေ့လာရန် Show More Data ကိုနှိပ်ပါ။
ကျယ်လောင်သည့်နားကြပ်အသံကိုလျော့ချခြင်း
Settings
> Sounds & Haptics သို့သွား၍ Headphone Safety ကိုနှိပ်ပါ။
Reduce Loud Audio ကိုဖွင့်ပါ၊ ထို့နောက် ဆလိုက်ဘားကိုဆွဲပါ။
iPhone သည် သင့်နားကြပ်အသံကိုစစ်ဆေးပြီး သင်ထည့်သွင်းသည့်အဆင့်ကိုကျော်သည့် မည်သည့်အသံကိုမဆို လျော့ချပေးသည်။
မှတ်စု မိသားစုဝင်များအတွက် သင်သည် Screen Time ကိုစီမံလျှင်Reduce Loud Sounds အဆင့်ပြောင်းခြင်းမလုပ်နိုင်ရန် တားဆီးနိုင်သည်။ Settings > Screen Time > Content & Privacy Restrictions > Reduce Loud Sounds သို့သွားကာ Don’t Allow ကိုရွေးချယ်ပါ။
ခေါင်းတပ်နားကြပ် အသံဆိုင်ရာ အကြောင်းကြားချက်များ ရယူခြင်း
Health အက်ပ်၏ Summary ဖန်သားပြင်ပေါ်တွင် ခေါင်းတပ်နားကြပ်အကြောင်းကြားချက်များကို ရှာနိုင်သည်။
မှတ်စု သင်နေထိုင်သည့်နိုင်ငံ သို့မဟုတ် ဒေသအပေါ်မူတည်၍ ခေါင်းတပ်နားကြပ်ဆိုင်ရာအသိပေးချက်များသည် ပုံသေအားဖြင့် ဖွင့်ပေးထားပြီးအချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင် ၎င်းကိုပိတ်ခွင့်မပြုပါ။ သင့်နိုင်ငံ သို့မဟုတ် ဒေသတွင်ခွင့်ပြုလျှင် Settings > Sounds & Haptics > Headphone Safety တွင် Headphone Notifications ကို ပိတ်နိုင်သည် သို့မဟုတ် ဖွင့်နိုင်သည်။
ထပ်လောင်း၍သင့်နားကြပ်အသံကို သက်သောင့်သက်သာရှိသည့်အဆင့်တွင်ထားရန်အတွက် အမြင့်ဆုံးထားချင့်သည့်အဆင့်ကိုသတ်မှတ်ရန် Settings အက်ပ် ကိုအသုံးပြုနိုင်သည်။
Headphone အသံတိုင်းတာမှုများသည် Apple သို့မဟုတ် Beats ခေါင်းတပ်နားကြပ်များကို အသုံးပြုသည့်အခါ တိုင်းတာမှုများကိုအတိအကျဆုံး ရရှိမည်ဖြစ်ပါသည်။ တခြားသော ခေါင်းတပ်နားကြပ်များမှတစ်ဆင့် ဖွင့်ထားသည့် အသံများကို သင့် iPhone ၏ အသံအတိုးအကျယ်ပေါ်မူတည်၍ ခန့်မှန်းနိုင်ပါသည်။