iPhone တွင် Portrait ဓာတ်ပုံများကို တည်းဖြတ်ခြင်း
Photos အက်ပ်အတွင်း အလင်းပြုလုပ်ချက်များ၊ ဆုံချက်ပြင်ပ ဝါးထားခြင်းနှင့် သင့် portrait ဓာတ်ပုံများ၏ ဆုံချက်နေရာကို ပြောင်းလဲနိုင်ပြီး ချိန်ညှိနိုင်သည်။ Photo မုဒ်အတွင်း ရိုက်ကူးထားသော ဓာတ်ပုံများသို့လည်း portrait ပြုလုပ်ချက်များ အသုံးပြုနိုင်သည်။

Portrait Lighting အထူးပြုလုပ်ချက်ကို ပြောင်းလဲခြင်း
Portrait ဓာတ်ပုံများရှိ Portrait Lighting အထူးပြုလုပ်ချက်များကိုသုံးနိုင်၊ ပြောင်းလဲနိုင် သို့မဟုတ် ဖယ်ရှားနိုင်သည်။
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
ဖန်သားပြင်အပြည့်ကြည့်ရန် မည်သည့် portrait ကိုမဆို ရွေးပါ၊ ထို့နောက်
ကို နှိပ်ပါ။
အလင်းပြုလုပ်ဖန်တီးချက်တစ်ခုအား ရွေးချယ်ရန်
ကိုနှိပ်ပါ၊ ထို့နောက်
ကိုဆွဲပါ။
Natural Light၊ မှုန်ဝါးနေသော နောက်ခံနှင့်မတူ မျက်နှာအား အဓိကထား၍ပြတ်သားစွာဖော်ပြသည်။
Studio Light၊ မျက်နှာသည် တောက်ပစွာလင်းလက်နေပြီး ဓာတ်ပုံတစ်ပုံလုံး ပြတ်ပြတ်သားသားအသွင်ရှိမည်။
Contour Light၊ မျက်နှာတွင် အလင်းကဲသည့်နေရာနှင့် အလင်းနည်းသည့်နေရာတို့ဖြင့် ထူးခြားကောင်းမွန်သည့် အရိပ်များပါရှိမည်။
Stage Light၊ အမှောင်ကျနေသော နောက်ခံနှင့်မတူ မျက်နှာကို မီးမောင်းထိုးထားမည်။
Stage Light Mono၊ ၎င်းပြုလုပ်ဖန်တီးချက်သည် Stage Light နှင့်တူသော်လည်း ဓာတ်ပုံသည် ထင်ရှားသည့်အဖြူနှင့်အမည်းပုံဖြစ်သည်။
High-Key Light Mono၊ အဖြူရောင်နောက်ခံတွင် မီးခိုးရောင်အရာဝတ္ထုတစ်ခုကိုဖန်တီးခြင်း။
မှတ်စု iPhone XRတွင် ရှေ့ကင်မရာသာ Natural Light၊ Studio Light နှင့် Contour Light ကိုသာ ပံ့ပိုးပေးသည်။
ဓာတ်ပုံအလင်းဝင်ရောက်ခြင်းသိပ်သည်းဆကို ချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဖိဆွဲယူပါ။
သင်၏ပြောင်းလဲမှုများကိုသိမ်းရန် Done ကိုနှိပ်ပါ။
သင် သိမ်းဆည်းပြီးနောက် တည်းဖြတ်ခြင်းကို ပြန်ပြောင်းရန် ကို နှိပ်ပါ၊ ထို့နောက် မူလအလင်းပြန်ရရန် Revert ကိုနှိပ်နိုင်သည်။
Portraits ထဲတွင် နောက်ခံကိုဝါးခြင်း
သင့် portraits ဓာတ်ပုံများတွင် နောက်ခံမှုန်ဝါးမှုပမာဏကို ချိန်ညှိရန် Depth Control ဆလိုက်ဒါကို အသုံးပြုပါ။

သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
ဖန်သားပြင်အပြည့်ကြည့်ရန် မည်သည့် portrait ကိုမဆို ရွေးပါ၊ ထို့နောက်
ကို နှိပ်ပါ။
နောက်ခံမှုန်ဝါးမှုပမာဏကို အတိုးအလျှော့လုပ်ရန် Depth Control ဆလိုက်ဒါကို ဆွဲပါ။
အနက်ရောင်အစက်သည် ဓာတ်ပုံအတွက် မူလမှုန်ဝါးမှုတန်ဖိုးကို မှတ်သားသည်။
Done ကိုနှိပ်ပါ။
portrait ဓာတ်ပုံတစ်ပုံ၏ ဆုံချက်နေရာကို ပြောင်းလဲခြင်း
Focus Control အသုံးပြု၍ portrait ၏ အကြောင်းအရာ(သို့မဟုတ် ဆုံချက်နေရာ)ကို ပြောင်းလဲနိုင်သည်။ အရာဝတ္ထုအသစ်တစ်ခုကို ရွေးချယ်သည့်အခါ နောက်ခံမှုန်ဝါးမှုက အလိုအလျောက် ချိန်ညှိမည်ဖြစ်၍ အရာဝတ္ထုအသစ်သည် ထင်ရှား၍ ဆုံချက်အတွင်း ပေါ်လာသည်။ အရာဝတ္ထုအသစ်ကို မှုန်ဝါးထားကြောင်း သို့မဟုတ် အဝေးတွင် အလွန်ဝေးကွာကြောင်း သေချာပါစေ။
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
ဖန်သားပြင်အပြည့်ကြည့်ရန် မည်သည့် portrait ကိုမဆို ရွေးပါ၊ ထို့နောက်
ကို နှိပ်ပါ။
ဓာတ်ပုံအတွင်း အရာဝတ္ထုအသစ် သို့မဟုတ် ဆုံချက်နေရာကို နှိပ်ပါ။
Done ကိုနှိပ်ပါ။
မှတ်စု iOS 16 သို့မဟုတ် နောက်ပိုင်းရှိသည့် iPhone 13 အမျိုးအစားများနှင့် နောက်ပိုင်းအမျိုးအစားများတွင် ရိုက်ကူးထားသည့် portrait ဓာတ်ပုံများတွင် ရရှိနိုင်သည်။
Photo မုဒ်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများသို့ portrait ပြုလုပ်ချက် အသုံးပြုခြင်း
iPhone 15 အမျိုးအစားများနှင့် နောက်ပိုင်းအမျိုးအစားများတွင် Photo မုဒ်အတွင်းရိုက်ကူးထားသော လူ၊ ခွေး သို့မဟုတ် ကြောင်ပါရှိသော ဓာတ်ပုံများသည် Photos အက်ပ်အတွင်း portrait ဓာတ်ပုံများ ဖြစ်လာနိုင်သည်။
သင့် iPhone ရှိ Photos အက်ပ်
ကိုသွားပါ။
ဖန်သားပြင်အပြည့်ကြည့်ရန် Photo မုဒ်ဖြင့် ရိုက်ကူးထားသည့် မည်သည့်ဓာတ်ပုံကိုမဆို ရွေးပါ၊ ထို့နောက်
ကို နှိပ်ပါ။
Portrait ပြုလုပ်ချက်များကို ရရှိနိုင်ပါက
ကိုနှိပ်ပါ။
သင့် Portrait ဓာတ်ပုံတွင် နောက်ခံမှုန်ဝါးမှုပမာဏကို အတိုးအလျှော့လုပ်ရန် Depth Control ဆလိုက်ဒါကို အသုံးပြုပါ။
Done ကိုနှိပ်ပါ။
သိမ်းဆည်းပြီးနောက် ထိုပြင်ဆင်ထားပုံကို ပြန်လည်ပယ်ဖျက်ရန် ဓာတ်ပုံကိုဖွင့်၍ ကိုနှိပ်ကာ Revert ကိုနှိပ်ပါ။
မှတ်စု Photo မုဒ်ဖြင့်ရိုက်ကူးထားသည့် Live Photo တစ်ပုံတွင် portrait ပြုလုပ်ချက်များ အသုံးပြုသည့်အခါ Live Photo ပြုလုပ်ချက်များကို မရရှိနိုင်ပါ။ Live Photo ကို ကြည့်ရန် Live tကိုနှိပ်ပါ သို့မဟုတ် portrait ပြုလုပ်ချက်ကို မသုံးဘဲ Live Photo ပြုလုပ်ချက်ကို အသုံးပြုပါ။