iPhone ကို အသံပိတ်ထားခြင်း
ခလုတ်တစ်ခုကို နှိပ်ခြင်း သို့မဟုတ် ခလုတ်တစ်ခုကို အရှေ့အနောက် ပြန်နှိပ်ခြင်းဖြင့် သင့် iPhone ကို လျင်မြန်စွာ အသံပိတ်နိုင်သည်။
Silent မုဒ်ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
Silent မုဒ်ကို ဖွင့်ထားသည့်အခါ iPhone သည် သတိပေးချက်များ သို့မဟုတ် အခြားအသံအထူးပြုလုပ်ချက်များ မမြည်ပါ သို့မဟုတ် မပွင့်ပါ။ (သို့သော် iPhone သည်တုန်ခါနေနိုင်သည်)။ Silent မုဒ်ကို ပိတ်လိုက်သည့်အခါ iPhone က အသံအားလုံးကို ဖွင့်ပေးသည်။
Action ခလုတ်တစ်ခု ပါသည့် အမျိုးအစားများတွင်၊ Settings
> Sounds & Haptics ကိုသွားပါ၊ ထို့နောက် Silent မုဒ်ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
Action ခလုတ်ကို အခြားလုပ်ဆောင်ချက်များသာမက Silent မုဒ်ဖွင့်ရန် သို့မဟုတ် ပိတ်ရန် အသုံးပြုနိုင်သည်။ iPhone တွင် Action ခလုတ်ကို အသုံးပြုခြင်းနှင့် စိတ်ကြိုက်ပြုပြင်ခြင်း ကိုကြည့်ပါ။
အခြားအမျိုးအစားများတွင်၊ Silent မုဒ်ကို ဖွင့်ရန် Ring/Silent ခလုတ်အား သင့် iPhone နောက်သို့တွန်းရွေးပါ။ Silent မုဒ်ကို ပိတ်ရန် ၎င်းကို ရှေ့ကိုနှိပ်ပါ။
အရေးကြီးသော Silent စနစ် ဖွင့်ထားလျှင်တောင်မှ နာရီနှိုးစက်များ၊ Music ကဲ့သို့ အသံအက်ပ်များ နှင့် ဂိမ်းကစားသံများစွာတို့သည် ဖုန်းတွင်တပ်ဆင်ထားသည့် စပီကာမှတစ်ဆင့် အသံထွက်ပေါ်သည်။ အချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင်၊ Ring/Silent ခလုတ်ကိုအသံတိတ်စနစ်သို့ ထားသည့် အခါတွင်ပင် Camera၊ Voice Memos နှင့် Emergency Alerts အတွက်ဖန်တီး ထားသည့် အသံပြုလုပ်ချက်များပေါ်လာမည်ဖြစ်သည်။
Do Not Disturb ကိုဖွင့်ခြင်း
Do Not Disturb ကို ဖွင့်ထားခြင်းအားဖြင့် ခေါ်ဆိုမှုများ၊ သတိပေးချက်များ၊ အကြောင်းကြားချက်များကို ယာယီပိတ်ထားနိုင်သည်။
Focus ကိုနှိပ်ပါ၊ ထို့နောက် Do Not Disturb ကိုနှိပ်ပါ။
Do Not Disturb ကို ဖွင့်ထားသောအခါ သင်သည် ဖုန်းခေါ်ဆိုမှုတေးသံများ သို့မဟုတ် အဝင်ဖုန်းခေါ်ဆိုမှုများ၊ စာသားများ၊ သို့မဟုတ် အသိပေးချက်များအတွက် စာရိုက်သံများကို ကြားရမည်မဟုတ်ပေ။
ဖန်သားပြင်ထိပ် အခြေအနေပြဘားတန်း တွင်ပေါ်လာသည်။
Focus တစ်ခုကို ဖွင့်ခြင်း သို့မဟုတ် အစီအစဥ်ရေးဆွဲခြင်းကိုကြည့်ပါ။