ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်
iPhone တွင် အက်ပ်တစ်ခုကို ပိတ်ခြင်းနှင့် ပြန်ဖွင့်ခြင်း
အက်ပ်တစ်ခုသည် မတုံ့ပြန်ပါက ထိုအခက်အခဲကိုကြိုးစားဖြေရှင်းရန် ၎င်းကို ပိတ်၍ ပြန်ဖွင့်ကြည့်နိုင်သည်။ (စင်စစ်မှာ အက်ပ်တစ်ခုကို ပိတ်ပစ်ရန်အကြောင်းမရှိပါ၊ ဥပမာ ပိတ်လိုက်ခြင်းအားဖြင့်လည်း ဘက်ထရီမသက်သာပေ။)
အက်ပ်ကို ပိတ်ရန် App Switcher ကိုဖွင့်ပါညာဘက်သိုပွတ်ဆွဲ၍ အက်ပ်ကို ရှာပြီး ယင်းအက်ပ်ပေါ်တွင် အပေါ်ဘက်ပွတ်ဆွဲပါ။
၎င်းအက်ပ်ကိုပြန်ဖွင့်ရန် Home ဖန်သားပြင်သို့သွားပါ (သို့မဟုတ် App Library) သို့သွားပါ၊ ထို့နောက် ၎င်းအက်ပ်ကိုနှိပ်ပါ။
ထိုအက်ပ်ကို ပိတ်၍ ပြန်ဖွင့်ကြည့်သော်လည်း အဆင်မပြေပါက iPhone ကိုပြန်လည်အပိတ်အဖွင့်လုပ်၍ကြိုးစားကြည့်ပါ။
ဒါကိုလည်းကြည့်ပါiPhone ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း