သင့်မျက်လုံးများ၏ ရွေ့လျားမှုကိုသုံး၍ iPhone အားထိန်းချုပ်ခြင်း
Eye Tracking ဖြင့် သင့်မျက်လုံးများကိုသာ အသုံးပြု၍ iPhone ကိုထိန်းချုပ်နိုင်သည်။ ဖန်သားပြင်ပေါ်ရှိ မြားညွှန်ကိရိယာတစ်ခုက သင့်မျက်လုံးများ၏ ရွေ့လျားမှုနောက်လိုက်သည်၊ ထို့အပြင် အမျိုးအစားတစ်ခုကိုသင်ကြည့်ပြီး သင့်အကြည့်ကိုငြိမ်ငြိမ်ထားသောအခါ၊ သို့မဟုတ် စိုက်ကြည့်သောအခါ နှိပ်ခြင်းတစ်ခုကဲ့သို့၊ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်စေသည်။ Eye Tracking အားရွေးချယ်သတ်မှတ်ရန်နှင့် ထိန်းချုပ်ရန်အသုံးပြုထားသော အချက်အလက်အားလုံးကို စက်ပေါ်တွင် စီမံဆောင်ရွက်ထားသည်။
သင် မစတင်မီ
Eye Tracking သည် iPhone တွင်ပါရှိပြီးသားဖြစ်သော အရှေ့ဘက်ကိုမျက်နှာမူနေသည့် ကင်မရာကိုအသုံးပြုသည်။ အကောင်းဆုံးရလဒ်များအတွက် ကင်မရာသည် သင့်မျက်နှာ၏မြင်ကွင်းအား ရှင်းလင်းစွာရရှိနေသည်နှင့် သင့်မျက်နှာသည် လုံလုံလောက်လောက်လင်းနေသည်ကို သေချာအောင်လုပ်ပါ။ iPhone သည်တည်ငြိမ်သော မျက်နှာပြင်တစ်ခုပေါ်တွင်ရှိသင့်ပြီး သင့်မျက်နှာမှတစ်ပေခွဲအကွာခန့်တွင် ရှိသင့်သည်။
အထောက်အကူပြုထားသော iPhone အမျိုးအစားများတွင် Eye Tracking ကိုအသုံးပြုနိုင်သည်။
Eye Tracking ကိုဖွင့်ခြင်း
Settings
> Accessibility > Eye Tracking သို့ သွားပါ၊ ပြီးနောက် Eye Tracking ကိုဖွင့်ပါ။
Eye Tracking အားချိန်ကိုက်ရန်အတွက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များကိုလိုက်နာပါ။ ဖန်သားပြင်တစ်ဝိုက်ရှိ မတူညီသောနေရာများတွင် အစက်တစ်စက်နေပေါ်နေစဥ် ၎င်း၏ရွေ့လျားမှုကို သင့်မျက်လုံးများဖြင့် လိုက်ကြည့်ပါ။
မှတ်စု Eye Tracking အားဖွင့်သည့်အချိန်တိုင်းတွင် ချိန်ကိုက်ရန်လိုအပ်ပါသည်။
Eye Tracking ကိုအသုံးပြုခြင်း
Eye Tracking ကိုဖွင့်၍ချိန်ကိုက်ပြီးနောက် ဖန်သားပြင်ပေါ်ရှိမြားညွှန်ကိရိယာတစ်ခုက သင့်မျက်လုံးများ၏ ရွေ့လျားမှုနောက်ကိုလိုက်သည်။ ဖန်သားပြင်ပေါ်ရှိ အမျိုးအစားတစ်ခုကို သင်ကြည့်နေစဥ် ထိုအမျိုးအစားတစ်ဝိုက်၌ ဘောင်ခတ်မျဥ်းတစ်ခု ပေါ်နေမည်ဖြစ်သည်။
ဖန်သားပြင်ပေါ်ရှိ တည်နေရာတစ်ခု၌ သင်စိုက်ကြည့်နေသည့်အခါ သင်ကြည့်နေသောနေရာတွင် စိုက်ကြည့်မြားညွှန်ကိရိယာ ပေါ်လာကာ စိုက်ကြည့်အချိန်မှတ်မှု စတင်သည် (စိုက်ကြည့်မြားညွှန်ကိရိယာစက်ဝိုင်းသည် စတင်ပြီးပြည့်လာသည်။) စိုက်ကြည့်အချိန်မှတ်မှု ပြီးဆုံးသွားလျှင် လုပ်ဆောင်ချက်တစ်ခု—ပုံသေအားဖြင့် နှိပ်ချက်တစ်ခုကို—လုပ်ဆောင်ပေးသည်။
ဖန်သားပြင်ပေါ်ရှိ ထပ်ဆောင်းလက်ဟန်များ သို့မဟုတ် ကိုယ်တိုင်ခလုတ်နှိပ်ခြင်းများကို ဆောင်ရွက်ရန် AssistiveTouch စာရင်း ကိုအသုံးပြုပါ။ AssistiveTouch ကိုအသုံးပြုခြင်းကိုကြည့်ပါ။
Eye Tracking ကို ပြန်လည်ချိန်ကိုက်ခြင်း
သင့်မျက်နှာ၏နေရာ သို့မဟုတ် သင့် iPhone ကို ပြောင်းလိုက်လျှင် ပြန်လည်ချိန်ကိုက်ရန်လိုလိုပါက Eye Tracking ချိန်ကိုက်မှု အလိုအလျောက်စတင်သည်။ Eye Tracking ချိန်ကိုက်မှုကို ကိုယ်တိုင်လည်းစတင်နိုင်သည်။
သင့်ဖန်သားပြင်၏ ဘယ်ဘက်အပေါ်ထောင့်ကိုကြည့်ကာ သင့်အကြည့်ကိုငြိမ်ငြိမ်ထားပါ။
စိုက်ကြည့်မြားညွှန်ကိရိယာ
ပေါ်လာကာ စိုက်ကြည့်အချိန်မှတ်မှု စတင်သည် (စိုက်ကြည့်မြားညွှန်ကိရိယာစက်ဝိုင်းသည် စတင်ပြီးပြည့်လာသည်။) စိုက်ကြည့်အချိန်မှတ်မှု ပြီးဆုံးသွားချိန်တွင် Eye Tracking ချိန်ကိုက်မှုစတင်သည်။
Eye Tracking အားချိန်ကိုက်ရန်အတွက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များကိုလိုက်နာပါ။ ဖန်သားပြင်တစ်ဝိုက်ရှိ မတူညီသောနေရာများတွင် အစက်တစ်စက်နေပေါ်နေစဥ် ၎င်း၏ရွေ့လျားမှုကို သင့်မျက်လုံးများဖြင့် လိုက်ကြည့်ပါ။
ပြန်လည်ချိန်ကိုက်ခြင်းကိုစတင်ရန် သို့မဟုတ် အခြားထောင့်များသို့ လုပ်ဆောင်ချက်များ တာဝန်ပေးရန်အတွက် ဖန်သားပြင်၏မည်သည့်ထောင့်သို့ သင်ကြည့်ရန်လိုအပ်သည်ကို ပြောင်းလဲနိုင်သည်။ မြားညွှန်းကိရိယာထိန်းချုပ်မှုကို စီမံခြင်း ကိုကြည့်ပါ။
Eye Tracking အတွက်ရွေးချယ်စရာများကို သတ်မှတ်ခြင်း
သင့်အကြည့်အား Eye Tracking မြားညွှန်ကိရိယာမှ တုံ့ပြန်သောနည်းအတွက် ရွေးချယ်စရာများကို သတ်မှတ်နိုင်သည်။
Settings
> Accessibility > Eye Tracking ကိုသွားပါ၊ ထို့နောက် အောက်ပါတို့အနက်မှ နှစ်သက်ရာကိုချိန်ညှိပါ၊
ချောမွေ့စေခြင်း၊ မြားညွှန်ကိရိယာ၏ ရွေ့လျားမှုကို ပိုမိုချော့မွေ့စေရန် ဤတန်ဖိုးကိုတိုးပါ။ သို့မဟုတ် မြားညွှန်ကိရိယာကို ပိုမိုတုံ့ပြန်အားကောင်းလာစေရန် ဤတန်ဖိုးကိုလျှော့ပါ။
အမျိုးအစားဆီသို့ အမြန်ရွှေ့ခြင်း၊ သင်ကြည့်နေသောနေရာနှင့် အနီးဆုံးဖြစ်သော ဖန်သားပြင်ပေါ်ရှိ အမျိုးအစားဆီသို့ Eye Tracking မြားညွှန်ကိရိယာအား အလိုအလျောက်ရွှေ့စေသည်။
စာရိုက်ခလုတ်ခုံ ခလုတ်များပေါ်သို့ ပုံကြီးချဲ့ခြင်း၊ စာရိုက်ခလုတ်ခုံပေါ်သို့ စိုက်ကြည့်သောအခါ သင်ကြည့်နေသော စာရိုက်ခလုတ်ခုံ၏ ကဏ္ဍပေါ်သို့ ပုံကြီးချဲ့ပေးသည်။ ခလုတ်တစ်ခုကိုနှိပ်ရန် ထိုခလုတ်ပေါ်သို့ ထပ်၍စိုက်ကြည့်ပါ။
အလိုအလျောက် ဖုံးကွယ်ပေးခြင်း၊ သတ်မှတ်ထားသော အချိန်ပမာဏဖြင့် သင့်အကြည့်ကိုငြိမ်ငြိမ်ကြည့်လျှင် Eye Tracking မြားညွှန်ကိရိယာကို ပြသပေးသည်။ သင့်မျက်လုံးများ ရွေ့လျားနေစဥ် မြားညွှန်ကိရိယာသည် အလိုအလျောက်မှေးမှိန်သွားသည်။
မြားညွှန်ကိရိယာထိန်းချုပ်ရန်၊ Dwell Control အားအဖွင့် သို့မဟုတ် အပိတ်ပြုလုပ်ပါ။ ပုံသေစိုက်ကြည့်လုပ်ဆောင်ချက်နှင့် စိုက်ကြည့်အချိန်မှတ်မှု၏ ကြာချိန်တို့ကဲ့သို့ Dwell Control အတွက်ချိန်ညှိခြင်းများကို ချိန်ညှိရန်အတွက် မြားညွှန်းကိရိယာထိန်းချုပ်မှုကို စီမံခြင်းကိုကြည့်ပါ။
Eye Tracking မြားညွှန်ကိရိယာ၏ အရွယ်အစား သို့မဟုတ် အရောင်ကိုပြောင်းရန် Settings > Accessibility > Pointer Control ကိုသွားပါ။ iPhone ဖြင့် မောက်စ် သို့မဟုတ် မောက်စ်ပြားကို အသုံးပြုသည့်အခါ မြားညွှန်ကိရိယာပုံစံကို အလွယ်တကူမြင်ရရန် ပြောင်းလဲခြင်း ကိုကြည့်ပါ။