iPhone ရှိ Magnifier ကို အသုံးပြု၍ သင်အနီးရှိ လူအများကို ထောက်လှမ်းရှာဖွေခြင်း
သင်သည် မျက်မမြင် သို့မဟုတ် အမြင်အာရုံအားနည်းပါက သင်သည် အနီးနားရှိလူများ ရှိနေချိန်ကို သိရှိနိုင်ပြီး ၎င်းတို့သည် မည်မျှနီးကပ်နေသည်ကို ထောက်လှမ်းရှာဖွေရန် iPhone ရှိ Magnifier အက်ပ်ကို အသုံးပြုနိုင်သည်။ လူချင်းခွာ၍နေထိုင်ခြင်း သို့မဟုတ် အလှမ်းခွာ၍ လူမှုဆက်ဆံခြင်းတို့ ထိန်းထားလိုပါက ၎င်းသည် အသုံးဝင်သည်။
အရေးကြီးသော သင့်အနေနှင့် အန္တရာယ်ကြီးသော သို့မဟုတ် အရေးပေါ်အခြေအနေမျိုးတွင်လည်းကောင်း၊ ထိခိုက်နစ်နာနိုင်သော သို့မဟုတ် ဒဏ်ရာအနာတရရနိုင်သော အခြေအနေမျိုးတွင်လည်းကောင်း၊ သို့မဟုတ်ပါက လမ်းကြောင်းသွားလာခြင်းတို့တွင် Detection မုဒ်ကိုအားမကိုးပါနှင့်။ လူများအားထောက်လှမ်းရှာဖွေခြင်းကို အထောက်အကူပြုထားသော iPhone အမျိုးအစားများတွင်သာ အသုံးပြုနိုင်သည်။
သင်၏အနီးအနားရှိ လူများကိုထောက်လှမ်းရှာဖွေခြင်း
သင့် iPhone ရှိ Magnifier အက်ပ်
ကိုသွားပါ။
Detection Mode ကိုစတင်ရန်
ကိုနှိပ်ပါ။
ကို မတွေ့လျှင် သင် ၎င်းကို ထည့်နိုင်သည်။ ထိန်းချုပ်မှုများကို ကိုစိတ်ကြိုက်စီမံခြင်းကိုကြည့်ပါ။
ကို ထိပြီးထိန်းထားပါ၊ ထို့နောက် People ကို သေချာ ရွေးချယ်ထားပါ။
သင်၏ပတ်ဝန်းကျင်ရှိ တံခါးများကို နောက်ဘက်ကင်မရာဖြင့် ထောက်လှမ်းရှာဖွေရန် iPhone ကို နေရာချထားပါ။ သင့်ပတ်ဝန်းကျင်တွင် လူတစ်ဦးကို ထောက်လှမ်းမိပါက သင့်ကို အသံများ၊ ပြောဆိုမှု သို့မဟုတ် အထိအတွေ့ရွေ့လျားမှု အာရုံခံစနစ်တုံ့ပြန်ချက်တို့ဖြင့် အသိပေးပါသည်။ ပိုနီးကပ်သောလူတစ်ဦးသည် သင်ဆီလာသည့်အခါ တုံ့ပြန်ချက်အသိပေးမှု ပိုစိပ်လာပါသည်။
အသံတုံ့ပြန်ချက် သို့မဟုတ် ပြောဆိုမှုတုံ့ပြန်ချက်ကို မကြားရပါက အသံပိတ်မုဒ် ဖွင့်မထားမိစေရန် သတိပြုပါ။ အသံအတိုးအကျယ်ညှိခြင်းကိုကြည့်ပါ။
ထောက်လှမ်းမှုကို ယာယီရပ်တန့်ရန် ဖန်သားပြင်ကို လက်ချောင်းနှစ်ချောင်းဖြင့် နှစ်ချက်နှိပ်ပါ။ ထောက်လှမ်းမှုကိုပြန်စရန် လက်ချောင်းနှစ်ချောင်းဖြင့် ထပ်၍နှစ်ချက်နှိပ်ပါ။ Detection Mode ကိုရပ်တန့်ရန်
ကိုနှိပ်ပါ။
လူများကို ထောက်လှမ်းရှာဖွေရန်အတွက် ချိန်ညှိချက်များကို စိတ်ကြိုက်ပြုပြင်ခြင်း
သင့် iPhone ရှိ Magnifier အက်ပ်
ကိုသွားပါ။
ကိုနှိပ်ပါ၊ ထို့နောက် Detect ကိုနှိပ်ပါ။
People ကိုနှိပ်ပါ၊ အောက်ပါတို့မှတစ်ခုကို စိတ်ကြိုက်ပြင်ဆင်ပါ၊
ယူနစ်များ၊ မီတာ သို့မဟုတ် ပေ ကိုရွေးချယ်ခြင်း။
အသံအနိမ့်အမြင့် အကွာအဝေး၊ အသံတုံ့ပြန်မှုအတွက် အကွာအဝေးကို ချိန်ညှိရန်
သို့မဟုတ်
ကိုနှိပ်ပါ။ အဆိုပါအကွာအဝေးအတွင်း လူများကိုထောက်လှမ်းမိသည့်အခါ တုံ့ပြန်မှုအသံအနိမ့် အမြင့်သည် ပိုကျယ်လာသည်။
တုံ့ပြန်မှု၊ Labels၊ Sounds၊ Speech နှင့် Haptics တစ်ခုခုတွဲဆက်ခြင်းကို ဖွင့်ပါ။ နှုတ်ပြောအသိပေးသံကို ဖွင့်ထားပါက သင်နှင့် တစ်ဖက်လူပုဂ္ဂိုလ်ကြားအကွာအဝေးကို iPhone နှုတ်ထွက်ရွတ်ဆိုပြသည်။
တိုက်ရိုက် Magnifier မှန်ဘီလူးများသို့ ပြန်သွားရန်
ကိုနှိပ်ပါ၊ ၎င်းကို ထပ်နှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။