ကင်မရာရိုက်ကွက်ပြကိရိယာအောက်ခြေဘယ်နှင့်ညာရှိ အခြားသောစနစ်များနှင့်ဓာတ်ပုံရိုက်စနစ်ရှိကင်မရာ ဖန်သားပြင်။ ဓာတ်မီး၊ Night Mode၊ Camera Controls နှင့် Live Photo များအတွက် ခလုတ်များသည် ဖန်သားပြင်ထိပ်ဆုံးတွင် ရှိသည်။ ကင်မရာရိုက်ကူးစနစ်၏ အောက်ဘက် ဘယ်ညာတစ်လျှောက်တွင် Photo and Video Viewer ခလုတ်၊ Take Picture ခလုတ်နှင့် Camera Chooser Back Facing ခလုတ်တို့ရှိသည်။

လက်ရာအကောင်းဆုံးဓာတ်ပုံကို ရိုက်ကူးခြင်း

မည်သည့်အခြေအနေတွင်မဆိုအလွန်ကောင်းသည့်ရိုက်ချက်များရိုက်ကူးရန်သင်၏ iPhone ကိုသုံးပါ။ ရိုးရိုးဓာတ်ပုံတစ်ပုံမှစတူဒီယို-အရည်အသွေးကောင်း ပုံတူအထိ— သင်၏ iPhone ကင်မရာဖြင့်၎င်းတို့အားလုံးကိုရိုက်ကူးနိုင်သည်။

အလွန်ကောင်းမွန်သော ဓာတ်ပုံများနှင့် ဗီဒီယိုများရိုက်ကူးနည်းကို လေ့လာခြင်း

ကိုယ်ပိုင်ဖန်တီးနောက်ခံ၊ Maps နှင့် Calendar အလွယ်သုံးပုံစံများနှင့် အခြားအက်ပ်သင်္ကေတများပြထားသည့် Home ဖန်သားပြင်။

ကိုယ်ပိုင်လက်ရာများဖန်တီးခြင်း

Home ဖန်သားပြင်နောက်ခံမျက်နှာပြင်ကို နှစ်သက်သလိုပြင်ဆင်ခြင်း၊ တစ်ချက်ကြည့်ရုံဖြင့် အရေးကြီးအချက်အလက်များကို မြင်ရရန် အလွယ်သုံးပုံးစံများထည့်သွင်းခြင်း၊ သင်၏အက်ပ်များကို အစီအစဥ်တကျထားရှိခြင်း စသည်တို့ကို ပြုလုပ်ပါ။

သင်၏ iPhone Home ဖန်သားပြင်ကို ကိုယ်ပိုင်ဖန်တီးယူခြင်း

စတင်ဖုန်းခေါ်ဆိုသူအပါအဝင် ပါဝင်ဖုန်းပြောသူ ငါးယောက်ရှိသည့် အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခု။ ပါဝင်ဖုန်းပြောသူတစ်ယောက်စီသည် သီးခြားအကွက်တစ်ခုစီဖြင့်ပေါ်သည်။

အဆက်အသွယ်မပြတ်နေထိုင်ခြင်း

သူငယ်ချင်းများနှင့် မိသားစုကို နည်းလမ်းသစ်များဖြင့် ဆက်သွယ်ရန် iPhone ကိုသုံးပါ။

iPhone ဖြင့် ခင်မင်ရင်းနှီးစွာနေထိုင်ခြင်း

Health အက်ပ်ရှိ Summary ဖန်သားပြင်သည် ထိုနေ့က သင်လျှောက်လှမ်းခဲ့သော ခြေလှမ်းများအတွက် အရောင်ခြယ်ပြသထားသည်။ အထူးဖော်ပြချက်တွင် "ပြီးခဲ့သည့် 7 ရက်အတွင်း တစ်နေ့ကို ပျမ်းမျှခြေလှမ်း 10,469 လှမ်း လမ်းလျှောက်ခဲ့သည်" ဟုရေးထားသည်။ အထူးဖော်ပြချက်၏အပေါ်ရှိ ဇယားသည် ယနေ့လမ်းလျှောက်ပြီးသော စုစုပေါင်းခြေလှမ်း 5,094 လှမ်းဟုပြထားသည်။ Summary ခလုတ်သည်ဘယ်ဘက်အောက်ခြေတွင်ရှိပြီး Browse ခလုတ်သည်ညာဘက်အောက်ခြေတွင်ရှိသည်။

ကျန်းမာကြံ့ခိုင်ခြင်း

သင်၏ကျန်းမာရေးနှင့်လုပ်ဆောင်မှုပုံစံများ၊ ပုံမှန်အိပ်ချိန်စတင်ခြင်း အစရှိသည်တို့နှင့် ပတ်သက်သော အချက်အလက်များကိုခြေရာကောက်ရန် iPhone မှသင့်အားကူညီနိုင်သည်။

iPhone ကိုအသုံးပြု၍ သင်၏ကျန်းမာရေးနှင့် ကျန်းမာရေးရည်မှန်းချက်များကို ခြေရာကောက်ခြင်း

iPhone သုံးစွဲသူလမ်းညွှန်ထဲတွင် ရှာဖွေရန် စာမျက်နှာ၏ထိပ်ရှိ မာတိကာ ကို နှိပ်ပါ သို့မဟုတ် ရှာဖွေမှုကွက်လပ်တွင် စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ခုကို ရိုက်ထည့်ပါ။ Apple Books (သုံး၍ရနိုင်လျှင်) မှနေလည်း အဆိုပါလမ်းညွှန်ကိုဒေါင်းလုတ် လုပ်နိုင်သည်။

အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။