iPhone တွင် ဖုန်းခေါ်ဆိုမှု တစ်ဆင့်လွှဲပေးခြင်းနှင့် စောင့်ဆိုင်းခြင်းကို စီမံထားခြင်း
iPhone တွင် GSM ကွန်ရက်တစ်ခုမှတစ်ဆင့် cellular ဝန်ဆောင်မှုရရှိထားလျှင် ဖုန်းခေါ်ဆိုမှုတစ်ဆင့်လွှဲပေးခြင်းနှင့် စောင့်ဆိုင်းခြင်းတို့ကို အစီအစဥ်ချနိုင်သည်။
CDMA ကွန်ရက်တစ်ခုမှတစ်ဆင့် cellular ဝန်ဆောင်မှုရရှိထားပါက ၎င်းလုပ်ဆောင်မှုများကို စတင်လုပ်ဆောင်အသုံးပြုနိုင်ရန် သင်၏ ဖုန်းဝန်ဆောင်မှုပေးကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းပါ။
Settings
> Phone သို့သွားပါ။
အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊
ဖုန်းခေါ်ဆိုမှု တစ်ဆင့်လွှဲပေးရန်၊
သည် ဖုန်းခေါ်ဆိုမှုတစ်ဆင့်လွှဲပေးခြင်းကိုဖွင့်ထားလျှင် အခြေအနေပြဘား တွင်ပေါ်နေမည်။ ဖုန်းခေါ်ဆိုမှုများ တစ်ဆင့်လွှဲရန် သို့မဟုတ် တစ်ဆင့်မလွှဲရန်အား iPhone တွင်စီမံထားသည့်အခါ cellular ကွန်ရက်ဧရိယာအတွင်း ရှိနေရမည်။
ဆင်းမ်ကတ်နှစ်ကတ်သုံးအမျိုးအစားများတွင် ဖုန်းလိုင်းတစ်ခုကိုရွေးချယ်ပါ။
ဖုန်းခေါ်ဆိုမှု စောင့်ဆိုင်းခြင်း၊ သင်သည် ဖုန်းပြောဆိုနေဆဲဖြစ်နေပြီး ခေါ်ဆိုမှုစောင့်ဆိုင်းခြင်းသည် ပိတ်ထားမိလျှင် ဖုန်းအဝင်ခေါ်ဆိုမှုများသည် voicemail သို့တိုက်ရိုက်သွားသည်။
Dual SIM ပါရှိသော မော်ဒယ်များတွင်၊ လိုင်းတစ်လိုင်းတည်းမှ အဝင်ခေါ်ဆိုမှုများအတွက်သာ ဖုန်းခေါ်မှုစောင့်ဆိုင်းခြင်းပြုလုပ်သည်၊ သို့မဟုတ်ပါကအခြားလိုင်းတွင်လုပ်ဆောင်သည့်Wi-Fi ခေါ်ဆိုမှုရှိပြီးအင်တာနက်ဆက်သွယ်ချက်ရနိုင်သည်။ iPhone ရှိ cellular ဝန်ဆောင်မှုကို စီမံလုပ်ဆောင်ခြင်း ကိုကြည့်ပါ။
ဖုန်းလိုင်းမအားခြင်း (သို့မဟုတ်) ဆက်သွယ်မှုဧရိယာပြင်ပတွင် ရောက်ရှိနေချိန်တွင် ခြွင်းချက်အရဖုန်းခေါ်ဆိုမှုတစ်ဆင့်လွှဲပြောင်းပြေးခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို (သင့်ဖုန်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှပံ့ပိုးပေးထားလျှင်) သင်၏ဖုန်းဝန်ဆောင်မှုပေးသည့်ကုမ္ပဏီသို့ ဆက်သွယ်ပါ။