iPhone ထိတွေ့မှုချိန်ညှိချက်များကို ညှိခြင်း
ဖန်သားပြင်ထိတွေ့မှု သို့မဟုတ် ခလုတ်များကိုသုံး၍အခက်အခဲဖြစ်ပါက၊ သင့်ထိတွေ့မှုအပေါ် iPhone မှ တုံ့ပြန်ပုံကို ပြောင်းနိုင်သည်။
Reachability ကိုဖွင့်၍သုံးခြင်း
Reachability ကို အထောက်အပံ့ပေးသည့် iPhone တစ်လုံးကို ဒေါင်လိုက်ပုံစံဖြင့် သုံးသည့်အခါ ဖန်သားပြင်ထိပ်ဆုံးရှိ အမျိုးအစားများကို ဖန်သားပြင်၏ အောက်ခြေတစ်ဝက်လောက်အထိ ဆွဲချနိုင်သည်။

Settings
> Accessibility > Touch သို့သွားပါ၊ ထို့နောက် Reachability ကိုဖွင့်ပါ။
ဖန်သားပြင်ထိပ်ပိုင်းကို အလှမ်းမီသည့်နေရာသို့ ရွှေ့လာရန် အောက်ပါတို့ကို လုပ်ဆောင်ပါ၊
Face ID ပါဝင်သည့် iPhone တစ်လုံးတွင်၊ ဖန်သားပြင်၏အောက်ခြေအစွန်းပေါ်သို့ ရွှေ့လာပါ။
Home ခလုတ်ပါဝင်သည့် iPhone တစ်လုံးတွင်၊ Home ခလုတ်ကိုခပ်ဖွဖွနှစ်ကြိမ်ဆက်နှိပ်ပါ။
ဖန်သားပြင်ကိုပြန်ချိန်ရန်၊ ဖန်သားပြင်ထိပ်ကိုနှိပ်ပါ။
Haptic Touch ချိန်ညှိမှုများကိုညှိခြင်း
ထိ၍ထိန်းထားသည့် လက်ဟန်များအတွက် လိုအပ်သောအချိန်ကို ချိန်ညှိနိုင်သည်။
Settings
> Accessibility > Touch > Haptic Touch သို့သွား၍ Fast သို့မဟုတ် Slow ကိုရွေးချယ်ပါ။
ဖန်သားပြင်အောက်ခြေရှိ ပုံရိပ်ပေါ်ရှိ သင်၏ချိန်ညှိမှုအသစ်များကို စမ်းသပ်ကြည့်ပါ။
3D Touch ချိန်ညှိမှုများကိုညှိခြင်း
3D Touch ပါရှိသည့်iPhone တွင် 3D Touch ကိုအလုပ်လုပ်ဆောင်စေရန် လိုအပ်သော လက်ဖိအားကိုထိန်းချုပ်နိုင်သည်။
Settings
> Accessibility > Touch > 3D & Haptic Touch သို့သွားကာ အောက်ပါတို့မှ နှစ်သက်ရာကိုချိန်ညှိပါ၊
3D Touch၊ ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
3D Touch တုံ့ပြန်မှု၊ 3D Touch ကိုအလုပ်လုပ်ဆောင်စေဖို့ လိုအပ်သည့် လက်ဖိအားပမာဏကိုညှိရန်—Light, Medium သို့မဟုတ် Firm တို့ကိုရွေးချယ်ပါ။
ထိတွေ့မှုအတွက်ကြာချိန်၊ အကြောင်းအရာကို ကြိုတင်ကြည့်ရှုခြင်းများ၊ လုပ်ဆောင်မှုများနှင့် ဆက်စပ်အကြောင်းအရာဆိုင်ရာစာရင်းများကို ပြသရန် ကြာချိန်ကို—Fast သို့မဟုတ် Slow ကိုရွေးပါ။
ဖန်သားပြင်အောက်ခြေရှိ ပုံရိပ်ပေါ်ရှိ သင်၏ချိန်ညှိမှုအသစ်များကို စမ်းသပ်ကြည့်ပါ။
ထိတွေ့ခလုတ်များကိုသုံးခြင်း
Settings
> Accessibility > Touch > Touch Accommodations သို့သွားပါ။
အောက်ပါတို့မှနှစ်သက်ရာတစ်ခုကိုလုပ်ရန် iPhone ကိုသီးသန့်စီစဉ်ထားရှိနိုင်သည်၊
သေချာသည့်ကာလတစ်ခု၏ထိတွေ့မှုများကိုတုံ့ပြန်ခြင်း၊ Hold Duration ကိုဖွင့်ပါ၊ ထို့နောက်
သို့မဟုတ်
ကိုယင်းကာလကိုညှိရန်နှိပ်ပါ (ပုံမှန်သည် 0.10 စက္ကန့်ဖြစ်သည်)။
သတ်မှတ်ထားသည့်ရပ်ထားသောကာလအတွက်စောင့်ဆိုင်းခြင်းမရှိဘဲလက်ဟန်များရွှေ့ခြင်းကိုလုပ်ဆောင်ရန်၊ Swipe Gestures ကိုနှိပ်ပါ၊ ထို့နောက် Swipe Gesture ကိုဖွင့်ပါ။ လက်ဟန်ရွှေ့ခြင်းမစတင်မီ လိုအပ်သည့်လှုပ်ရှားမှုပမာဏကို ရွေးချယ်နိုင်သည်။
အမျိုးမျိုးသောထိတွေ့မှုများကိုလျစ်လျူရှုခြင်း၊ Ignore Repeat ကိုဖွင့်ပါ၊ ထို့နောက်အမျိုးမျိုးထိတွေ့မှုများကြားခွင့်ပြုထားသောအချိန်ပမာဏကို ချိန်ညှိရန်
သို့မဟုတ်
ကို နှိပ်ပါ။ ထို့နောက် သင်သည် ဖန်သားပြင်ကို ကြိမ်ဖန်များစွာခပ်မြန်မြန်နှိပ်ပါက iPhone သည် ၎င်းထိတွေ့မှုများကို တစ်ခုတည်းအဖြစ်မှတ်ယူသည်။
သင်ထိလိုက်သည့်ပထမဆုံး သို့မဟုတ် နောက်ဆုံးနေရာသို့တုံ့ပြန်ခြင်း၊ Use Initial Touch Location သို့မဟုတ် Use Final Touch Location ကိုရွေးချယ်ပါ။
Use Initial Touch Location ကို ရွေးချယ်လိုက်ပါက iPhone သည် သင် ပထမဆုံးနှိပ်လိုက်သည့် နေရာကို အသုံးပြုသွားမည်ဖြစ်ပြီး—ဥပမာ၊ သင်သည် Home ဖန်သားပြင်ရှိ အက်ပ်တစ်ခုကို နှိပ်လိုက်လျှင်။ Use Final Touch Location ကိုရွေးချယ်ပါက iPhone သည် သင် လက်ချောင်း မ လိုက်သည့် ထိတွေ့မှုကို မှတ်သွားသည်။ iPhone သည် သတ်မှတ်အချိန်ကာလတစ်ခုအတွင်း သင် လက်ချောင်းကို မ လိုက်သည့်အချိန် ထိတွေ့မှုတစ်ခုကို တုံ့ပြန်သည်။ ၎င်းအချိန်ကို ချိန်ညှိရန်
သို့မဟုတ်
ကို နှိပ်ပါ။ လက်ဟန်ကို လိုသည်ထက်ပိုကြာကြာ စောင့်းဆိုင်းထားပါက သင့်စက်ပစ္စည်းသည် ပွတ်ဆွဲခြင်းလက်ဟန်များကဲ့သို့ အခြားလက်ဟန်အမူအရာများကိုလည်း တုံ့ပြန်နိုင်သည်။
Tap to Wake ကိုပိတ်ခြင်း
Settings > Accessibility > Touch သို့သွားပါ၊ ထို့နောက် Tap to Wake ကိုပိတ်ပါ။
Shake to Undo ကိုပိတ်ခြင်း
iPhone ကိုမတော်တဆလှုပ်ခါမိသည်ဆိုလျှင် Settings > Accessibility > Touch သို့သွား၍ Shake to Undo ကိုပိတ်ပါ။
တုန်ခါမှုများကိုပိတ်ခြင်း
အရေးပေါ်အချက်ပေးခြင်းများအတွက် အပါအဝင် တုန်ခါမှုများကို တားဆီးရန် Settings > Accessibility > Touch သို့သွား၍ Vibration ကိုပိတ်ပါ။
အသံခေါ်ဆိုမှုလမ်းကြောင်း
ဖုန်းဝင်သံ သို့မဟုတ် ဖုန်းခေါ်သံ သို့မဟုတ် FaceTime ခေါ်ဆိုသံကို သင်၏ headphones၊ စပီကာ သို့မဟုတ် နားကြပ်များသို့ပို့ပေးနိုင်သည်။
Settings
> Accessibility > Touch > Call Audio Routing သို့သွားပါ။
ခေါ်ဆိုမှုများအတွက် အသံဖိုင်ထားရှိမည့်နေရာကိုရွေးချယ်ပါ။
iPhone တွင် အလိုအလျောက်ဖုန်းဖြေကြားမှုထားရှိရန် Auto-Answer Calls ကို နှိပ်ပါ၊ Auto-Answer Calls ကို ဖွင့်ပါ၊ ထို့နောက် ဖုန်းဖြေကြားခြင်းမပြုမီ အချိန်ကိုသတ်မှတ်ရန်အတွက်
သို့မဟုတ်
ကို နှိပ်ပါ။
ဖုန်းခေါ်ဆိုနေစဉ်အတွင်း၊ သင့်နားမှနားကြပ်ကိုဖြုတ်လိုက်လျှင် အသံလမ်းကြောင်းကို သင့်နားကြပ်မှ iPhone စပီကာသို့ ပြောင်းလဲနိုင်သည်။ iPhone ဖြင့် နားကြားကိရိယာများကို အသုံးပြုခြင်း ကိုကြည့်ပါ။
လုပ်ဆောင်ချက်များကို လုပ်ဆောင်စေရန် iPhone ၏ ကျောဘက်ကိုနှိပ်ပါ
အပေါ်အောက်ရွှေ့ရန်၊ ဖန်သားပြင်ပုံရိပ်တစ်ပုံရိုက်ကူးရန်၊ Control Center ဖွင့်ရန်၊ Shortcuts အက်ပ်တွင် အလွယ်သုံးပုံစံတစ်ခုကို အလုပ်လုပ်ဆောင်စေရန် သို့မဟုတ် အသုံးပြုရလွယ်ကူသည့်အင်္ဂါရပ်တစ်ခုကို ဖွင့်ရန် စသည့် သီးခြားလုပ်ဆောင်မှုများကို လုပ်ဆောင်စေရန်၊ iPhone ၏ကျောဘက်ကို နှစ်ကြိမ်ဆက် သို့မဟုတ် သုံးကြိမ်ဆက်နှိပ်နိုင်သည်။
Settings
> Accessibility > Touch > Back Tap သို့သွားပါ။
Double Tap သို့မဟုတ် Triple Tap ကိုရွေးချယ်၍ လုပ်ဆောင်မှုတစ်ခုကိုရွေးချယ်ပါ။